ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဌာနချုပ်တွင် ကျင်းပသည့် ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ ဆာနာအဲ တာကာအိချိ မဲပေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ်။ (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဌာနချုပ်တွင် ကျင်းပသည့် ပါတီဥက္ကဋ္ဌ ရွေးကောက်ပွဲ၌ ဆာနာအဲ တာကာအိချိ မဲပေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ်။ (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်မီဒီယာအများအပြားသည် ဆာနာအဲ တာကာအိချိ ဂျပန်ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်လာချိန်တွင် ၎င်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်သည့် ဆောင်းပါးများကို နေ့စဉ်ရက်ဆက်ဖော်ပြခဲ့ကြပြီး ၎င်း၏ စီးပွားရေးနှင့် သံတမန်ရေးမူဝါဒများသည် မျှော်မှန်းထားသည့် အကျိုးရလဒ်များကို ဖော်ဆောင်နိုင်ခြင်းမရှိကြောင်း၊ စစ်အင်အားတိုးချဲ့ရေးမူဝါဒသည် ငြိမ်းချမ်းရေးကို ထိခိုက်စေကြောင်း ဝေဖန်ခဲ့ကြသည်။ ထို့ပြင် ၎င်း၏ အာဏာရှင်ဆန်ဆန် တစ်ဖက်သတ်ဆုံးဖြတ်ဆောင်ရွက်သည့် အုပ်ချုပ်မှုပုံစံကို “ဘရိတ်နင်းသူမရှိသည့် ဘတ်စ်ကား” နှင့်လည်း ခိုင်းနှိုင်းဖော်ပြခဲ့ကြသည်။

ဂျပန်သတင်းစာ Tokyo Shimbun သည် အောက်တိုဘာ ၂၁ ရက်တွင် အယ်ဒီတာ့အာဘော်တစ်ပုဒ် ဖော်ပြခဲ့ရာ၌ ဆာနာအဲ တာကာအိချိက ဂျပန်နိုင်ငံကို “အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသော” နိုင်ငံဖြစ်လာစေရန် ရည်မှန်းချက်ထားရှိကြောင်း၊ သို့သော် စီးပွားရေးနှင့် သံတမန်ရေးရှုထောင့်များမှ ကြည့်လျှင် ဂျပန်နိုင်ငံသည် ယခုအချိန်အထိ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း ဖော်ပြခဲ့သည်။

အယ်ဒီတာ့အာဘော်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းရေးအား ဆာနာအဲ တာကာအိချိက အဓိက အရေးကြီးဆုံး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မျှော်မှန်းထားသည့် ရလဒ်များကို လုံလောက်စွာ ဖော်ဆောင်နိုင်ခဲ့သည်ဟု ဆိုရန် ခက်ခဲကြောင်း ဖော်ပြခဲ့သည်။ ဂျပန်အောက်လွှတ်တော်သည် အစားအသောက်နှင့် အဖျော်ယမကာများအပေါ် ကောက်ခံသည့် စားသုံးခွန် လျှော့ချရေးဆိုင်ရာ ဥပဒေကြမ်းကို စတင်စိစစ်ဆွေးနွေးနေပြီဖြစ်သည်။ သို့သော် ဥပဒေကြမ်းကို အကောင်အထည်ဖော်ပြီးနောက် ဘဏ္ဍာရေးလိုငွေ ဖြစ်ပေါ်လာနိုင်သည်ဟူသော စိုးရိမ်မှုများကို ပပျောက်အောင် ဆာနာအဲ တာကာအိချိအနေဖြင့် မလုပ်ဆောင်နိုင်ပါက ဂျပန်ယန်းငွေတန်ဖိုးသည် ပိုမိုကျဆင်းလာနိုင်ပြီး သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

