ဘော့ဆွာနာနိုင်ငံ ဂါဘိုရိုနီမြို့ရှိ တရုတ်သံရုံးတွင် ကျင်းပသည့် ၁၇ သုတ်မြောက်နှင့် ၁၈ သုတ်မြောက် တရုတ်ဆေးအဖွဲ့များအား နှုတ်ဆက်ပွဲနှင့် ကြိုဆိုဧည့်ခံပွဲ၌ ရှင်းလင်းပြောကြားနေသည့် ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Fan Yong ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘော့ဆွာနာနိုင်ငံ ဂါဘိုရိုနီမြို့ရှိ တရုတ်သံရုံးတွင် ကျင်းပသည့် ၁၇ သုတ်မြောက်နှင့် ၁၈ သုတ်မြောက် တရုတ်ဆေးအဖွဲ့များအား နှုတ်ဆက်ပွဲနှင့် ကြိုဆိုဧည့်ခံပွဲ၌ ရှင်းလင်းပြောကြားနေသည့် ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Fan Yong ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဘိုရိုနီ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခေါင်းဆောင်နှစ်ဦးရရှိခဲ့သည့် အရေးကြီးသောသဘောတူညီချက်များကို ဘော့ဆွာနာနိုင်ငံနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ဘော့ဆွာနာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖန့်ရုန်က အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံသို့ ဘော့ဆွာနာနိုင်ငံ သမ္မတ ဒူမာ ဂီဒီယွန် ဘိုကို၏ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်နှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သံအမတ်ကြီး ဖန့်ရုန်က ၎င်းခရီးစဉ်ကို "သမိုင်းဝင်ပြီး အထူးအောင်မြင်မှုရှိသော" ခရီးစဉ်အဖြစ် ဖော်ပြခဲ့သည်။ ၎င်းက ထိုခရီးစဉ်သည် "တရုတ်-ဘော့ဆွာနာ သံတမန်ဆက်ဆံရေး ၅၁ နှစ်မြောက် နှစ်ပတ်လည်အခါသမယတွင် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသော သမိုင်းဝင် မှတ်တိုင်သစ်ဖြစ်လာစေသည်" ဟု ဆိုသည်။

နှစ်နိုင်ငံဆက်ဆံရေးကို "ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုရှိသော မိတ်ဖက်ဆက်ဆံရေး" အဆင့်သို့ မြှင့်တင်ခြင်းနှင့် ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းတို့ အပါအဝင် ခရီးစဉ်၏ အဓိကရလဒ်များနှင့် အရေးပါပုံကို သံအမတ်ကြီးက "တိုးတက်မှုသစ်၊ မြင့်မားသောအောင်မြင်မှုအသစ်များ၊ မူဝါဒသစ်များ၊ အခွင့်အလမ်းသစ်များနှင့် တက်ကြွမှုသစ်များ" ဟု အကျဉ်းချုပ် ဖော်ပြခဲ့သည်။

နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးပွားလာစေရေးအတွက် အဆင့်မြင့် ပါတီအချင်းချင်း နီးကပ်စွာဆက်ဆံရေးကို  ဆက်လက်ထိန်းသိမ်းရန်၊ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ ဖလှယ်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သတ္တုတွင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး၊ သစ်တော၊ ရေစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများကဲ့သို့သော ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် ဖန့် က မှတ်ချက်ပြုပြောကြားခဲ့သည်။

"ဘော့ဆွာနာနိုင်ငံမှာ သတ္တုသယံဇာတတွေ ကြွယ်ဝစွာရှိပြီး သတ္တုတွင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဟာ လက်တွေ့ကျတဲ့ ထိပ်တန်းဦးစားပေးပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်" ဟု တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည့်အပြင် တရုတ်နိုင်ငံအနေဖြင့် ဘော့ဆွာနာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အဖွဲ့များကို ဆက်လက်စေလွှတ်သွားမည်ဖြစ်ပြီး လာမည့်လများအတွင်း မျက်စိအတွင်းတိမ်ရောဂါ ကုသပေးသည့် "တောက်ပသော ခရီးစဉ်" အစီအစဉ်ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးက ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ အားကစား၊ လူငယ်ရေးရာ၊ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး၊ မီဒီယာ၊ think tanks အဖွဲ့များနှင့် အပြန်အလှန် နားလည်မှု ပိုမိုတိုးပွားစေပြီး ပြည်သူအချင်းချင်းအကြား ဆက်ဆံရေး ပိုမိုရင်းနှီးလာစေမည့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားရန် ကတိပြုခဲ့ကြသည်ဟုလည်း ဖန့် က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

........................

(English Version)

China ready to implement consensus reached by two heads of state with Botswana: ambassador

GABORONE, Oct. 21 (Xinhua) -- China is ready to work with Botswana to implement the important consensus reached by the two heads of state, Chinese Ambassador to Botswana Fan Yong said here on Wednesday.

Speaking at a press briefing on Botswana President Duma Gideon Boko's first state visit to China from Oct. 12 to 17, Fan described the visit as "historical, very very successful," which "marks another important historical milestone in bilateral relations, on the occasion of the 51st anniversary of the China-Botswana diplomatic ties."

He summarized the visit's core outcomes and significance, including elevating bilateral relations to a comprehensive strategic cooperative partnership and issuing a joint statement, as "a new leap, new heights, new principles, new opportunities, and new vitality."

Fan noted that it is a new leap for political mutual trust to maintain close, high-level interparty exchanges, deepen the sharing of governance experience, and advance practical cooperation in the areas of trade and investment, mining development, science and technology, digital economy, green development, medical and health services, agriculture, forestry, water conservancy, human capital development, and people-to-people exchanges.

"Botswana is rich in mineral resources, and mining cooperation is a top priority of practical cooperation," said the Chinese ambassador, adding that China will also continue sending medical teams to Botswana and carry out the "Bright Journey" program for cataracts in the coming months.

The two sides also committed to expanding cooperation in culture, tourism, sport, youth, women's empowerment, media, think tanks and other areas that contribute to greater mutual understanding and closer people-to-people ties, said Fan. ■

Photo caption: Chinese Ambassador to Botswana Fan Yong speaks at the farewell and welcome reception for the 17th and 18th batches of the Chinese medical teams to Botswana at the Chinese embassy, in Gaborone, Botswana, July 2, 2026. (Xinhua/Guo Chunju)