df33cec521d7be30bc14cf7d761c8352560e7312.article_cover.content.avif)
ကိဗ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် နိုင်ငံပိုင်နက်၏ အနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ဆက်လက်ထိန်းချုပ်ထားနိုင်ရေးအပေါ် အခြေခံ၍ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ် ရရှိရန် ဆန္ဒရှိကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ယူကရိန်းနိုင်ငံတကာသတင်းအေဂျင်စီ Interfax-Ukraine က အဆိုပါနေ့တွင် ဖော်ပြခဲ့သည်။ ဇယ်လန်းစကီးသည် အမေရိကန် Fox News ရုပ်သံလိုင်း၏ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တွင် တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူက “လက်ရှိအခြေအနေကို မပြောင်းလဲဘဲ ထိန်းထားပြီး” ယူကရိန်းဘက်က နိုင်ငံပိုင်နက်၏ ၇၅ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသော နယ်မြေကို ဆက်လက်ထိန်းချုပ်ထားမည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်ခံနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။ ဇယ်လန်းစကီးက “လက်ခံနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခု လက်ရှိအခြေအနေကို မပြောင်းလဲဘဲ ထိန်းထားဖို့ လိုအပ်နေပါပြီ။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုလို့ ကျွန်တော် ယူဆပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အာမခံနိုင်ရန်” အမေရိကန်သမ္မတနှင့် ဥရောပမဟာမိတ်များထံမှ လုံခြုံရေးအာမခံချက်များ ရရှိရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်သည် အောက်တိုဘာ ၂၁ ရက်တွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှား-ယူကရိန်း ပဋိပက္ခဖြေရှင်းရေးနှင့် ပတ်သက်သည့် အမေရိကန်ဘက်၏ အစီအစဉ်အကြံပြုချက်များပါဝင်သော စာတမ်းတစ်စောင်ကို ရုရှားသမ္မတ ပူတင်ထံ ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံပါဝင်သည့် ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် ရုရှားဘက်က စဉ်းစားပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
------------------------
(Chinese Version)
泽连斯基说同意“冻结现状”开启和谈
新华社基辅10月21日电 据乌克兰国际文传电讯社21日报道,乌总统泽连斯基当天在接受美国福克斯新闻频道直播采访时说,愿在保留至少75%领土控制权的基础上达成和平协议。
在直播节目中,主持人问泽连斯基,是否接受“冻结现状”、乌方“保留75%或更多领土”的和平协议。泽连斯基回应说:“会的,我们现在必须冻结,我认为这是结束这场战争的现实途径。”乌方随后还将寻求美国总统和欧洲盟友的安全保障,“以确保和平与安全”。
美国总统特使威特科夫21日到访俄罗斯,向俄总统普京提交了美方关于解决俄乌冲突相关构想的文件,并表示希望俄方考虑重启俄美乌三方谈判,以便讨论技术性问题。
图说 :2025年8月18日,美国总统特朗普(右)在华盛顿白宫与乌克兰总统泽连斯基举行会晤。新华社/美联







6296ee5bf88b25cc86bf4c71cf229e692ff05f4a.article_card.avif)
