ကျီနန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျီနန်မြို့တွင် လူပုံစံတူစက်ရုပ် အရေအတွက် စုစုပေါင်း ၁၁၀ ပါဝင်သည့် ကပြဖျော်ဖြေပွဲတစ်ခုကို အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့သည်။  အဆိုပါ ကပြဖျော်ဖြေမှုသည် ငါးမိနစ်ကျော် ကြာမြင့်ခဲ့ပြီး  လူသားတို့၏ တိုက်ရိုက် ထိန်းချုပ်မှုမပါဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လူပုံစံတူစက်ရုပ်များစွာ တစ်ပြိုင်နက်တည်း အတူတကွ ကပြဖျော်ဖြေတင်ဆက်သည့် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်။ (Xinhua)

……………………………………..

(English Version)

110 humanoid robots set dance world record

A total of 110 humanoid robots put on a dance show on Oct. 24 in Jinan, east China's Shandong Province. The performance lasted over five minutes and involved no real-time human control, setting a Guinness World Record for the most humanoid robots dancing simultaneously.