
မက်ဒရစ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ရီးရဲလ်ဘက်တစ်အသင်း တောင်ပံကစားသမား အန်တိုနီက အောက်တိုဘာ ၁၄ ရက် ညပိုင်းတွင် ပေါ်တိုအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ပါဝင်ကစားနေစဉ် ၎င်း၏နေအိမ် ဖောက်ထွင်းခံခဲ့ရကြောင်း အောက်တိုဘာ ၁၅ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ဘရာဇီးလ် ကစားသမားအနေဖြင့် ၂-၂ ဂိုး ဖြစ်စေမည့် ချေပဂိုးသွင်းယူနိုင်ရန် ကူချို ဟာနန်ဒက်ဇ်အား ဖန်တီးပေးခဲ့ကာ ဘက်တစ်၏ နိုင်ပွဲအတွက် ကူညီစွမ်းဆောင်ပေးခဲ့သော်လည်း အဆိုပါပွဲစဉ်၌ ပါဝင်ကစားနေစဉ် ၎င်း၏နေအိမ် ဖောက်ထွင်းခံခဲ့ရသည်ကို နောက်ပိုင်းမှ သိရှိခဲ့ရခြင်းဖြစ်သည်။
"အလွန်ဝမ်းနည်းစရာကောင်းပြီး အကြီးအကျယ် ဒေါသထွက်စရာကောင်းတဲ့ အခြေအနေတစ်ခုကြောင့် အဲဒီအကြောင်းကို ဒီကနေ့ မျှဝေလိုက်ရတာပါ။ ထူးခြားကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေရမယ့် ညတစ်ညဟာ အမျက်ဒေါသတွေ၊ စိတ်ပျက်မှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်" ဟု အန်တိုနီက ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။
အဆိုပါ တောင်ပံကစားသမားက ယခုကဲ့သို့ နေအိမ်ဖောက်ထွင်းခံရခြင်းကြောင့် ကြုံတွေ့ရသည့် စိတ်ပျက်စရာ အခြေအနေကို ဖွင့်ဟပြောဆိုခဲ့ပြီး ပစ္စည်းဥစ္စာ ဆုံးရှုံးရခြင်းထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပိုမိုကြီးမားခဲ့သည်ဟု ဆိုသည်။
"ကိုယ့်ရဲ့သီးသန့်နေရာကို ကျူးကျော်ခံလိုက်ရတဲ့ ခံစားချက်ကို စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပြီး အဆိုးရွားဆုံးအချက်မှာ ရုပ်ဝတ္ထုပစ္စည်း ဆုံးရှုံးရုံသာမကဘဲ အလုံခြုံဆုံးရှိသင့်သည့် နေရာတွင် လုံခြုံမှုမရှိတော့ဟု ခံစားနေရခြင်းဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
သို့သော် မိသားစုလုံခြုံရေးကသာ ၎င်း၏ အဓိက အလေးထားစရာအဖြစ် ဆက်ရှိနေကြောင်း အန်တိုနီက အလေးအနက် ပြောကြားခဲ့သည်။ "ကမ္ဘာပေါ်မှာ ဘယ်ရုပ်ဝတ္ထုပစ္စည်းကမှ ကျွန်တော်တို့မိသားစုရဲ့ ရှင်သန်နေထိုင်မှုနဲ့ ဘေးကင်းလုံခြုံမှုထက် ပိုပြီးတန်ဖိုးမရှိပါဘူး" ဟုလည်း ၎င်းက ရေးသားခဲ့သည်။
"ဆုံးရှုံးသွားတဲ့ အရာအားလုံးကို ပြန်ပြီးရှာဖွေစုဆောင်းလို့ ရပါတယ်။ လုပ်စရာရှိတာတွေကို ဆက်လုပ်သွားမှာဖြစ်သလို ကျွန်တော်တို့ရဲ့ အိပ်မက်တွေနဲ့ အောင်မြင်မှုအတွက် ကြိုးစားမှုတွေကလည်း အရင်အတိုင်း ခိုင်ခိုင်မာမာရှိနေဆဲပါပဲ" ဟု ၎င်းက ဆိုသည်။
အန်တိုနီမှာ ၄၈ နာရီအတွင်း စပိန်နိုင်ငံ၌ ဖောက်ထွင်းခံရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့် ဒုတိယမြောက် နာမည်ကြီး ဘောလုံးသမားလည်းဖြစ်သည်။
ဗီလာရီးရဲလ်အသင်း ဂိုးသမား ပီတာ ဂူလက်စီနှင့် ၎င်း၏ မိသားစုသည်လည်း အောက်တိုဘာ ၁၃ ရက်က လက်နက်ကိုင်လုယက်မှုကို ခံခဲ့ရသဖြင့် နာပိုလီအသင်းကို အနိုင်ရရှိခဲ့သည့် ပွဲစဉ်အား လွဲချော်ခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။
ဂူလက်စီမှာ အောက်တိုဘာ ၁၆ ရက်တွင် လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ယင်းဖြစ်ရပ်ဆိုးမှာ ၎င်းအတွက် "အလွန်အမင်း ချောက်ချားဖွယ်ရာဖြစ်ပြီး လက်ခံရခက်ခဲသည်" ဟု ဖွင့်ဟပြောဆိုခဲ့သည်။ (Xinhua)
..................................
(English Version)
Antony reveals home burglary during Betis' Champions League win
MADRID, Oct. 15 (Xinhua) -- Real Betis winger Antony revealed Thursday that his home was burgled while he was playing in his team's 3-2 Champions League victory over Porto the previous night.
The Brazilian helped Betis secure the win, setting up Cucho Hernandez for the equalizer at 2-2, but later discovered that thieves had broken into his home during the match.
"I am sharing this today because of a very sad and infuriating situation. A night that had every potential to be brilliant ended in outrage and frustration," Antony wrote on social media.
The winger described the distress of having his home invaded, saying the emotional impact outweighed the loss of possessions.
He said it was difficult to "describe the feeling of having one's personal space invaded," adding that the worst part was "not just the material loss, but the sense of insecurity within the very place where we should feel safest."
However, Antony stressed that his family's safety remained his overriding concern.
"No material possession in the world is more valuable than the lives and well-being of my family," he wrote.
"Everything we lost can be regained. The work continues, our dreams remain, and our drive to succeed stays as strong as ever."
Antony is the second high-profile footballer in Spain to report a robbery in less than 48 hours.
Villarreal goalkeeper Peter Gulacsi missed his team's victory over Napoli on Tuesday after he and his family were victims of an armed robbery. No one was injured in the incident.
Gulacsi returned to training Thursday but described the ordeal as "extremely traumatic" and "difficult to accept."
Photo caption: Antony Santos (L) of Real Betis shoots and scores during the UEFA Europa League 2025/26 League Phase match between GNK Dinamo and Real Betis in Zagreb, Croatia, on Dec. 11, 2025. (Sanjin Strukic/PIXSELL via Xinhua)








