
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အစ္စရေးတိုက်လေယာဥ်နှင့် ဝေဟင်တွင် ဆီဖြည့်လေယာဉ် အစင်းရေဒါဇင်ချီသည် ယခုသီတင်းပတ် အစောပိုင်းတွင် ဆီးရီးယားနှင့် အီရတ်ဝေဟင်မှ ကျော်ဖြတ်ပျံသန်းသွားပြီး အီရန်နယ်စပ်သို့ ချဉ်းကပ်ပြီးနောက် လှည့်ပြန်လာကြောင်း အစ္စရေး Channel 12 အောက်တိုဘာ ၂၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။
သတင်းတွင် အမေရိကန် အဆင့်မြင့်အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ယခုအကြိမ် လှုပ်ရှားမှုသည် အောက်တိုဘာ ၁၉ ရက် ညပိုင်းမှ ၂၀ ရက် နံနက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း၊ အစ္စရေးစစ်တပ် တိုက်လေယာဉ်များသည် အီရန်ပေါ် တိုက်ခိုက်မှုလုပ်ဆောင်ရန် အလားတူသော လေယာဉ်အုပ်စုနှင့် လမ်းကြောင်းအတိုင်း ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အစ္စရေးသည် ရှေးဦးစွာ အမေရိကန်ဘက်သို့ ယခုအကြိမ် လှုပ်ရှားမှုအား သတင်းပေးပို့ခဲ့ပြီး ၎င်းကို အီရန်အား ခြိမ်းခြောက်ရန်၊ အစ္စရေးစစ်တပ်၏ စစ်ရေးစွမ်းရည် ပြသရန် ရည်ရွယ်သည့် လေ့ကျင့်မှုတစ်ကြိမ်အဖြစ် ပုံဖော်ထားကြောင်း၊ အစ္စရေးအနေဖြင့် အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်က အစ္စရေးစစ်တပ် တိုက်လေယာဉ်အား ပစ်ခတ်လာရန် ကြိုးပမ်းခြင်းဖြင့် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုစတင်ရန် အကြောင်းပြချက် ရယူလိုခြင်းဖြစ်သည်ဟု အမေရိကန်အရာရှိများက ယူဆကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းနှင့်စပ်လျဉ်း၍ အစ္စရေးအရာရှိများက မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။
အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က အောက်တိုဘာ ၁၉ ရက်တွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် ထိုနေ့တွင် အစ္စရေးအား ခရီးစဉ်သွားရောက်ခဲ့ပြီး အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းဖော်ပြထားသည်။
လက်ရှိတွင် အစ္စရေးနှင့် အီရန်အကြား တင်းမာသော အခြေအနေ အဆက်မပြတ်အဆင့်မြင့်တက်လာနေချိန်တွင် အစ္စရေး၌ အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲရက်မှာ ၆ ရက်သာ ကျန်တော့သည်။ အီရန်အစိုးရအား ဖြုတ်ချနိုင်မှသာ အီရန်က အစ္စရေးအပေါ် ခြိမ်းခြောက်မှုဟူသည်ကို အပြည့်အဝ ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း နေတန်ယာဟုက အောက်တိုဘာ ၂၁ ရက် အစောပိုင်း၌ ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
以媒:数十架以军战机飞近伊朗边境 模拟对伊打击
新华社耶路撒冷10月21日电(记者王卓伦)据以色列第12频道电视台21日报道,数十架以色列战斗机和空中加油机本周早些时候飞越叙利亚和伊拉克领空,接近伊朗边境后折返。
报道援引两名美国高级官员的话说,此次行动发生在19日晚至20日凌晨,以军战机按照类似对伊朗实施打击的编队和路线飞行。
报道称,以色列事先向美国通报了此次行动,并将其描述为一次旨在威慑伊朗、展示以军军事能力的演习。美方官员认为,以色列可能试图诱使伊朗防空系统向以军战机开火,从而获得对伊发动军事打击的借口。
以色列官方尚未对此发表评论。
美国阿克西奥斯新闻网站19日以知情人士为消息源报道,美国国防部长赫格塞思当天访问以色列,会晤了以总理内塔尼亚胡。
当前,以色列与伊朗之间的紧张局势持续升级,距离以色列10月27日举行议会选举仅剩6天。内塔尼亚胡21日早些时候表示,只有推翻伊朗政权,才能彻底消除所谓伊朗对以色列构成的威胁。(完)
图说:这张未标注日期和地点的照片显示,以空军战机飞往伊朗上空执行打击任务。新华社发(以色列国防军供图)




df33cec521d7be30bc14cf7d761c8352560e7312.article_card.avif)


6296ee5bf88b25cc86bf4c71cf229e692ff05f4a.article_card.avif)
