
ဘာလင်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဒက်ကလန်ရိုက်စ်၏ ပွဲပြီးခါနီး နောက်ကျသွင်းဂိုးကြောင့် အာဆင်နယ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အနေဖြင့် ၎င်း၏ဦးဆောင်မှုကို ထိန်းထားနိုင်ခဲ့ခြင်းမရှိပေ။
အာဆင်နယ်က ပွဲချိန်အစောပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သော်လည်း ပွဲချိန် ၁၀ မိနစ်အတွင်းမှာပင် ဘူကာယို ဆာကာ ဒဏ်ရာရရှိသွားခဲ့သဖြင့် အီဘာရီချီ အက်ဇေးနှင့် လူစားလဲခဲ့ရသည်။
ပွဲချိန် ၂၁ မိနစ်တွင် ဘိုင်ယန်မြူးနစ်က တန်ပြန်တိုက်စစ်မှတစ်ဆင့် အပိုင်အခွင့်အရေးတစ်ရပ် စတင်ဖန်တီးနိုင်ခဲ့ပြီး ဆာ့ဂျ် နာဘရီ ဂိုးဧရိယာထဲသို့ ဆွဲဝင်ကာ ကန်သွင်းခဲ့သော်လည်း အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာ ကာကွယ်နိုင်ခဲ့သည်။
ထို့နောက် မကြာမီမှာပင် အာဆင်နယ်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ မာတင် အိုဒီဂတ်၏အဝေးဘောပေးပို့မှုကို လူစားဝင်ကစားသမား အက်ဇေး ရယူပြီး ဂိုးသမား မာနူအယ်လ် နော်ယာကိုကျော်၍ ကန်သွင်းကာ ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့သော် ပွဲချိန် ၃၅ မိနစ်တွင် ဟယ်ရီကိန်းက ဘိုင်ယန်အသင်းအတွက် ချေပဂိုးကို ဖန်တီးပေးခဲ့ပြီး ၎င်း၏ အနေတော်မျှောထိုးပေးမှုကို ဘယ်ခြမ်းမှ အလိုက်သင့်ပြေးတက်လာသည့် အယ်လ်ဖွန်ဆို ဒေးဗီးစ်က အလျင်အမြန်ပြေးဝင်ပိတ်သွင်းခဲ့ရာ ဂိုးသမားရာယာကိုကျော်၍ ဂိုးဝင်သွားခဲ့သဖြင့် ပထမပိုင်းမပြီးဆုံးမီ အိမ်ရှင်အသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်စစချင်းမှာပင် နှစ်သင်းစလုံးမှ ဂိုးသမားနှစ်ဦးမှာ ပြိုင်ဘက်၏ ဂိုးပေါက်ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ နော်ယာက ဘရူနို ဂီမာရေးစ်၏ ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့ရသလို ရာယာကလည်း ဒါယော့ အူပါမီကာနို၏ အနီးကပ်ပိတ်သွင်းမှုကို တားဆီးနိုင်ခဲ့သည်။ ထို့ပြင် အစ္စမေးလ် ဆာအီဘရီ၏ ကန်ချက်မှာလည်း ဂိုးတိုင်ဘေးမှထွက်သွားခဲ့သည်။
ပင်နယ်တီဧရိယာထဲတွင် ကိန်း၏ကန်ချက်ကို ဂျူရီယန် တင်ဘာ ဟန့်တားရင်း လက်ထိခဲ့ပြီးနောက် ဘိုင်ယန်က ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့သည်။ အဆိုပါအင်္ဂလန်တိုက်စစ်မှူးက ပွဲချိန် ၆၁ မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ရာ အိမ်ရှင်အသင်းက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဘိုင်ယန်အသင်းမှ ကွန်ရက်ဒ် လိုင်မာ ဦးဆောင်ဂိုးထပ်မံရရှိနိုင်မည့် အခွင့်အရေးကို လွဲချော်ခဲ့ပြီးနောက် အာဆင်နယ်က ပြန်လည်ဖိအားပေးကစားလာခဲ့သည်။ ပွဲချိန် ၈၂ မိနစ်တွင် လူစားဝင်ကစားသမား ဗစ်တာ ယော့ကရက်စ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ရိုက်စ်က ထောင့်ကျဉ်းအနေအထားမှ ကန်သွင်းယူခဲ့သဖြင့် အာဆင်နယ်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့သည်။
ထို့နောက် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် တင်ဘာ အနိုင်ဂိုးသွင်းယူနိုင်မည့် အခွင့်အရေးကိုလည်း နော်ယာက အကောင်းဆုံးကာကွယ်နိုင်ခဲ့သည်။
သရေရလဒ်ကြောင့် ဘိုင်ယန်အသင်းက ၃ ပွဲကစား ၅ မှတ်ဖြင့် အဆင့်-၁၄ နေရာ၌ ရပ်တည်နေပြီး အာဆင်နယ်အသင်းကမူ ယခုပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အမှတ်လျော့ခဲ့သော်လည်း ရမှတ် ၇ မှတ်ဖြင့် အဆင့် ၇ နေရာ၌ ရှုံးပွဲမရှိဘဲ ဆက်လက်ရပ်တည်နေသည်။
အခြားပွဲစဉ်များတွင် အက်စတွန်ဗီလာက ဗိုက်ကင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရမှတ် ၉ မှတ်ဖြင့် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့ကာ ဂိုးကွာခြားချက်အရ ထိပ်ဆုံးမှ ပီအက်စ်ဂျီ၏နောက်တွင် ရပ်တည်နေသည်။ ရီးရဲလ်မက်ဒရစ်ကလည်း လိုက်ပ်ဇစ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။ ကိုမိုက မန်ချက်စတာယူနိုက်တက်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ဂါလာတာစာရေးကလည်း လိုင်လီကို အဝေးကွင်းတွင် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရသည့် အင်တာမီလန်က ရှက်ခ်တာဒိုးနက်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကလပ်ဘရုဂေးက လန်းစ်ကို ၃-၀ ဂိုး၊ ရီးရဲလ်ဘက်တစ်က ဖီယင်နုကို ၁-၀ ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။ လက်စ်ခ်ကလည်း စပို့တင်းလစ္စဘွန်းကို အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)




