ရှင်းကျန်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟားမိမြို့တွင် စွမ်းအင်ထုတ်လုပ်နိုင်မှုပမာဏ ၁,၅၀၀ မဂ္ဂါဝပ်ရှိသည့် ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်နှင့်အပူစွမ်းအင်သိုလှောင်မှုစနစ်အား ပေါင်းစပ်ထားသည့်စီမံကိန်းတစ်ခုကို တည်ဆောက်လျက်ရှိသည်။
အရည်ပျော်ဆားကိုအသုံးပြုသည့် အပူစွမ်းအင်သိုလှောင်မှုစနစ်နှင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုကို ပေါင်းစပ်ထားသည့်ယင်းစီမံကိန်းသည် လုပ်ငန်းအပြည့်အဝစတင်လည်ပတ်သည့်အချိန်တွင် ပိုမိုတည်ငြိမ်သည့် အစိမ်းရောင် စွမ်းအင်ကိုပံ့ပိုးပေးနိုင်မည်ဖြစ်သလို တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် ၂.၂၆ သန်းခန့် လျှော့ချပေးနိုင်မည်ဖြစ်သည်။ (Xinhua)
..........................
(English version)
China's 1,500 MW solar thermal storage project takes shape in Xinjiang
China is building the world's largest single-phase integrated solar power and thermal storage project in Hami, Xinjiang, with a capacity of 1,500 MW.
Combining solar power generation with molten salt heat storage, the project will provide more stable green electricity and cut CO2 emissions by about 2.26 million tonnes annually once fully operational.








