တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် လီချန်က ရှေးဦးစွာ သမ္မတ ပူတင်အား သမ္မတ ရှီကျင့်ဖိန်၏ ရင်းရင်းနှီးနှီး နှုတ်ခွန်းဆက်မှုနှင့် ဆုမွန်ကောင်းတောင်းမှုကို တစ်ဆင့်ပြောကြားခဲ့သည်။

လီချန်က နိုင်ငံတကာအခြေအနေသည် အဆက်မပြတ်ရှုပ်ထွေးပြောင်းလဲနေသည့် နောက်ခံအခြေအနေ၌ တရုတ်နိုင်ငံ နှင့်ရုရှားနိုင်ငံတို့သည် အနီးကပ်ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို ထိန်းသိမ်းထားနိုင်ခြင်းသည် ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ရှားပါးအဖိုးတန်သည့် တည်ငြိမ်မှုအင်အားဖြစ်ကြောင်း၊ ယခုနှစ်အတွင်း နှစ်နိုင်ငံ အကြီးအကဲများ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီး တရုတ်-ရုရှားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်အတွက် အနာဂတ်စီမံရေးဆွဲမှုများ လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်အတူ မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မြဲစေရန်၊ ဘက်စုံထောင့်စုံ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားကို အဆက်မပြတ် တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စီးပွားရေးအရ အပြန်အလှန် အားဖြည့်ပေးသည့် အားသာချက်ကို ပိုမိုကောင်းမွန်စွာ အသုံးပြု၍ လက်ရှိနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်စွာတိုးတက်မှု အနေအထားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ စွမ်းအင်အရင်းအမြစ်၊ ကုန်သွယ်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ပိုမိုအပြုသဘောဆောင်‌သော ရလဒ်များ ရရှိရန်၊ နှစ်နိုင်ငံ အတူတကွ စည်ပင်ဝပြောမှုကို မြှင့်တင်ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း၊ နှစ်ဖက်အနေဖြင့် “တရုတ်-ရုရှား ပညာရေးနှစ်” ကို လက်တွေ့ကောင်းမွန်စွာ ကျင်းပ၍ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ အားကစား၊ လူငယ် စသည့် ပူးပေါင်းဖလှယ်မှုများကို အဆက်မပြတ် နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို စဉ်ဆက်မပြတ် မြှင့်တင်ရမည်ဖြစ်ကြောင်း လီချန်က ထောက်ပြခဲ့သည်။

လက်ရှိကမ္ဘာကြီးတွင် တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျကြီးစိုးမှုဝါဒများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်အတူ အရေးကြီးကိစ္စများတွင် ချိတ်ဆက်ညှိနှိုင်းမှုကို မြှင့်တင်ရန်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၊ BRICS စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် တွဲဖက်လုပ်ဆောင်မှုကို အနီးကပ်ဆောင်ရွက်ရန်၊ ပိုမိုများပြားသော ကမ္ဘာ့တောင်ဘက်ခြမ်းအင်အားများ စည်းလုံးညီညွတ်လာစေရန်၊ ဘုံအကျိုးစီးပွားကို ကာကွယ်ရန်၊ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပူတင်က သမ္မတ ရှီကျင့်ဖိန်ထံ အလေးအနက် နှုတ်ခွန်းဆက်မှုအား လီချန်မှတစ်ဆင့် ပြောကြားခဲ့ပြီး ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုတင်ဂုဏ်ပြုဆုမွန်ကောင်းတောင်းစကား ဆိုခဲ့သည်။

