
ရှီကျားကျွမ်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ လူထိုင်မြို့နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် စက်ဘီးလုပ်ငန်း အဆင့်မြှင့်တင်ခြင်းကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီလုပ်ငန်းများအား အစိတ်အပိုင်းတစ်ခုတည်းကိုသာ မှာယူမှုအပေါ် အခြေခံ၍ ထုတ်လုပ်ခြင်း (OEM) မှသည် စက်ဘီးတစ်စီးလုံးအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေး၊ ထုတ်လုပ်မှုအထိ တိုးချဲ့လုပ်ဆောင်ရန် လမ်းညွှန်ပေးလျက်ရှိသည်။
“အစိတ်အပိုင်း + စက်ဘီးတစ်စီးလုံး + ကုန်အမှတ်တံဆိပ်” ဟူသော ထုတ်လုပ်မှုကွင်းဆက်ကို ပြည့်စုံကောင်းမွန်စေပြီး စက်ဘီးလုပ်ငန်းအခြေစိုက်စခန်း တည်ဆောက်ရန် စွမ်းပကားစိုက်ထုတ်ကာ ဒေသတွင်းစီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက်ရှိသည်။ လက်ရှိတွင် အဆိုပါဇုန်အတွင်း စက်ဘီးတစ်စီးလုံး၊ စက်ဘီးအစိတ်အပိုင်းနှင့် လျှပ်စစ်စက်ဘီးမော်တာ စသည့် ထုတ်လုပ်မှု ကုမ္ပဏီလုပ်ငန်း ၅၅ ခု ရှိကြောင်း သိရသည်။ (Xinhua)
...........................
(Chinese Version)
河北芦台:打造自行车产业基地 助推区域经济发展
新华社照片,石家庄,2026年10月29日
近年来,河北省唐山市芦台经济开发区持续推动自行车产业提档升级,引导企业由单一零部件代工向整车研发、制造延伸,完善“零部件+整车+品牌”的产业链,着力打造自行车产业基地,助推区域经济高质量发展。据介绍,目前该区自行车整车、自行车零部件、电动自行车电机等生产企业有55家。
图说1:10月28日,工人在唐山市芦台经济开发区一家自行车企业的生产车间工作。新华社记者 杨世尧 摄
图说2:10月28日,工人在唐山市芦台经济开发区一家自行车配件企业的生产车间工作。新华社记者 杨世尧 摄