အယ်ဒီတာ့အာဘော်တွင် ဆာနာအဲ တာကာအိချိက ကြိုးပမ်းနေသည့် “ဂျပန်နိုင်ငံကို ကမ္ဘာ့ဇာတ်ခုံတွင် တောက်ပထင်ရှားလာစေမည့် သံတမန်ရေး” ဆိုသည်မှာလည်း အနှစ်သာရကင်းမဲ့နေကြောင်း ဖော်ပြခဲ့သည်။ ဆာနာအဲ တာကာအိချိသည် “ဂျပန်-အမေရိကန် ဆက်ဆံရေး နီးကပ်ခိုင်မာမှု” ကို အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်ရာတွင် လမ်းစပျောက်နေသည့်အပြင် ဂျပန်နိုင်ငံသားဖြစ်သူ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ဥက္ကဋ္ဌ အကာနဲ တိုမိုကိုအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကိုလည်း တားဆီးနိုင်ခဲ့ခြင်းမရှိကြောင်း ဝေဖန်ခဲ့သည်။ ဆာနာအဲ တာကာအိချိက “ထိုင်ဝမ်အရေးကိစ္စပေါ်ခြင်း” နှင့်ပတ်သက်သည့် မှတ်ချက်များ ပြောကြားခဲ့ပြီးနောက် ဂျပန်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည်လည်း ဆိုးရွားလာခဲ့ပြီး ယနေ့အထိ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးကြောင်း အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ဆာနာအဲ တာကာအိချိအစိုးရသည် ပြည်တွင်းထုတ် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားရေး၊ လူသေစေနိုင်သော လက်နက်များ တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းရေး စသည့် စစ်အင်အား တိုးချဲ့ရေးနှင့် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ရေး မူဝါဒများကို ဆက်တိုက် အကောင်အထည်ဖော်ခဲ့သည့်အပြင် ဂျပန်တော်ဝင်မိသားစုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးကဲ့သို့သော ရှေးရိုးစွဲသဘောထား ပြင်းထန်သည့် မူဝါဒများကိုလည်း တွန်းအားပေးဆောင်ရွက်ခဲ့ရာ ဂျပန်နိုင်ငံအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့ပြီး လူမှုအသိုင်းအဝိုင်းအသီးသီး၏ စိုးရိမ်ပူပန်မှုများကိုလည်း မြင့်တက်စေခဲ့သည်။

ဂျပန်နိုင်ငံထုတ် Red Flag သတင်းစာသည် အောက်တိုဘာ ၂၀ ရက်တွင် ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော်၌ ဆာနာအဲ တာကာအိချိအစိုးရအဖွဲ့သည် “စစ်တိုက်နိုင်စွမ်းရှိသော နိုင်ငံ” တည်ဆောက်ရေးကို ရည်မှန်းချက်အဖြစ် ထားရှိပြီး စစ်အင်အားကို အကြီးအကျယ် တိုးချဲ့လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ရည်မှန်းထားသည့် ပန်းတိုင်ကို သတ်မှတ်ထားသည့် အချိန်ထက် နှစ်နှစ်စော၍ အကောင်အထည်ဖော်ခဲ့သည်။

ထို့ပြင် ဆာနာအဲ တာကာအိချိအစိုးရသည် ယခုနှစ်အတွင်း “လုံခြုံရေးဆိုင်ရာ အဓိကမူဝါဒစာတမ်းသုံးစောင်” ကို ပြင်ဆင်ဖြည့်စွက်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အမေရိကန်၏ တောင်းဆိုချက်ဖြစ်သည့် ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃.၅ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ရည်မှန်းချက်ကို ရှေးရှုကာ စစ်အင်အားကို ပိုမိုအကြီးအကျယ် တိုးချဲ့ရန် စီစဉ်နေကြောင်း အယ်ဒီတာ့အာဘော်တွင် ဖော်ပြခဲ့သည်။

“၎င်းလမ်းစဉ်သည် ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး ပြည်သူ့လူနေမှုဘဝနှင့် နိုင်ငံ့ဘဏ္ဍာရေးကိုပါ ပျက်စီးစေမည့် လမ်းစဉ်ဖြစ်သည်” ဟု အယ်ဒီတာ့အာဘော်တွင် ဝေဖန်ထားသည်။

ဂျပန်မီဒီယာများကလည်း ဆာနာအဲ တာကာအိချိ၏ အာဏာရှင်ဆန်ဆန် တစ်ဖက်သတ်ဆုံးဖြတ်အုပ်ချုပ်သည့် ပုံစံအပေါ် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြသည်။ ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာက အောက်တိုဘာ ၂၀ ရက်တွင် ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော်၌ ဆာနာအဲ တာကာအိချိသည် “ကိစ္စရပ်တိုင်းကို ၎င်းကိုယ်တိုင် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်သည့်” အုပ်ချုပ်မှုပုံစံကို စွဲကိုင်ထားကြောင်း၊ ယင်းက အစိုးရအဖွဲ့အတွင်း ဆက်သွယ်ညှိနှိုင်းမှုကို အဟန့်အတားဖြစ်စေပြီး အစိုးရယန္တရား လည်ပတ်မှုရပ်တန့်သွားသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။

