
ကိုလံဘို၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၉ လပတ်တာကာလအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂.၂၄၅ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပမာဏသည် ၂၀၂၅ ခုနှစ် အလားတူကာလအတွင်း မှတ်တမ်းတင်ဝင်ငွေရရှိခဲ့သည့် ဒေါ်လာ၂.၄၇၃ ဘီလီယံထက် ပမာဏအနည်းငယ်လျော့နည်းကြောင်း ဗဟိုဘဏ်က ဖော်ပြထားသည်။
စက်တင်ဘာလ တစ်လတည်း၌ပင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၅.၆ သန်းရခဲ့ပြီး ယင်းပမာဏမှာ ယမန်နှစ် စက်တင်ဘာလက ရရှိခဲ့သည့် ဒေါ်လာ ၁၈၂.၉ သန်းထက် ပိုမိုများပြားခဲ့သည်ဟု ဆိုသည်။
ယခု ၂၀၂၆ နှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ သီရိလင်္ကာနိုင်ငံသို့ ခရီးသွားဧည့်သည် ၁,၆၉၃,၆၇၉ ဦး ဝင်ရောက်ခဲ့ပြီး ယင်းကာလအတွင်း အဆိုပါခရီးသွားလုပ်ငန်းဝင်ငွေများ ရရှိခဲ့ခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်းမှာ သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားငွေရရှိစေသည့် အဓိကအရင်းအမြစ်များအနက်မှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
..............................................
(English version)
Sri Lanka earns over 2.2 bln USD from tourism in first 9 months of 2026
COLOMBO, Oct. 19 (Xinhua)
Sri Lanka earned 2.245 billion U.S. dollars from tourism during the first nine months of 2026, according to data released by the Central Bank of Sri Lanka.
The figure was slightly lower than the 2.473 billion dollars recorded during the corresponding period of 2025, the central bank said.
Tourism earnings in September alone reached 185.6 million dollars, up from 182.9 million dollars in September last year.
Sri Lanka received 1,693,679 tourists from January to September this year, generating the reported tourism revenue during the period.
Tourism remains one of Sri Lanka's key sources of foreign exchange and has played an important role in supporting the country's economic recovery. ■
Photo caption: This photo taken on Jan. 10, 2025 shows a view of the Port City Colombo in Sri Lanka. (Photo by Gayan Sameera/Xinhua)








