ကူမင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်ကို အောက်တိုဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်ဟုန်မြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပွဲတော်တွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသမှ တရုတ်နိုင်ငံနှင့် ပြည်ပ အနုပညာရှင်များ တစ်နေရာတည်းတွင် စုစည်း၍ ယဉ်ကျေးမှုအနုပညာကို ချိတ်ဆက်၍ ချစ်ကြည်ရေး ဖလှယ်မှုများကို မြှင့်တင်ခဲ့သည်။
ထိုနေ့ညပိုင်းတွင် ကျင်ဟုန်မြို့ မန့်ချင်းတော်ဝင်ဥယျာဉ် ပြဇာတ်ရုံတွင် အဆိုအကများဖြင့် စည်ကားလျက်ရှိသည်။ “တစ်မြစ်တည်းရေ တူစုံသောက်သုံးကြသည့် မိသားစုများ” အကြောင်းအရာဖြင့် ကျင်းပသော ဖွင့်ပွဲအခမ်းအနား ပဒေသာဖျော်ဖြေပွဲတွင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံအသီးသီးမှ ထူးခြားချက်ရှိသော အစီအစဉ်များ ဆက်တိုက်တင်ဆက်ကပြခဲ့သည်။
လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ယဉ်ကျေးမှုအနုပညာပွဲတော်သည် ၁၉၉၂ ခုနှစ်တွင် စတင်ဖန်တီးခဲ့သော “လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ နယ်စပ်ဒေသ ယဉ်ကျေးမှုအနုပညာပွဲတော်” မှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် လက်ရှိအမည်အဖြစ် တရားဝင် ပြောင်းလဲအသုံးပြုခဲ့သည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ တိုးတက်လာပြီးနောက် အနုပညာပွဲတော်သည် မြစ်ဝှမ်းဒေသနိုင်ငံအသီးသီးက အမျိုးစုံလင်သော ယဉ်ကျေးမှုများကို တင်ဆက်ပြသခြင်း၊ ယဉ်ကျေးမှုအပြန်အလှန် လေ့လာသင်ယူမှု မြှင့်တင်ခြင်း၊ အရပ်ဘက်ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခြင်းအတွက် အရေးကြီးစင်မြင့်အဖြစ် တစ်ဆင့်ချင်း တိုးတက်လာပြီဖြစ်သည်။ (Xinhua)
---------------------
(Chinese Version)
第十四届澜沧江·湄公河流域国家文化艺术节开幕
【解说】第十四届澜沧江·湄公河流域国家文化艺术节28日在云南省西双版纳傣族自治州景洪市开幕。来自澜湄流域的中外艺术家以文化艺术为纽带,共叙友谊、共促交流。
当晚,景洪市曼听御花园剧场歌舞欢腾。以“共饮一江水·同为一家人”为主题的开幕式文艺晚会上,澜湄流域各国特色节目轮番上演。
澜沧江·湄公河流域国家文化艺术节源于1992年创办的“澜沧江·湄公河流域六国边境地区文化艺术节”,2011年正式更名。经过30多年发展,艺术节已成为流域各国展示多元文化、促进文明互鉴、增进民间友谊的重要平台。
新华社记者孙敏 云南西双版纳报道。(完)








