
ဆိုးလ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
နယ်စပ်ဒေသတွင် မတော်တဆပဋိပက္ခဖြစ်ပွားခြင်းများကို ကာကွယ်နိုင်ရေးအတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ပြန်လာရန် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးယားနိုင်ငံအား အောက်တိုဘာ ၂၂ ရက်တွင် တိုက်တွန်းလိုက်သည်။
"သဘောထားအမြင်ကွာဟချက်တွေကို ညှိနှိုင်းဖြည့်ဆည်းနိုင်ဖို့နဲ့ မတော်တဆစစ်ရေးပဋိပက္ခတွေဖြစ်ပွားတာကို တားဆီးကာကွယ်နိုင်ဖို့အတွက်မြောက်ကိုရီးယားအနေနဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းကို မဖြစ်မနေပြန်လာရမှာပါ။ ထို့အတူပဲ ဒီလိုမျိုးလုပ်ရပ်တွေကိုလည်း ရပ်တန့်ရမှာဖြစ်ပါတယ်"ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chung Binna က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံအကြား၌ လက်ရှိအချိန်တွင် အများပြည်သူသိရှိစေနိုင်ရေးအတွက် ထုတ်ပြန်ချက်ဖြင့်သာ ဆက်သွယ်ပြောဆိုနေရသည့်အဖြစ်မှာ နှစ်နိုင်ငံအကြားတွင် တရားဝင်စစ်ရေးဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများအားလုံး လုံးဝပြတ်တောက်သွားခြင်းကို ပြသနေသည်ဟု Chung က အလေးအနက်ထားပြောကြားခဲ့သည်။
ယခုကဲ့သို့ တောင်ကိုရီးယားဘက်မှတိုက်တွန်းပြောဆိုမှုမှာ နယ်စပ်ဖြတ်ကျော် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ဆောင်မှုများနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီဌာန ညွှန်ကြားရေးမှူး Kim Yo Jong က အောက်တိုဘာ ၂၁ ရက်က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ရာတွင် ယခုအောက်တိုဘာလအတွင်း နယ်စပ်တစ်လျှောက်တွင် မြောက်ကိုရီးယားက တောင်ကိုရီးယားကိုဆန့်ကျင်သည့် စိတ်ဓာတ်စစ်ဆင်ရေးကို အသံချဲ့စက်များအသုံးပြု၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် အောက်တိုဘာ ၂၁ ရက်တွင် တောင်ကိုရီးယားဘက်မှ အနည်းဆုံးနေရာနှစ်ခု၌ ရန်စသည့်သတိပေးအသံချဲ့စက်များဖွင့်ခြင်းနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း Kim က စွပ်စွဲပြောကြားခဲ့သည်။ (Xinhua)
...........................
(English version)
S. Korea urges DPRK to return to dialogue
SEOUL, Oct. 22 (Xinhua)
South Korea's defense ministry on Thursday urged the Democratic People's Republic of Korea (DPRK) to return to the dialogue table to prevent accidental border clashes.
"To bridge the gap in perception and prevent accidental military clashes, North Korea (DPRK) must step forward to the dialogue table, and these actions must come to a halt," Defense Ministry spokesperson Chung Binna told a press briefing.
Chung emphasized that the current reliance on public statements between the two Koreas indicated that all official inter-Korean military hotlines were completely severed.
The call came as tensions flared over cross-border psychological warfare.
Kim Yo Jong, department director of the Central Committee of the Workers' Party of Korea of the DPRK, said in a statement Wednesday that her country will use loudspeakers for psychological warfare against South Korea along the border this month.
Kim accused Seoul of committing "provocative warning loudspeaker blaring and shots again in at least two spots" on Wednesday. ■
Photo caption: In this handout photo provided by South Korea's Ministry of National Defence, soldiers of South Korea and the Democratic People's Republic of Korea (DPRK) greet each other within the Demilitarized Zone (DMZ), on Dec. 12, 2018. (Xinhua/South Korean Ministry of National Defence)





df33cec521d7be30bc14cf7d761c8352560e7312.article_card.avif)

6296ee5bf88b25cc86bf4c71cf229e692ff05f4a.article_card.avif)
