
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ကာလအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ပိုမိုကောင်းမွန်စွာကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းမှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သလို လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
လာမည့်ငါးနှစ်အတွင်း ပေါ်ထွက်လာနိုင်သည့် ဘေးအန္တရာယ်အသစ်များနှင့် စိန်ခေါ်မှုများကိုတုံ့ပြန်နိုင်ရန် သဘာဝဘေးစောင့်ကြည့်လေ့လာခြင်းနှင့် ကြိုတင်သတိပေးခြင်းစနစ်များကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံလူထုအဆင့်တွင် ဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး စုန်ယွမ်မင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ သဘာဝဘေးအန္တရာယ်အခြေခံသုတေသနလုပ်ငန်းများကို မြှင့်တင်ခြင်းနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြု၍ ခေတ်မီဆန်းသစ်ပြီး လက်တွေ့အသုံးဝင်သော အရေးပေါ်တုံ့ပြန်ရေးပစ္စည်းကိရိယာများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စုန့် က ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများတွင် နည်းပညာမြင့်စက်ကိရိယာများ တိုးမြှင့်အသုံးပြုလာခဲ့သည်။ ဥပမာအားဖြင့် ယခုနှစ် ရေကြီးရေလျှံရာသီအတွင်း တာတမံများ ရေစိမ့်ထွက်မှုနှင့် ပိုက်လိုင်းယိုစိမ့်ခြင်းအန္တရာယ်များကို စစ်ဆေးရန် ဒရုန်းများ၊ ဖိုင်ဘာအော့ပတစ်အာရုံခံကိရိယာများနှင့် သံလိုက်လှိုင်းတိုင်းတာရေး ကိရိယာများကို အသုံးပြုခဲ့သည်။
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍လည်း အကြီးစား မတော်တဆမှုအန္တရာယ် စိစစ်သတ်မှတ်ရာတွင် လိုက်နာရမည့်စံနှုန်းများ၊ ယင်းအန္တရာယ်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် လုပ်ငန်းရှင်များ၏တာဝန်ဝတ္တရားများနှင့် ကြီးကြပ်သူများ၏ တာဝန်ခံမှုဆိုင်ရာ ရှင်းလင်းသတ်မှတ်ပေးမည့် စည်းမျဉ်းတစ်ရပ် ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဟု စုန့် က ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ အစိုးရဌာနပေါင်း ၃၁ ခုက အကြီးစား မတော်တဆမှု ဖြစ်ပွားစေနိုင်သည့် အန္တရာယ်စိစစ်သတ်မှတ်ခြင်း စံနှုန်း ၆၇ ခုကို ထုတ်ပြန်ပြီးဖြစ်ကြောင်း စုန့် က ပြောကြားခဲ့သည်။
သတ္တုတူးဖော်ရေးကဏ္ဍတွင် လုပ်ငန်းခွင်ဘေးကင်းရေး အဆင့်ဆင့် တာဝန်ခံမှုကို အားကောင်းအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ကာကွယ်သည့် စီမံခန့်ခွဲမှုစနစ်သို့ အရှိန်မြှင့်ကူးပြောင်းဆောင်ရွက်သွားမည်ဟု အမျိုးသားသတ္တုတွင်းဘေးအန္တရာယ်ကင်းရှင်းရေးကွပ်ကဲမှုဌာန ဒုတိယအုပ်ချုပ်ရေးမှူး ကျန်းလွေ့ထျင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကို ပိုမိုအားကောင်းစေရန်အတွက် သတ္တုတွင်းဘေးကင်းလုံခြုံရေးနှင့်အသုံးပြုသည့်စက်ကိရိယာများ အဆင့်မြှင့်တင်ရာတွင် စိန်ခေါ်မှုများသည့်သတ္တုတူးဖော်ရေးပတ်ဝန်းကျင်များတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်မြင့်နည်းပညာများကို အသုံးချသွားမည်ဖြစ်ကြောင်း ကျန်းက ပြောကြားခဲ့သည်။ (Xinhua)
…………….
(English Version)
China steps up efforts to build stronger emergency response system
BEIJING, Oct. 21 (Xinhua) -- China will step up efforts to prevent and respond to natural disasters and strengthen workplace safety during the 15th Five-Year Plan period (2026-2030), aiming to better protect people's lives and property, officials said on Wednesday.
Over the next five years, China will improve disaster monitoring and early warning and strengthen disaster prevention and risk reduction at the grassroots level in response to emerging risks and challenges, Song Yuanming, vice minister of emergency management, told a press conference.
China will also enhance the training of emergency management professionals and basic research on natural disasters, while developing advanced and practical emergency response equipment with the help of artificial intelligence, Song said.
In recent years, China has expanded the use of high-tech equipment in disaster prevention and response. During this year's flood season, for example, drones, fiber-optic sensors and electromagnetic detection devices were used to inspect embankments for piping and seepage risks.
On workplace safety, China will work to introduce a regulation clarifying the criteria for identifying major accident hazards, enterprises' responsibilities for investigating them, and regulators' accountability, Song said.
To date, 31 government departments have issued 67 standards for identifying major accident hazards, Song said.
In the mining sector, China will strengthen work safety accountability at all levels and accelerate the shift toward a preventive approach to safety management, said Zhang Ruiting, deputy administrator of the National Mine Safety Administration.
China will leverage digital and intelligent technologies to improve mine safety and upgrade equipment used in challenging mining environments, to strengthen disaster prevention and control, Zhang said.
Photo caption: A rescuer operates a drone to lift relief supplies in Guigang City, south China's Guangxi Zhuang Autonomous Region, July 10, 2026. (Xinhua/Cao Yiming)








