သီရိလင်္ကာနိုင်ငံ ဂါလီမြို့ရှိ ပင်လယ်ကမ်းစပ်တွင် ငါးမျှားနေကြသူများကို ၂၀၁၉ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ဂါလီမြို့ရှိ ပင်လယ်ကမ်းစပ်တွင် ငါးမျှားနေကြသူများကို ၂၀၁၉ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မနီလာ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သီရိလင်္ကာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူများနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုဖူလုံရေး၊ စီးပွားရေးတွင်ပါဝင်ခွင့်ရရှိနိုင်မှု၊ လူနေမှုဘဝကောင်းမွန်ရေးနှင့် ခံနိုင်ရည်စွမ်းမြှင့်တင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာသန်း ၁၀၀ တန် အစီအစဉ်တစ်ခုကို အတည်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဘဏ္ဍာရေးစီမံကိန်းတွင် မူဝါဒအခြေခံချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ နှင့် စီမံကိန်းဆိုင်ရာချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀ ပါဝင်ကြောင်း ADB က အောက်တိုဘာ ၂၁ ရက်က ပြောကြားခဲ့သည်။

ယင်းအစီအစဉ်သည် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအတွက် အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုစေပြီး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်ကာ၊ နိုင်ငံ၏လူမှုဖူလုံရေးစနစ်ကို ပိုမိုထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များတွင် သီရိလင်္ကာအစိုးရအား အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ADB က ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးမှာ ဆက်လက်၍ ပြန်လည်ဦးမော့လာနေသော်လည်း ဆင်းရဲနွမ်းပါးမှုနှင့် ထိခိုက်လွယ်သည့်အခြေအနေများ မြင့်မားနေဆဲဖြစ်ကာ အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကျေးလက်ဒေသနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့်ဒေသများ၌ နေထိုင်သူများတွင် ပိုမိုသိသာထင်ရှားနေကြောင်း ADB ကပြောကြားခဲ့သည်။

ADB ၏အစီအစဉ်သည် အိမ်ထောင်စုများအတွက် အသက်မွေးဝမ်းကျောင်းထောက်ပံ့ကြေးများ၊ အလုပ်အကိုင်နှင့်စီးပွားရေးလုပ်ငန်းဆိုင်ရာထောက်ပံ့မှုများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေကြေးဆိုင်ရာပညာပေးသင်တန်းများကို ပြုလုပ်ပေးမည့်အပြင် ယုံကြည်စိတ်ချရသည့်ဈေးကွက်များသို့ ဝင်ရောက်နိုင်ရန်လည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဆင်းရဲနွမ်းပါးမှုပိုမိုများပြားသည့်ခရိုင်များတွင် သက်ကြီးရွယ်အိုများအတွက် စံပြနေ့ပိုင်းစောင့်ရှောက်ရေးစင်တာ ငါးခုကို တည်ဆောက်သွားမည်ဖြစ်ကာ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်မှုစနစ်များ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၊ တစ်ဦးချင်းစီအလိုက် စီမံခန့်ခွဲမှုစနစ်နှင့်အချက်အလက်စီမံခန့်ခွဲမှုစနစ်များကို ယင်းအစီအစဥ်က မြှင့်တင်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

......................................

(English version)

ADB provides 100 mln USD to boost Sri Lanka social protection, economic opportunities

MANILA, Oct. 22 (Xinhua)

The Asian Development Bank (ADB) has approved a 100 million U.S. dollar (USD) program to strengthen social protection, economic inclusion, and well-being and resilience among the poor and elderly in Sri Lanka, according to a press release.

The financing project comprises a 50 million USD policy-based loan and a 50 million USD project loan, said ADB on Wednesday.

The program is expected to help the government of Sri Lanka expand livelihood and employment opportunities for low-income households, improve eldercare services, and boost the effectiveness and responsiveness of the country's social protection system, according to ADB.

The ADB said that despite Sri Lanka's continued economic recovery, poverty and vulnerability to shocks remain high, particularly among women, the young, the elderly, people with disabilities, and populations in rural and disadvantaged regions.

The program will support households with livelihood grants, employment and business support, skills development and financial literacy training, and access to reliable markets.

The financing also aims to establish five model elderly daycare centers in poorer districts and enhance monitoring and evaluation systems, digital platforms, case management and data governance. ■

Photo caption: People fish on the seaside in Galle, Sri Lanka, April 7, 2019. (Xinhua/Guo Lei)