
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအား လူ့အခွင့်အရေးကိုအကြောင်းပြ၍ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေခြင်းနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပိတ်ပင်မှုပြုလုပ်နေခြင်းများအား ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ရှင်းကျန်းဒေသတွင် အတင်းအကျပ်လုပ်အားပေးခိုင်းစေမှုရှိသည်ဟု စွပ်စွဲကာ အမေရိကန်ဘက်က တရုတ်ကုမ္ပဏီအချို့ကို စီးပွားရေးလုပ်ငန်းများ ပိတ်ဆို့မည့်စာရင်းတွင် ထည့်သွင်းခဲ့သည့်ကိစ္စရပ်နှင့်ပတ်သက်၍ နေ့စဥ်ပုံမှန်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလာမှုအား ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများနှင့်အကျိုးစီးပွားများကို ခိုင်မာပြတ်သားစွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တရုတ်နိုင်ငံက လိုအပ်သောအစီအမံများကို ဆောင်ရွက်သွားမည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
...........................................
(English version)
China urges U.S. to stop interfering in internal affairs under guise of human rights: spokesperson
BEIJING, Oct. 29 (Xinhua) -- China urges the United States to stop interfering in China's internal affairs and containing China's development under the guise of human rights, a Chinese foreign ministry spokesperson said on Thursday.
Spokesperson Guo Jiakun made the remarks at a daily news briefing when asked to comment on the U.S. move to place several Chinese companies on a list of businesses over the so-called "forced labor" in Xinjiang.
China will take necessary measures to resolutely safeguard the legitimate rights and interests of Chinese enterprises, the spokesperson said. ■








