
ဘာလင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၅ ရက်က ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် ဖရိုင်းဘတ်အသင်းက ချက်ကလပ် ဂျာဘလိုနက်စ်ကို အိမ်ကွင်း၌ လက်ခံကစားပြီး ၃-၂ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှဦးဆောင်နေသည့် ဖရိုင်းဘတ်အသင်းမှာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် စတင်ကစားခြင်းဖြစ်ပြီး တာထွက်ရလဒ်လည်း ကောင်းမွန်ခဲ့သည်။
ဖရိုင်းဘတ်အသင်းမှာ ပွဲချိန် ၁၅ မိနစ်တွင် ဗင်းဆင်ဇိုဂရီဖို၏ ၁၈ မီတာအကွာမှ ဂိုးတိုင်၏ အပေါ်ဘယ်ဘက်ထောင့်ထဲသို့ ဝေ့ဝိုက်ကန်သွင်းသည့်ပြစ်ဒဏ်ဘောကန်ချက်ဖြင့် ဦးဆောင်ဂိုးရခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိုးမရမီ ဆီရီယက်အီရီယေနှင့် လူးကပ်စ်ကူဘလာတို့၏ ကန်သွင်းမှုများက ဂိုးဘားတန်းကို ထိမှန်ခဲ့၍ နစ်နာခဲ့ရသည်။ ဦးဆောင်ဂိုးရပြီးနောက် ဖရိုင်းဘတ်အသင်းကပင်အခွင့်အလမ်းများကို ဆက်လက်ဖန်တီးနိုင်ခဲ့သော်လည်း ဂရီဖို၏ကန်သွင်းမှုကို ဂျာဘလိုနက်စ်ဂိုးသမား ယန်းဟာနက်စ်ကကာကွယ်ခဲ့သလိုကူဘလာ၏ ခေါင်းတိုက်ချက်ကလည်း ဘေးထွက်သွားခဲ့သည်။ ယင်းနောက် ဂျာဘလိုနက်စ်က ပွဲချိန် ၂၈ မိနစ်တွင် ချေပဂိုးရသွားခဲ့သည်။ အဆိုပါဂိုးမှာ ပထမပိုင်းတွင် ဂျာဘလိုနက်စ်အသင်းရခဲ့သည့် တစ်ကြိမ်တည်းသော ဂိုးကန်သွင်းမှုဖြစ်ပြီး ဂျီရီဆလာမာ၏ ဖြတ်ပို့ပေးမှုကို အန်တိုနင်ရူဆက်က ကန်သွင်းခဲ့ရာတွင် မာသီးယပ်စ်ဂျင်တာနှင့်ထိပြီးလမ်းကြောင်းပြောင်းကာ ဂိုးသမားမီယိုဘက်ခ်ဟက်စ်ကို ဖြတ်ကျော်၍ ဂိုးဝင်သွားခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းအပြီးတွင်မူ အိမ်ရှင်ဖရိုင်းဘတ်အသင်းက ပြန်လည်ဖိအားပေးကစားနိုင်ခဲ့သည်။
မက်ဆီမီလီယန်အက်ဂျက်စတိန်းက ပွဲချိန် ၅၃ မိနစ်တွင်အဝေးကန်ချက်ဖြင့် ဟာနက်စ်ကို ခြိမ်းခြောက်ခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် ဖရိုင်းဘတ်က ဦးဆောင်ဂိုးထပ်မံရရှိ သွားခဲ့သည်။ အဆိုပါဂိုးမှာ ဆလာမာက ရှင်းထုတ်ခြင်းမပြုမီ ဘောလုံးက ဂိုးစည်းကိုကျော်သွားခဲ့ပြီး VAR ဖြင့် ကြာမြင့်စွာပြန်လည်ကြည့်ရှုပြီးနောက် ဒူဆန်ပါဗလိုဗစ်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။
ဦးဆောင်ဂိုးရပြီးနောက် ၉ မိနစ်အကြာတွင် အက်ဂျက်စတိန်းက ပင်နယ်တီဧရိယာ အပြင်ဘက်မှ ဘယ်ဘက်ထောင့်သို့ ကန်သွင်းကာ ဖရိုင်းဘတ်အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံရရှိသွားစေခဲ့သည်။ ပွဲချိန်မိနစ် ၈၀ တွင်ဂျော်ဒီမာကန်ဂို၏ ကန်သွင်းချက်ကို ဂိုးသမား ဟာနက်စ် ကာကွယ်နိုင်ခဲ့သော်လည်း နာကျင်အချိန်ပို ၃ မိနစ်တွင် လူစားဝင် ကစားသမား ဂါရန်ကူးလ်က ဂျာဘလိုနက်စ်အသင်းအတွက် တစ်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
"ကျွန်တော်တို့ အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့တာပါ။ ဒီနေ့ပွဲက ဘာဖြစ်လာမလဲဆိုတာကို အတိအကျ မသိလို့ အခြေအနေကို အကဲခတ်လေ့လာရင်း ကစားခဲ့ရတဲ့ပွဲပါပဲ"ဟု ဂျင်တာက ပြောကြားခဲ့သည်။
အဆိုပါနိုင်ပွဲကြောင့် ဖရိုင်းဘတ်အသင်းမှာ ပထမဆုံးပွဲကစားပြီး ၃ မှတ်ရရှိခဲ့ကာ လိဂ်အဆင့်ရပ်တည်မှုတွင် အဆင့် ၇ နေရာ၌ ရပ်တည်နေပြီး ဂျာဘလိုနက်စ်အသင်းမှာမူ ရမှတ်မရသေးဘဲ အဆင့် ၂၃ နေရာတွင် ပူးတွဲရပ်တည်နေသည်။
