ဆိုးလ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီးကို မိမိနိုင်ငံသို့ ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။
တောင်ကိုရီးယားအစိုးရအနေဖြင့် နှစ်နိုင်ငံကြားရှိ မဖြေရှင်းရသေးသော ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်ရန် မျှော်မှန်းကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အကျဉ်းချုပ်၌ ပြောကြားထားပြီး အဆိုပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တောင်ကိုရီးယားအနေဖြင့် ယူကရိန်းဘက်နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
S. Korea recalls ambassador to Ukraine
SEOUL, Oct. 8 (Xinhua) -- South Korea's foreign ministry said Thursday that it decided to recall its ambassador to Ukraine back to the home country.
The Ministry of Foreign Affairs said in a brief statement that the government hoped for a smooth resolution to the various pending issues between the two countries, adding that Seoul will continue consultations with the Ukrainian side to address the issues. ■








