
ဝူဟန့်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဝူဟန့်အိုးပင်း တင်းနစ်ပွဲစဉ်များတွင် ပိုလန်တင်းနစ်မယ် မာဂျာ ချဝါလင်စကာက အမေရိကန်နိုင်ငံမှ ကမ္ဘာ့အဆင့်-၁၁ အီဗာ ဂျိုဗစ်ကို ၆-၄၊ ၆-၁ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ၎င်း၏ကစားသမားဘဝတွင် အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ပြိုင်ဘက်အား အနိုင်ယူခဲ့သည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့သလို ဒိုင်ယာနာ ရှနိုက်ဒါကလည်း ကာရိုလီနာ မူချိုဗာ (ဆီဒင်-၆) ကို ဖြုတ်ချနိုင်ခဲ့သည်။
ချဝါလင်စကာက ဂျိုဗစ်အား တည်ငြိမ်သည့်လက်စွမ်းဖြင့် ယှဉ်ပြိုင်သွားခဲ့ပြီး အပြန်အလှန်ရိုက်ချက်များဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကျော်လွှားကာ ပြိုင်ဘက်၏ အဆင့်သတ်မှတ်ချက်အရ ၎င်း၏ကစားသမားဘဝတွင် အချိုမြိန်ဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည်။
"ကျွန်မအနေနဲ့ တော်တော်လေး လက်စွမ်းပြကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်" ဟု ချဝါလင်စကာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "အီဗာက တကယ်ကိုထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒီနေ့ပွဲမှာ အနိုင်ရဖို့ ကျွန်မ အကောင်းဆုံး ကစားရမယ်ဆိုတာ သိထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ယခုပွဲစဉ်မှာ ရမှတ်အနေအထားထက် ပိုမိုခက်ခဲခဲ့သည်ဟုလည်း အဆိုပါ ပိုလန်တင်းနစ်မယ်က ဆိုသည်။
"ရမှတ်က ပြတ်ပြတ်သားသားရှိတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ရုပ်ပိုင်းဆိုင်ရာအရ အတော်လေး အားထုတ်ခဲ့ရပြီး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ အပြန်အလှန်ရိုက်ချက်တွေ အများကြီးရှိခဲ့တယ်" ဟု ၎င်းက ဆိုသည်။ "သိပ်ကိုခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲဆိုတာ အသေအချာပါပဲ" ဟုလည်း ၎င်းက ပြောသည်။
ချဝါလင်စကာအနေဖြင့် နောက်တစ်ဆင့်တွင် ဆလိုဗက်ကီးယားနိုင်ငံမှ Wild Card ဖြင့် ပါဝင်ကစားခွင့်ရသူ မီယာ ပိုဟန်ကိုဗာကို ၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည့် ဂရိတင်းနစ်မယ် မာရီယာ ဆက်ကာရီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့အတူ ရှနိုက်ဒါကလည်း ချက်တင်းနစ်မယ် မူချိုဗာကို ၇-၅၊ ၆-၃ ဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူကာ နှစ်နှစ်အတွင်း ဝူဟန့်အိုးပင်းပြိုင်ပွဲ၌ တစ်ဦးချင်း သို့မဟုတ် နှစ်ယောက်တွဲပွဲစဉ်များတွင် ၎င်း၏ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည်။
ထို့ကြောင့် ရှနိုက်ဒါအနေဖြင့် ယခုရာသီတွင် ကမ္ဘာ့အဆင့် ၁၀ အတွင်းမှ ပြိုင်ဘက်ကို တတိယအကြိမ် အနိုင်ရရှိခြင်းလည်းဖြစ်သည်။
ယူကရိန်းနိုင်ငံမှ အယ်လီနာ ဆဗစ်တိုလီနာ (ဆီဒင်-၅) က တရုတ်နိုင်ငံမှ ကောဟန်ယွိ ကို ပွဲကစားချိန် ၁ နာရီနှင့် မိနစ် ၃၀ အတွင်း ၆-၁၊ ၆-၄ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့ပြီး WTA 1000 ပြိုင်ပွဲ အမျိုးအစားတစ်ခု၌ Guo ၏ ကစားသမားဘဝ အကောင်းဆုံးလက်စွမ်းပြမှုကို အဆုံးသတ်စေခဲ့သည်။
Guo က ဆဗစ်တိုလီနာ၏ ကစားပုံကို စိတ်ကြိုက်ထိန်းချုပ်နိုင်စွမ်းနှင့် အပြန်အလှန် ရိုက်ချက်များတွင် နည်းဗျူဟာအမျိုးမျိုး ပြောင်းလဲနိုင်သည့် စွမ်းရည်ကို ချီးကျူးခဲ့သည်။
"ဒီနေ့တော့ ဆဗစ်တိုလီနာရဲ့ ပွဲအရှိန်အဟုန်ကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်သွားတဲ့ ပုံစံက ကျွန်မအတွက် အထင်ကြီးစရာ အကောင်းဆုံးပါပဲ" ဟု ၎င်းက ပြောသည်။ "သူက စွန့်စားပြီး ပိုပြီးပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ရမယ့်အချိန်နဲ့ ပိုပြီးအန္တရာယ်ကင်းကင်းနဲ့ ခံစစ်ကစားရမယ့် အချိန်တွေကို အတိအကျ သိထားပါတယ်။ အဲဒါက နောက်ပိုင်းမှာ ကျွန်မ ပိုပြီးကြိုးစားပြင်ဆင်သွားချင်တဲ့ အချက်ပါပဲ" ဟုလည်း ၎င်းက ဆိုသည်။
Guo မှာ တစ်ဦးချင်းပွဲစဉ်မှ ထွက်ခွာခဲ့ရသော်လည်း ပြင်သစ်တင်းနစ်မယ် ခရစ္စတီးနား မလာဒီနိုဗစ်နှင့်အတူ နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၎င်းတို့အတွဲမှာ ပြိုင်ဘက်များ နုတ်ထွက်သွားခဲ့သဖြင့် ကွာတားဖိုင်နယ်သို့ အလိုအလျောက် တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ပိုလန်နိုင်ငံမှ အီဂါ ရှီအွန်တက်ခ် (ဆီဒင်-၇) က အမေရိကန်နိုင်ငံမှ အက်ရှ်လင်း ခရူဂါကို ၆-၁၊ ၆-၄ ဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အမေရိကန်နိုင်ငံမှ အန်းလီကလည်း အင်ဒိုနီးရှားနိုင်ငံမှ ဂျန်းနစ်စ် တီဂျန်ကို ၆-၁၊ ၇-၆ (၁) ဖြင့် အနိုင်ရရှိခဲ့သည်။