ပူတင်က ယခုနှစ်တွင် မိမိနှင့် သမ္မတ ရှီကျင့်ဖိန်သည် အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တွန်းအားပေးဖော်ဆောင်ရန်အတွက် အရေးကြီးသဘောတူညီချက် အသစ်များ ရရှိခဲ့ကြောင်း၊ ရုရှား-တရုတ် ဝန်ကြီးချုပ် ပုံမှန်တွေ့ဆုံမှုယန္တရား တည်ထောင်သည့် နှစ် ၃၀ ကာလအတွင်း အကြီးအကဲများ သံတမန်ဆက်ဆံရေး ရလဒ်ကို အလေးအနက် အကောင်အထည်ဖော်ကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု လက်တွေ့ကျနက်ရှိုင်းလာစေရန် တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှား-တရုတ်ဆက်ဆံရေးသည် တန်းတူညီမျှ၍ လေးစားသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သော၊ အပြန်အလှန် ဂရုပြုမှုများအား ထည့်သွင်းစဉ်းစားသော အခြေခံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ရာ နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများ၏ သက်ရောက်ခြင်း မခံရသလို တတိယဘက်၏ နှောင့်ယှက်မှုလည်း မရှိကြောင်း၊ တရုတ်နိုင်ငံသည် ယခင်က၊ လက်ရှိနှင့် အနာဂတ်တွင် ရုရှား၏ အရင်းအနှီးဆုံး၊ အယုံကြည်ရဆုံး မိတ်ဖက်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ရုရှားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စွမ်းအင်၊ စိုက်ပျိုးရေး၊ အာကာသ၊ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်၊ သတင်းအချက်အလက် နည်းပညာ၊ ဉာဏ်ရည်တု (AI)၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး စသည့်ကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ “ရုရှား-တရုတ် ပညာရေးနှစ်” အား အတူတကွ ကောင်းမွန်စွာ ကျင်းပပြီး လူမှုယဉ်ကျေးမှုဖလှယ်မှုကို တိုးချဲ့လိုကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ယခုနှစ်တွင် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အလွတ်သဘော အစည်းအဝေး ကြီးမှူးကျင်းပပြီး လာမည့်နှစ်တွင် BRICS ဥက္ကဋ္ဌနိုင်ငံအဖြစ် ထမ်းဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း ပူတင်က ပြောကြားခဲ့သည်။

အထက်ပါတွေ့ဆုံပွဲကို ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

李强会见俄罗斯总统普京

新华社圣彼得堡10月21日电(记者王作葵 刘畅)10月21日下午,国务院总理李强在圣彼得堡会见俄罗斯总统普京。  

李强首先转达习近平主席对普京总统的亲切问候和良好祝愿。李强表示,在国际形势持续复杂演变的背景下,中俄保持着紧密协作,是变乱交织的世界中难能可贵的稳定力量。今年以来,两国元首两度会晤,就深化中俄关系与合作作出进一步规划。中方愿同俄方加强战略沟通,夯实政治互信,拓展全方位互利合作,持续增进两国人民福祉。  

李强指出,中方愿同俄方更好发挥经济互补优势,维护当前双方合作的良好发展态势,加强能源资源、经贸投资、交通运输等务实合作,取得更多积极成果,促进两国共同繁荣。双方要扎实办好“中俄教育年”,不断深化文化、旅游、体育、青少年等交流合作,持续增进两国民众相互理解和友谊。当今世界,单边主义、霸权主义大行其道。中方愿同俄方加强在重大问题上的沟通协调,密切在上合组织、金砖国家等多边平台的配合,团结更多全球南方力量,捍卫共同利益,维护公平正义。  

普京请李强转达对习近平主席的诚挚问候,预祝中国共产党二十届五中全会成功举行。普京表示,今年我同习近平主席多次会晤,为推进俄中新时代全面战略协作伙伴关系达成新的关键共识。俄中总理定期会晤机制成立30年来,认真落实元首外交成果,推动双方合作走深走实。俄中关系建立在平等尊重、互利共赢、照顾彼此关切基础上,不受国际风云变幻影响,也不受第三方干扰。中国过去、现在和将来都是俄方最亲密、最可靠的伙伴。俄方愿同中方深化能源、农业、太空、民用核能、信息技术、人工智能、交通运输等领域务实合作,共同办好“俄中教育年”,扩大人文交流。俄方支持中方主办今年亚太经合组织领导人非正式会议、明年担任金砖国家主席国。  

吴政隆参加会见。(完)

图说1、2:10月21日下午,国务院总理李强在圣彼得堡会见俄罗斯总统普京。 新华社记者 黄敬文 摄