
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သည့် တရားမဝင်မှောင်ခိုတင်ပို့မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများအတွင်း စကျင်ကျောက်ဖြင့်ပြုလုပ်ထားသည့်နှစ်ပေါင်း ၂,၀၀၀ သက်တမ်းရှိ ဇူးစ်နတ်ဘုရား၏ဦးခေါင်းရုပ်တုနှင့် အခြားသောရှေးဟောင်းပစ္စည်း ၇,၁၀၀ ကျော်ကို တူကီယဲအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၀ ရက်က နိုင်ငံ၏အနောက်ပိုင်းရှိ အစ်ဇ်မီယာပြည်နယ်၊ ကိုနက်ခ်ခရိုင်တွင်ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း ရောမခေတ်ကစကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် ဇူးစ်၏ဦးခေါင်းရုပ်တုတစ်ခုကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်လုံခြုံရေးဌာနကသတင်းထုတ်ပြန်ခဲ့သည်။
ခန့်မှန်းခြေအားဖြင့် နှစ်ပေါင်း ၂,၀၀၀ ခန့်သက်တမ်းရှိနေပြီဖြစ်သည့် အဆိုပါရှေးဟောင်းပစ္စည်းမှာ ထိန်းသိမ်းစောင့်ရှောက်ရမည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်နေသည်ကို အတည်ပြုနိုင်ခဲ့ကာ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း Demiroren သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အတူ နိုင်ငံ၏ အနောက်မြောက်ပိုင်း အီဒီယာနေပြည်နယ်ရှိ ဂရိနိုင်ငံနှင့်ထိစပ်နေသည့်နယ်စပ်ဂိတ်များတွင် အကောက်ခွန်ဌာနက သီးခြားပြုလုပ်ခဲ့သည့် စစ်ဆင်ရေးနှစ်ခုတွင်လည်း သမိုင်းဝင်ရှေးဟောင်းပစ္စည်း စုစုပေါင်း ၇,၁၆၀ ခုကို သိမ်းဆည်းရမိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့သည်။
အစ်ပ်ဆာလာနယ်စပ်ဂိတ်တွင် ဂရိနိုင်ငံဘက်သို့ဦးတည်သွားနေသော ကုန်တင်ကားတစ်စီးကို X-ray ရိုက်ပြီးနောက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကား၏နောက်တွဲအတွင်းရှိ အစားအစာနှင့်ပစ္စည်းကိရိယာများထည့်သည့် ဗီရိုထဲတွင် ဝှက်ထားသည့် ရှေးဟောင်းဒင်္ဂါးပြား ၅,၆၈၅ ခု၊ မြှားဦး ၁၃၀ ခု၊ လက်စွပ် ၁၀၀ ကွင်းနှင့် အခြားဆက်စပ်ပစ္စည်းမျိုးစုံ ၂၀ ခု အပါအဝင် ယဉ်ကျေးမှုဆိုင်ရာရှေးဟောင်းပစ္စည်း ၅,၉၃၅ ခုကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ကာပီကူလီနယ်စပ်ဂိတ်၌ ပြုလုပ်ခဲ့သည့် သီးခြားစစ်ဆင်ရေးတစ်ခုတွင်လည်း ဂရိနိုင်ငံဘက်သို့ ဦးတည်သွားနေသော အခြားကုန်တင်ကားတစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသည့် ရှေးဟောင်းဒင်္ဂါးပြား ၁,၂၂၅ ပြားကို တာဝန်ရှိသူများကသိမ်းဆည်းရမိခဲ့သည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တရားရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
............................................
(English version)
Türkiye seizes 2,000-year-old Zeus head, over 7,100 artifacts
ISTANBUL, Oct. 21 (Xinhua)
Turkish authorities have seized a 2,000-year-old marble head of Zeus and more than 7,100 other historical artifacts in separate anti-smuggling operations across the country, officials said on Wednesday.
In the western province of Izmir, police confiscated a Roman-era marble Zeus head during an operation in the Konak district on Tuesday, according to the provincial security directorate.
The roughly 2,000-year-old artifact was confirmed to be a protected cultural asset and three suspects were detained, Demiroren News Agency reported.
Separately, customs enforcement teams seized a total of 7,160 historical artifacts during two operations at border crossings with Greece in the northwestern province of Edirne, the Trade Ministry announced.
At the Ipsala border crossing, an X-ray scan and subsequent search of a Greece-bound truck uncovered 5,935 cultural artifacts concealed in a food and equipment cabinet inside the trailer, including 5,685 coins, 130 arrowheads, 100 rings and 20 miscellaneous accessories.
In a separate operation at the Kapikule border crossing, officials found another 1,225 undeclared coins in another Greece-bound truck.
The Trade Ministry said judicial investigations into the cases were underway. ■
Pboto caption: This photo taken on May 22, 2026 shows a coastal view of Izmir, Türkiye.((Xinhua/Liu Lei)



df33cec521d7be30bc14cf7d761c8352560e7312.article_card.avif)


6296ee5bf88b25cc86bf4c71cf229e692ff05f4a.article_card.avif)

9beca37d9125aa02ea5db4f35d625a4397213706.article_card.avif)