..................................
(English Version)
Rice rescues Arsenal draw as Bayern surrender late lead
BERLIN, Oct. 21 (Xinhua) -- Bayern Munich and Arsenal drew 2-2 in the Champions League on Wednesday after Declan Rice struck late to deny the German side victory.
Arsenal dominated possession early but lost Bukayo Saka to injury inside 10 minutes, with Eberechi Eze replacing him.
Bayern created the first clear opening when Serge Gnabry broke into the area on a counterattack, only for David Raya to save his low effort in the 21st minute.
Arsenal went ahead shortly afterward. Martin Odegaard picked out Eze with a long pass, and the substitute beat Manuel Neuer to put the visitors in front.
Harry Kane then created Bayern's equalizer in the 35th minute, releasing Alphonso Davies down the left with a precise pass. The defender raced clear and finished past Raya to bring the hosts level before halftime.
Both goalkeepers were tested immediately after the restart. Neuer kept out Bruno Guimaraes' header before Raya denied Dayot Upamecano from close range. Ismael Saibari also sent an effort into the side netting.
Bayern completed the turnaround after Jurrien Timber handled Kane's shot inside the penalty area. The England striker converted the resulting penalty in the 61st minute to put the hosts 2-1 ahead.
Konrad Laimer missed a chance to extend the lead before Arsenal rallied. Substitute Viktor Gyokeres helped set up Rice, who finished from a tight angle in the 82nd minute to restore parity.
Neuer then prevented Timber from snatching a stoppage-time winner for the visitors.
The draw left Bayern 14th with five points from three matches, while Arsenal remained unbeaten in seventh with seven points after dropping points for the first time in the competition.
Elsewhere, Aston Villa moved into second place with nine points after beating Viking 3-1, trailing Paris Saint-Germain on goal difference. Real Madrid also maintained its perfect start with a 4-1 victory over Leipzig to sit fourth. Como defeated Manchester United 4-1, while Galatasaray won 4-2 at Lille. Ten-man Inter edged Shakhtar Donetsk 1-0, Club Brugge beat Lens 3-0 and Real Betis overcame Feyenoord 1-0. LASK won 3-2 at Sporting CP.
Photo caption 1: Dayot Upamecano (2nd L) of Bayern Munich heads for the ball during the UEFA Champions League match between Bayern Munich and Arsenal in Munich, Germany, on Oct. 21, 2026. (Photo by Philippe Ruiz/Xinhua)
Photo caption 2: Konrad Laimer (top) of Bayern Munich vies with Eberechi Eze of Arsenal during the UEFA Champions League match between Bayern Munich and Arsenal in Munich, Germany, on Oct. 21, 2026. (Photo by Philippe Ruiz/Xinhua)


63e3817d50fa06f784452d5d4fa2795f0658bfce.article_card.avif)