ဗြိတိန်နိုင်ငံမှ ဆိုနေး ကာတယ်လ်ကလည်း အီတလီနိုင်ငံမှ ဂျက်စမင် ပေါင်လီနီ (ဆီဒင်-၁၅) ကို ၆-၂၊ ၆-၀ ဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ရာ နောက်ထပ် မထင်မှတ်ထားသည့် ရလဒ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လတ်ဗီးယားနိုင်ငံမှ ဂျလီနာ အော့စတာပင်ကိုကလည်း ကနေဒါနိုင်ငံမှ လေလာ ဖာနန်ဒက်ဇ်ကို ၆-၁၊ ၁-၆၊ ၆-၄ ဖြင့် သုံးပွဲအကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည်။ (Xinhua)



..................................
(English Version)
Chwalinska claims career-best win as Swiatek advances in Wuhan
WUHAN, Oct. 15 (Xinhua) -- Poland's Maja Chwalinska claimed the highest-ranked scalp of her career Thursday, upsetting world No. 11 Iva Jovic of the United States 6-4, 6-1 to reach the Wuhan Open quarterfinals, while Diana Shnaider knocked out sixth-seeded Karolina Muchova.
Chwalinska delivered a composed performance against Jovic, overcoming a series of demanding rallies to secure the biggest win of her career in terms of her opponent's ranking.
"I think it was quite a solid match from my side," Chwalinska said. "Iva is an amazing player. I knew that I needed to play my best game to get a win today."
The Pole said the contest had been tougher than the score suggested.
"We had many very challenging rallies and it was a very physical match, even though the score maybe doesn't show it," she said. "It was definitely a very hard match."
Chwalinska will next face Greece's Maria Sakkari, who defeated Slovak wild card Mia Pohankova 6-1, 6-4.
Shnaider also produced an upset, beating Muchova of the Czech Republic 7-5, 6-3 for her first victory in either singles or doubles at Wuhan in two years.
The result marked Shnaider's third win over a top-10 opponent this season.
Fifth seed Elina Svitolina of Ukraine advanced with a 6-1, 6-4 victory over China's Guo Hanyu in one hour and 30 minutes, ending Guo's career-best run at a WTA 1000 tournament.
Guo praised Svitolina's ability to dictate play and vary her approach during rallies.
"What impressed me most today was how well she controlled the rhythm of the match," Guo said. "She knew when to take the risky, more aggressive option and when to play safer and more solid. That is the area I want to work on and improve in the future."
Despite her singles exit, Guo remains in the doubles competition alongside France's Kristina Mladenovic. The pair advanced to the quarterfinals following their opponents' withdrawal.
Seventh-seeded Iga Swiatek of Poland eased past American Ashlyn Krueger 6-1, 6-4, while Ann Li of the United States defeated Indonesia's Janice Tjen 6-1, 7-6 (1).
Britain's Sonay Kartal recorded another notable upset, routing 15th-seeded Jasmine Paolini of Italy 6-2, 6-0.
Latvia's Jelena Ostapenko also advanced after a three-set battle, defeating Canada's Leylah Fernandez 6-1, 1-6, 6-4.
Photo caption 1: Elina Svitolina serves during the women's sinlges round of 16 match between Guo Hanyu of China and Elina Svitolina of Ukraine at the 2026 Wuhan Open tennis tournament in Wuhan, capital of central China's Hubei Province, Oct. 15, 2026. (Xinhua/Xiao Yijiu)
Photo caption 2: Guo Hanyu returns a shot during the women's sinlges round of 16 match between Guo Hanyu of China and Elina Svitolina of Ukraine at the 2026 Wuhan Open tennis tournament in Wuhan, capital of central China's Hubei Province, Oct. 15, 2026. (Xinhua/Xiao Yijiu)







