ရုရှားသမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Kremlin Press Office/Handout via Xinhua)
ရုရှားသမ္မတ ဗလာဒီမာ ပူတင် (ဝဲ) နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Kremlin Press Office/Handout via Xinhua)

မော်စကို၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ပူတင်သည် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နှင့် အောက်တိုဘာ ၂၁ ရက်တွင် တွေ့ဆုံစဉ် ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံပါဝင်သည့် ဆွေးနွေးပွဲများကို နိုဝင်ဘာလလယ်တွင် ပြန်လည်စတင်ရန် ရုရှားဘက်က အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု ရုရှားသမ္မတ၏ လက်ထောက် ယူရီ ဥရှာကော့ဗ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ပဋိပက္ခအဆုံးသတ်ပြီးနောက် ရုရှားနှင့် ယူကရိန်းအကြား လုံခြုံရေးစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဥရှာကော့ဗ်က သတင်းစာရှင်းလင်းပွဲတွင် ပူတင်နှင့် ဝစ်ကော့ဖ်တို့သည် ယူကရိန်းနိုင်ငံ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိစေရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ပူတင်က အမေရိကန်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒကို ဝစ်ကော့ဖ်ထံ ပြောကြားခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ပူတင်နှင့် ဝစ်ကော့ဖ်တို့သည် ရုရှားနိုင်ငံက အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်လောင်စာ ထောက်ပံ့ရောင်းချရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း ဥရှာကော့ဗ်က ပြောကြားခဲ့သည်။ “ဒီသဘောတူညီချက်ဟာ ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့အပြင် ကမ္ဘာ့လောင်စာဈေးကွက် တည်ငြိမ်ရေးအတွက်လည်း အထောက်အကူပြုမှာဖြစ်တယ်လို့ နှစ်ဖက်စလုံးက အလေးထား ပြောကြားခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် အီရန်အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ ပူတင်က အီရန်အရေးကိစ္စကို သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်သေးကြောင်းနှင့် သက်ဆိုင်ရာကိစ္စရပ်များ ဖြေရှင်းရေးအတွက် ရုရှားဘက်က ကူညီပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု ဥရှာကော့ဗ်က ဆိုသည်။

ထို့အပြင် ဥရှာကော့ဗ်က ရုရှားမီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံပါဝင်သည့် ဆွေးနွေးပွဲအသစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ အဘူဒါဘီမြို့တွင် ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

俄方说准备11月中旬重启俄美乌三方会谈

新华社莫斯科10月21日电(记者侯鸣)俄罗斯总统助理乌沙科夫21日通报说,俄总统普京当天在与美国总统特使威特科夫会晤时说,俄方准备于11月中旬重启俄罗斯、美国和乌克兰三方会谈,会谈主题涉及冲突结束后俄乌安全体系建设。

乌沙科夫在简报会上说,普京和威特科夫就如何在乌克兰实现持久和平交换了意见,普京向威特科夫表达了继续与美国开展合作的意愿。

乌沙科夫说,普京和威特科夫还谈到了有关俄罗斯向美国和全球市场供应柴油协议的执行问题。他说,“双方强调,该协议不仅符合美俄双方利益,还将有助于稳定全球燃料市场”。

乌沙科夫说,双方还讨论了伊朗问题,普京表示,伊朗问题仍可通过外交方式解决,俄方愿为解决相关问题提供帮助。

此外,乌沙科夫在接受俄媒采访时说,新一轮俄美乌三方会谈可能在阿联酋阿布扎比举行。

Photo Caption :Russian President Vladimir Putin (L) holds talks with U.S. President Donald Trump's special envoy Steve Witkoff at the Kremlin in Moscow, Russia, Aug. 6, 2025. (Kremlin Press Office/Handout via Xinhua)