
မော်စကို၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ပါတီစည်းမျဉ်းစည်းကမ်း ခိုင်မာအားကောင်းရေးနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံရေးအတွက် ကြိုးပမ်းအားထုတ်မှုများက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများအတွက် အဖိုးတန် အသိအမြင်များ ပေးစွမ်းနိုင်ကြောင်း ရုရှားဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီ (CPRF) ဒုတိယဥက္ကဋ္ဌ ဒီမီထရီ နိုဗီကော့ဗ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
CPC ၏ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ပေကျင်းမြို့တွင် အောက်တိုဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ပါတီ၏ ဘက်ပေါင်းစုံမှ တင်းကျပ်သော စီမံခန့်ခွဲမှု ခိုင်မာအားကောင်းစေရန် မဆုတ်မနစ်ကြိုးပမ်းလုပ်ဆောင်ရေး ဆုံးဖြတ်ချက်မူကြမ်း အပါအဝင် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ရန် တင်သွင်းခဲ့သည်။
CPC သည် ပြည်သူများ၏ အကျိုးစီးပွားကိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရုရှားနိုင်ငံ ဒူးမားလွှတ်တော် နိုင်ငံတကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ နှင့် ရုရှားဖက်ဒရေးရှင်း ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ နိုဗီကော့ဗ်က ပြောကြားခဲ့သည်။ ထိုသို့သောနောက်ခံအခြေအနေ၌ CPC ၏ ကိုယ်တိုင်ပြုပြင်ပြောင်းလဲခြင်း အလေ့အထမှာ အထူးဂရုပြုဖွယ်ဖြစ်ပြီး တူညီသော ဦးတည်ချက်ပန်းတိုင်များရှိနေသည့် နိုင်ငံရေးပါတီများအတွက် အဖိုးတန်စံနမူနာတစ်ခု ပေးစွမ်းလျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
"စည်းကမ်းပြည့်ဝတဲ့ ပါတီတစ်ရပ်ဟာ ခိုင်မာအားကောင်းပြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတွင်းပိုင်းသဘောထားကွဲလွဲမှုတွေကြောင့် ပြိုကွဲမသွားဘဲ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ရှိနေတယ်ဆိုတဲ့ အနက်အဓိပ္ပာယ်ပါပဲ။ ဒါဟာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေက ပြည်သူအားလုံးအတွက် မျှော်လင့်ချက်နဲ့ ကိုးကားစရာ စံနမူနာတစ်ခုပါပဲ" ဟု နိုဗီကော့ဗ်က ဆိုသည်။
CPC ၏ မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲရေးအတွက် အလေးထားဆောင်ရွက်မှုက မလိုလားအပ်သည့် အလေ့အထများကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို စောစီးစွာ ဖြေရှင်းပေးနိုင်သဖြင့် များစွာအရေးပါကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကိုယ်တိုင်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်းနှင့် ပါတီတွင်း စီမံကြီးကြပ်မှု ခိုင်မာအားကောင်းရေးသည် CPC အတွက် အဆုံးသတ်ပန်းတိုင်တစ်ခု မဟုတ်ကြောင်း နိုဗီကော့ဗ်က အလေးအနက်ပြောကြားခဲ့သည်။ ထို့အတူ ပါတီ၏အဓိကတာဝန်မှာ စီမံခန့်ခွဲမှုနှင့် လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးအားကောင်းစေပြီး အစိုးရအဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်မှု ပိုမိုခိုင်မာစေရန်လည်းဖြစ်သည်။
"တိုင်းပြည်အာဏာကို ကိုယ်ကျိုးစီးပွား ဒါမှမဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ ပြည်သူ့အကျိုးအတွက် အသုံးပြုရမှာပါ။ CPC ရဲ့ အတွေ့အကြုံဟာ သမိုင်းဝင် အရေးပါမှုရှိတယ်ဆိုတာ အသေအချာပါပဲ။ လုပ်သားပြည်သူတွေကို ကိုယ်စားပြုပါတယ်လို့ ကြွေးကြော်ထားတဲ့ နိုင်ငံရေးပါတီအားလုံးဟာ တရုတ်ကွန်မြူနစ်ပါတီဝင်တွေရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကို လေ့လာပြီး မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံအခြေအနေနဲ့ လျော်ညီစွာ အသုံးချရမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261029/baeb9094a5e345de89f0e4fc1ba55b92/c.html
..................................
(English Version)
CPC's discipline efforts offer reference for world, says Russian communist party leader
MOSCOW, Oct. 29 (Xinhua) -- The efforts of the Communist Party of China (CPC) to strengthen Party discipline and improve governance offer valuable insights for political parties around the world, Dmitry Novikov, deputy chairman of the Communist Party of the Russian Federation (CPRF), told Xinhua.
The fifth plenary session of the 20th Central Committee of the CPC opened in Beijing on Monday, with a draft decision on some major issues concerning strengthening full and rigorous Party self-governance with perseverance for consideration.
Novikov, also first deputy chairman of the Russian State Duma Committee on International Affairs and deputy chairman of the Central Committee of the Communist Party of the Russian Federation, said the CPC strives to advance the interests of the people. Against this backdrop, the CPC's practice of self-reform merits close attention and offers a valuable reference for political parties with similar goals, he said.
"A disciplined Party means a strong, rapidly developing country and a cohesive society that is not torn apart by internal divisions. It means hope and a point of reference for all the peoples of the Global South," Novikov said.
He added that the CPC's emphasis on self-reform carries great significance, as it enables the Party to root out undesirable practices and address potential risks at an early stage.
Novikov stressed that strengthening self-discipline and internal oversight is not an end in itself for the CPC. Rather, the Party's fundamental task is to strengthen ties between governance and society, thereby consolidating public trust in state institutions.
"Power must be exercised to serve the people, rather than for personal gain or corporate interests. The CPC's experience is undoubtedly of historical importance. All political parties that claim to represent working people must study the practices of Chinese communists and adapt them to their respective national conditions," he said.
https://english.news.cn/20261029/baeb9094a5e345de89f0e4fc1ba55b92/c.html
Photo caption: This photo taken on March 11, 2026 shows the Great Hall of the People, the venue for the closing meeting of the fourth session of the 14th National Committee of the Chinese People's Political Consultative Conference (CPPCC), in Beijing, capital of China. (Xinhua/Wang Xi)








