
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်သွားခဲ့သဖြင့် ယခင်ဘဏ္ဍာရေးနှစ်တွင် ပနားမားတူးမြောင်း၏ ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏသည် သမိုင်းဝင် အမြင့်ဆုံးစံချိန်သစ် တင်ခဲ့သည်ဟု ပနားမားတူးမြောင်း စီမံခန့်ခွဲရေးအဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွင်း သင်္ဘောအစင်းရေ ၁၄,၀၀၀ နီးပါးသည် ပနားမားတူးမြောင်းမှတစ်ဆင့် ကုန်စည်များ သယ်ယူပို့ဆောင်ခဲ့ပြီး ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏသည် တန်ချိန် ၅၂၁ သန်းအထိ ရောက်ရှိခဲ့သည်ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။ ယင်းမတိုင်မီ တူးမြောင်း၏ ကုန်စည်သယ်ယူပို့ဆောင်မှု အမြင့်ဆုံးစံချိန်မှာ ၂၀၂၂ ဘဏ္ဍာရေးနှစ်၏ တန်ချိန် ၅၁၈ သန်း ဖြစ်သည်။ ပနားမားတူးမြောင်းသည် ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏ၏ ၅ ရာခိုင်နှုန်းခန့်ကို ထမ်းဆောင်လျက်ရှိသည်။
ပနားမားတူးမြောင်း စီမံခန့်ခွဲရေးအဖွဲ့ ညွှန်ကြားရေးမှူး Ilya Espino de Marotta က ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှု အဟန့်အတားဖြစ်ပြီးနောက် ပနားမားတူးမြောင်းမှတစ်ဆင့် ဖြတ်သန်းသွားလာသော သင်္ဘောအရေအတွက် သိသိသာသာ တိုးလာခဲ့ပြီး တူးမြောင်း၏ နေ့စဉ်ဖြတ်သန်းသွားလာမှုကို သင်္ဘော ၃၆ စင်းမှ ၄၁ စင်းအထိ တိုးမြှင့်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော် မိုးရွာသွန်းမှု မလုံလောက်မှုကြောင့် မိုးခေါင်ရေရှားဖြစ်ပေါ်သဖြင့် ယခုလ အစောပိုင်းတွင် တူးမြောင်းအတွင်း နေ့စဉ်ဖြတ်သန်းသွားလာမှုကို သင်္ဘော ၃၂ စင်းအထိ လျော့နည်းခဲ့ပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေး၏ “ပင်မအသက်သွေးကြော” ဖြစ်ပြီး အဟန့်အတားမဖြစ်မီက ကမ္ဘာ့ရေနံစိမ်းနှင့် သန့်စင်ပြီးရေနံ သယ်ယူပို့ဆောင်မှု၏ ငါးပုံတစ်ပုံခန့်ကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ AFP သတင်းဌာန၏ ဖော်ပြချက်အရ ယခုနှစ်တွင် ပနားမားသည် “ပုံမှန်မဟုတ်ဘဲ ပြင်းထန်သော” အယ်လ်နီညိုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပြီး မိုးရွာသွန်းမှု မလုံလောက်သဖြင့် တူးမြောင်း လည်ပတ်ရန် အဓိကအမှီပြုနေရသည့် လူလုပ် ရေချိုကန်ကြီး နှစ်ခုတွင် ရေပမာဏ ကျဆင်းသွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ Espino က ရာသီဥတု ဆိုးရွားသော်လည်း တူးမြောင်း၏ ကုန်စည်သယ်ယူပို့ဆောင်မှုပမာဏ တိုးတက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
受中东局势影响 巴拿马运河年货运量创新高
新华社北京10月21日电 巴拿马运河管理局20日说,由于中东战事导致霍尔木兹海峡关闭,巴拿马运河上一财年的货运量创历史新高。
这一机构说,2025年10月至2026年9月这一财年内,近1.4万艘船经巴拿马运河运送货物,货运量达5.21亿吨。此前运河货运量最高纪录为2022财年的5.18亿吨。巴拿马运河承担约5%的全球海上贸易量。
巴拿马运河管理局局长伊利娅·埃斯皮诺说,霍尔木兹海峡通航受阻后,经巴拿马运河通行的船舶大幅增加,运河一度将每日通航量从36艘增至41艘。不过,由于降雨不足引发干旱,本月早些时候运河已将每日通航量降至32艘。
霍尔木兹海峡是全球能源运输“咽喉”,受阻前承担全球约五分之一的原油和成品油运输。按法新社说法,今年巴拿马遭遇“异常强烈的”厄尔尼诺现象,降雨不足,运河赖以运作的两个淡水人工湖水位下降。埃斯皮诺说,尽管气候恶劣,运河货运量仍旧增加。(李明睿)
图说:2025年12月29日,在巴拿马首都巴拿马城,货船通过巴拿马运河区域。新华社记者许咏政摄