ဆာနာအဲ တာကာအိချိ၏ အာဏာရှင်ဆန်ဆန် တစ်ဖက်သတ်ဆုံးဖြတ်သည့် အုပ်ချုပ်မှုပုံစံသည် လွှတ်တော်ကို အလေးမထားသည့် အပြုအမူတွင်လည်း ထင်ရှားပေါ်လွင်နေကြောင်း အယ်ဒီတာ့အာဘော်တွင် ဝေဖန်ထားသည်။ ၎င်းသည် ယခင်ဝန်ကြီးချုပ်များထက် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်သည့် အကြိမ်ရေ သိသိသာသာ နည်းပါးသည့်အပြင် လွှတ်တော်တွင် မေးမြန်းစစ်ဆေးမှုများကိုလည်း တိုက်ရိုက်ဖြေကြားရန် မကြာခဏ ရှောင်လွှဲလေ့ရှိကြောင်း ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံထုတ် Asahi သတင်းစာက အောက်တိုဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည့် အယ်ဒီတာ့အာဘော်၌ ဆာနာအဲ တာကာအိချိသည် မတူညီသော သဘောထားအမြင်များကို နားထောင်လိုစိတ်မရှိပါက အာဏာရှင်ဆန်ဆန် တစ်ဖက်သတ်ဆုံးဖြတ်ဆောင်ရွက်သည့် လမ်းကြောင်းသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယခုအခါ အစိုးရအဖွဲ့အတွင်း၌ပင် ဆာနာအဲ တာကာအိချိကို သတိပေးဆုံးမနိုင်သူ မရှိသလောက်ဖြစ်နေကြောင်းလည်း ထောက်ပြခဲ့သည်။

“ဒါဟာ ဘရိတ်နင်းမယ့်သူမရှိဘဲ လီဗာကိုပဲ ဆက်တိုက်နင်းထားတဲ့ ဘတ်စ်ကားတစ်စီးနဲ့ တူနေပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာကြတဲ့ ခရီးသည်တွေဟာ ပြည်သူတစ်ရပ်လုံးဖြစ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး” ဟု အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။ (Xinhua)

------------------------------------------

(Chinese Version)

日媒批评高市独断专行 称其执政像“无人踩刹车的巴士”

新华社东京10月21日电(记者陈泽安 梁晨)日本多家媒体连日来发表文章,对高市早苗就任日本首相一年来的工作进行回顾,称其经济和外交政策并未产生应有效果,批评其扩军政策破坏和平,将其独断专行的执政风格形容为“无人踩刹车的巴士”。

日本《东京新闻》21日刊发社论说,高市提出让日本“强大而富裕”的目标,但从经济和外交层面来看,日本现在并未“步入实现这一目标的轨道”。

社论说,应对物价上涨被高市列为最优先课题,但在这方面很难说效果得到充分体现。日本众议院已开始审议食品饮料消费税减税相关法案,但如果高市不消除外界对法案实施后可能产生财政缺口的担忧,日元可能进一步贬值,进口商品价格也可能上涨。

社论说,高市追求的“让日本在世界舞台中央绽放光彩的外交”也很空洞。高市一再强调“日美关系紧密”,但面对美国总统特朗普却束手无策,也未能阻止美国制裁日本籍国际刑事法院院长赤根智子。在高市宣称“台湾有事”相关言论后,日中关系随之恶化,至今未能改善。

过去一年,高市政府推进部署国产远程导弹、解禁杀伤性武器出口等一系列扩军备武政策,以及修改《皇室典范》等保守色彩浓厚的政策,引发日本国内分歧和各界担忧。

日本《赤旗报》20日刊发的社论说,高市内阁以打造“能战国家”为目标,正推进大规模扩军。日本提前两年实现了军费占国内生产总值2%的目标。此外,高市政府还在推进于今年年内修订“安保三文件”,着眼于美国要求的军费占国内生产总值3.5%的目标,计划进一步大规模扩军。“这是一条破坏和平、民生、财政的道路。”

日本媒体还对高市独断专行的执政风格表示担忧。日本《每日新闻》20日播发的社论说,高市秉持“一切都要由她亲自拍板的”执政风格,这阻碍了其政权内部沟通,甚至会导致运转失灵。高市的独断风格还表现在对国会的轻视上,她出席国会的次数远少于以往的首相,并且经常回避正面回答质询。

日本《朝日新闻》21日播发的社论说,如果高市不愿倾听不同意见,就会走向独断专行。如今,在政权内部也看不到有人能规劝高市。“这就像一辆无人踩刹车、却持续踩下油门的巴士。但别忘了,车上的乘客是全体国民。”

图说 :2025年10月4日,高市早苗在日本东京自民党总部进行的自民党总裁选举中投票。新华社发(Pool图片,金敬勋摄)