
နယူးဒေလီ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ယူကရိန်းအသုံးပြုသော “Starlink” ဂြိုဟ်တုဆက်သွယ်ရေးစနစ် အမြန်နှုန်းကန့်သတ်ခံရသည့် ဆုံးဖြတ်ချက်ကို အမေရိကန် Space X ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော်က လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
မာကို ရူဘီယိုက ထိုနေ့တွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ မီဒီယာမေးမြန်းမှုကို ဖြေကြားရာတွင် ယူကရိန်း၏ “Starlink” အသုံးပြုရာတွင် အမြန်နှုန်းကန့်သတ်ခံရခြင်းသည် အမေရိကန်သမ္မတ ထရမ့်နှင့်သက်ဆိုင်မှု မရှိကြောင်း၊ သက်ဆိုင်ရာဆုံးဖြတ်ချက်ကို အီလွန်မက်စ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အိမ်ဖြူတော်အနေဖြင့် ထိုမတိုင်မီ ယင်းကိစ္စအား သိရှိထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ “ထရမ့် ဒါမှမဟုတ် အစိုးရအလွှာက ဘယ်သူကမှ ဒီစနစ်အပေါ် ပြင်ဆင်မှုလုပ်ဆောင်ဖို့ ဘယ်တုန်းကမှ တောင်းဆိုခဲ့တာ မရှိပါဘူး” ဟု ၎င်းက ဆိုခဲ့သည်။
မာကို ရူဘီယိုက ယူကရိန်းအနေဖြင့် “Starlink” ဂြိုဟ်တုဆက်သွယ်ရေးစနစ်၏ စစ်ဘက်သုံးဗားရှင်းဖြစ်သော “Starshield” စနစ် အသုံးပြုခွင့်ကို မည်သည့်အခါကမျှ ရရှိထားခြင်းမရှိကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက အမေရိကန်အနေဖြင့် ယူကရိန်းဘက် “Starlink” စနစ် အသုံးပြုမှုအတွင်း အမြန်နှုန်းကန့်သတ်ရန် အမိန့်ပေးခဲ့ဖူးခြင်းလည်းမရှိဟု ငြင်းဆိုခဲ့သည်။
ထိုမတိုင်မီ အီလွန်မက်စ်က ယူကရိန်းအသုံးပြုသော “Starshield” စနစ်ကို အမေရိကန်အစိုးရက ပိုင်ဆိုင်ထားပြီး ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အသုံးပြုမှုအမြန်နှုန်း သို့မဟုတ် အသုံးပြုနည်း ကန့်သတ်ချက်များကို အမေရိကန်စစ်တပ်ကသာ ဆုံးဖြတ်ခြင်းဖြစ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်သည် အမေရိကန်သမ္မတပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။ အီလွန်မက်စ်သည် ရှေ့သီတင်းပတ်က အမြန်နှုန်းကန့်သတ်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီး ယင်းနှင့်စပ်လျဉ်း၍ ထရမ့်နှင့်ဆွေးနွေးခဲ့ကြောင်း အမေရိကန် The Wall Street Journal က အောက်တိုဘာ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
美国务卿称乌“星链”限速系马斯克所为
新华社新德里10月21日电 美国国务卿鲁比奥21日称,乌克兰使用“星链”卫星通信系统遭限速的决定由美国太空探索技术公司首席执行官埃隆·马斯克作出,而非白宫。
鲁比奥当天在印度孟买接受媒体采访时称,美国总统特朗普与乌克兰使用“星链”遭限速无关,相关决定由马斯克作出。白宫事先对此不知情,“特朗普或政府层面任何人,从未要求对该系统做出任何更改”。
鲁比奥17日曾表示,乌克兰从未获得“星链”卫星通信系统的军事化版本“星盾”系统使用权。他同时否认美方曾下令对乌克兰使用“星链”系统进行限速。
马斯克此前表示,乌克兰使用的“星盾”系统由美国政府拥有和控制,任何有关使用速度或用途的限制由美国军方决定,最终取决于美国总统。美国《华尔街日报》20日报道,马斯克上周作出限速决定,并就此与特朗普进行过讨论。(完)
图说1:5月5日,美国国务卿鲁比奥在华盛顿白宫出席记者会。新华社发(李源清摄)
图说2:1月22日,美国企业家埃隆·马斯克在瑞士达沃斯举办的世界经济论坛2026年年会上发言。新华社记者连漪摄



df33cec521d7be30bc14cf7d761c8352560e7312.article_card.avif)


6296ee5bf88b25cc86bf4c71cf229e692ff05f4a.article_card.avif)