အခြားသောပွဲစဉ်များတွင် ဘရိုက်တန်အသင်းက ကူနိုဇယ်ဂျီရစ်အသင်းကို ၄-၀၊ အတ္တလန္တာအသင်းကပါဖို့စ်အသင်းကို ၃-၁၊ ကိုပင်ဟေဂင်အသင်းကဘရာဂါအသင်းကို ၃-၀ ဂိုး ရလဒ်များဖြင့် အနိုင်ရခဲ့ကြသည်။ အလားတူ ထရက်ဇွန်စပေါအသင်းက KuPS Kuopio အသင်းကို ၄-၂၊ မိုနာကိုအသင်းက စီအက်စ်ကေအေဆိုဖီယာအသင်းကို ၂-၁ ဖြင့် အနိုင်ရခဲ့သလို ဟာဂျက်စပလစ်အသင်းကလည်း အေဂျက်စ်အသင်းကို ၂-၁ ရလဒ်ဖြင့်ပင် အနိုင်ရရှိခဲ့သည်။ (Xinhua)
............................
(English version)
Freiburg wins Conference League debut
BERLIN, Oct. 15 (Xinhua) Freiburg opened its UEFA Conference League campaign with a 3-2 home victory over Czech side Jablonec on Thursday.
Playing its first match in the competition, the Bundesliga leader made a bright start. Cyriaque Irie and Lukas Kubler both struck the crossbar before Vincenzo Grifo curled an 18-meter free kick into the top-left corner in the 15th minute.
Freiburg continued to create chances, but Grifo was denied by goalkeeper Jan Hanus and Kubler headed wide. Jablonec then equalized with its only shot of the first half when Antonin Rusek met Jiri Slama's cross and saw his effort deflect off Matthias Ginter and past Mio Backhaus in the 28th minute.
The hosts resumed their pressure after halftime. Maximilian Eggestein tested Hanus from distance in the 53rd minute, and Freiburg regained the lead from the resulting corner. The ball crossed the line before Slama cleared it, and after a lengthy VAR review, Dusan Pavlovic was credited with an own goal.
Eggestein extended the lead nine minutes later, firing from outside the area into the left corner. Hanus denied Jordy Makengo in the 80th minute before substitute Garang Kuol pulled one back for Jablonec three minutes into stoppage time.
"We are winning the close games," Ginter said. "Today was about finding our feet a little because we didn't know exactly what to expect."
The victory left Freiburg seventh in the league-phase standings with three points after the opening round, while Jablonec sat joint 23rd without a point.
Elsewhere, Brighton beat Kauno Zalgiris 4-0, Atalanta defeated Pafos 3-1 and Copenhagen overcame Braga 3-0. Trabzonspor won 4-2 at KuPS Kuopio, Monaco edged CSKA Sofia 2-1 and Hajduk Split beat Ajax by the same score. ■
Photo caption: Brighton & Hove Albion's Danny Welbeck (C) celebrates his goal with his teammates during the FA Cup 3rd Round match between Manchester United FC and Brighton & Hove Albion FC in Manchester, Britain, on Jan. 11, 2026. (Xinhua)







