တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့မှုနှင့် မည်သည့်အသွင်ပုံစံဖြင့်မဆို အကျပ်ကိုင် ဖိအားပေးမှုများအား ချက်ချင်း ရပ်တန့်ရန်၊ ကျူးဘားပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်အား ချိုးဖောက်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က အောက်တိုဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက သတင်းများအရ ဒေသစံတော်ချိန် အောက်တိုဘာ ၁၉ ရက်မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်က ကျူးဘား တော်လှန်ရေးခေါင်းဆောင် Raul Castro အပေါ် ဖမ်းဝရမ်းအမိန့်ကို တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

“ရဲဘော် Raul Castro က လေးစားထိုက်သော ကျူးဘားတော်လှန်ရေးခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတကာမှာ ဂုဏ်သတင်းကျော်စောပါတယ်” ဟု မော်နင်က ဆိုခဲ့ပြီး “အမေရိကန်ဘက်ရဲ့ လုပ်ရပ်ဟာ သိမ်ဖျင်းသော ‘နိုင်ငံရေးပြက်လုံး’ တစ်ခုဖြစ်တယ်လို့ ကျူးဘားနိုင်ငံ သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချတာကို ကျွန်မတို့ သတိထားမိပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရားစီရင်ရေးနည်းလမ်းကို အလွဲသုံးပြီး ကျူးဘားအပေါ် ဖိအားပေးမှုကို အစဉ်အမြဲ ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ကျူးဘားနိုင်ငံက နိုင်ငံတော်အချုပ်အခြာအာဏာအား ကာကွယ်ထိန်းသိမ်းမှုအား အခိုင်အမာ ထောက်ခံအားပေးပြီး ပြည်ပစွက်ဖက်မှုများအား ဆန့်ကျင်ကန့်ကွက်ကြောင်း၊ အမေရိကန်အနေဖြင့် ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့မှုနှင့် မည်သည့်အသွင်ပုံစံဖြင့်မဆို အကျပ်ကိုင် ဖိအားပေးမှုများအား ချက်ချင်း ရပ်တန့်ရန်၊ ကျူးဘားပြည်သူများ၏ အသက်ရှင်နေထိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်အား ချိုးဖောက်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部:敦促美方立即停止对古巴的封锁和胁迫施压

新华社北京10月21日电(记者邵艺博)外交部发言人毛宁21日在例行记者会上表示,中方敦促美方立即停止对古巴的封锁和任何形式的胁迫施压,停止侵犯古巴人民的生存权、发展权。  

当日例行记者会上,有记者问:据报道,当地时间19日,美国佛罗里达州总检察长正式发布对古巴革命领导人劳尔·卡斯特罗逮捕令。中方对此有何评论?  

“劳尔同志是德高望重的古巴革命领导人,在国际上享有崇高威望。”毛宁说,“我们注意到,古巴国家主席、外交部长谴责美方行径是一场拙劣的‘政治闹剧’。”  

毛宁说,中方一贯反对滥用司法手段对古巴施压,坚定支持古巴维护国家主权、反对外来干涉,敦促美方立即停止对古巴的封锁和任何形式的胁迫施压,停止侵犯古巴人民的生存权、发展权。(完)