ဂျာမနီနိုင်ငံ၊ လေဗာကူဆင်မြို့တွင်ကစားခဲ့သည့် လေဗာကူဆင်နှင့် အန်ကေဆဲလ်ဂျီးအသင်းတို့၏ ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေကြသည့် လေဗာကူဆင်ကစားသမားများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ၊ လေဗာကူဆင်မြို့တွင်ကစားခဲ့သည့် လေဗာကူဆင်နှင့် အန်ကေဆဲလ်ဂျီးအသင်းတို့၏ ယူအီးအက်ဖ်အေယူရိုပါလိဂ်ပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေကြသည့် လေဗာကူဆင်ကစားသမားများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၁၅ ရက်က ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်တွင် ဘေယာလေဗာကူဆင်အသင်းက လက်ချ်ပေါ့ဇနန်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြိုင်ပွဲအစပိုင်း တာထွက်ကောင်းမွန်နေမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သလို လူစားဝင်သည့် ပတ်ထရစ်ရှစ်ခ်ကလည်း ပထမပိုင်း မပြီးဆုံးခင်မှာပင် ပင်နယ်တီမှတစ်ဆင့် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည်။

လေဗာကူဆင်အသင်းသည် မိန့်ဇ်အသင်းကိုအနိုင်ရရှိခဲ့သည့်ပွဲမှ လူစာရင်းကို ခြောက်နေရာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပတ်ထရစ်ရှစ်၏နေရာတွင် မာတင်တာရီယာကို ပွဲထွက်ကစားစေခဲ့ခြင်းဖြစ်သော်လည်း တာရီယာဒဏ်ရာရရှိသွားခဲ့ခြင်းကြောင့် ပွဲချိန် ၁၈ မိနစ်တွင် ချက် တိုက်စစ်မှူး ပတ်ထရစ်ရှစ်ခ်က လူစားဝင် ကစားခဲ့ရခြင်းဖြစ်သည်။

ပွဲအစပိုင်းတွင် လေဗာကူဆင်နောက်ခံလူ Edmond Tapsoba က ခေါင်းတိုက်ချက်ဖြင့် ခြိမ်းခြောက်နိုင်ခဲ့သလို လက်ချ်ပေါ့ဇနန်တိုက်စစ်မှူး မီခေးလ်အီရှက်ကလည်း ပြင်းထန်သောကန်ချက်ဖြင့် ပြန်လည်ခြိမ်းခြော​က်နိုင်ခဲ့သည်။ လေဗာကူဆင်မှ မာလစ်ခ်တေးလ်မန်း၏ ခေါင်းတိုက်ချက်သည် ဂိုးတန်းအပေါ်မှ ကပ်၍ ကျော်သွားခဲ့သည်။ နောက်ပိုင်းတွင််မူ VAR ဆုံးဖြတ်ချက်နှစ်ခုက ပွဲကို လေဗာကူဆင်အသင်း ထိန်းချုပ်ရန် အထောက်အကူဖြစ်သွားစေခဲ့သည်။

ပွဲချိန် ၂၉ မိနစ်တွင် Terry Yegbe ကဘောလုံးကို လက်ဖြင့်ထိမိရာမှ လေဗာကူဆင်အသင်း ပထမဆုံး ပင်နယ်တီ ရခဲ့ပြီး ယင်းကိုပတ်ထရစ်ရှစ်ခ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ နောက်သုံးမိနစ်အကြာတွင် နသန်တယ်လာ၏ကန်ချက်ကို ဂိုးသမား ကာကွယ်ခဲ့သော်လည်း တေးလ်မန်းကအနီးကပ်ပိတ်သွင်းကာ လေဗာကူဆင်အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ယင်းနောက် ပွဲချိန် ၄၁ မိနစ်တွင် Mateusz Skrzypczakက ပတ်ထရစ်ရှစ်ပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ကို VAR ဖြင့် ပြန်လည်ကြည့်ရှုပြီးနောက် လေဗာကူဆင်အသင်းက ဒုတိယမြောက်ပင်နယ်တီရရှိခဲ့ရာ ပတ်ထရစ်ရှစ်ခ်ကပင် ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် လေဗာကူဆင်အသင်းက ၃ ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာမီ တယ်လာ ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို ပတ်ထရစ်ရှစ်ခ်က အနီးကပ်ခေါင်းတိုက်ခဲ့သော်လည်း လွဲချော်သွားခဲ့ရာ ဟက်ထရစ် ရယူနိုင်မည့်အခွင့်အရေးကို ပတ်ထရစ်ရှစ်ခ် ဆုံးရှုံးသွားခဲ့သည်။ ၃ ဂိုးပြတ်ဦးဆောင်နေခြင်းနှင့်အတူ လေဗာကူဆင်အသင်းမှာ ဒုတိယပိုင်းတွင် ပြိုင်ဘက်အသင်း၏ ဖိအားပေးခံရမှုမရှိသလောက်ပင် ဖြစ်ခဲ့သည်။

လက်ချ်ပေါ့ဇနန် ဂိုးသမား Mateusz Lis က အယ်ဖွန်ဆိုမိုရီယာ၏ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့သော်လည်း ပွဲချိန် ၈၈ မိနစ်တွင် မိုရီရာ ကန်တင်ပေးလိုက်သည့်ဘောလုံးကို အီဘရာဟင်မာဇာက ဂိုးသွင်းယူနိုင်ခဲ့၍ လေဗာကူဆင်အသင်းက ၄-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်ဝမ်းသာပါတယ်။ ဒီနေ့သာ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံအတိုင်း မကစားနိုင်ခဲ့ရင် ဒီပွဲက အခြေအနေ ခက်ခဲသွားနိုင်ပါတယ်။ ကစားသမားတိုင်းပဲ ကိုယ့်တာဝန်အတိုင်း အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။ ၃-၀ ပြတ် ဦးဆောင်နေချိန်မှာတောင် ကျွန်တော်တို့ ဆက်ပြီး တိုက်စစ်ဆင် ဖိအားပေးကစားခဲ့လို့လည်း နောက်ထပ်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့တာပါ" ဟု လေဗာကူဆင်အသင်းနည်းပြ ချားလက်စ်မာတီနက်ဇ်က ပြောကြားခဲ့သည်။

အဆိုပါနိုင်ပွဲကြောင့် လေဗာကူဆင်အသင်းမှာ ၂ ပွဲကစားပြီး ၆ မှတ်ရရှိခဲ့ကာ လိဂ်အဆင့်ရပ်တည်မှုတွင် သွင်းဂိုးအရေအတွက်အရ ဂျုဗင်တပ်အသင်း၏နောက် ဒုတိယနေရာ၌ ရပ်တည်နေသည်။ လက်ချ်ပေါ့ဇနန်အသင်းမှာမူ အမှတ်မရသေးဘဲ အောက်ဆုံးနေရာ၌သာ ဆက်လက်ရပ်တည်နေသည်။

အောက်တိုဘာ ၁၅ ရက်က ကစားခဲ့သည့်အခြားပွဲစဉ်များတွင် ဂျုဗင်တပ်အသင်းက ဆဲလ်တာဗီဂိုအသင်းကို နောက်​ကပြန်လိုက်ကစားပြီး ၂-၁ ဂိုးရလဒ်ဖြင့်အနိုင်ရကာ လိဂ်အဆင့်တွင် ထိပ်ဆုံးမှရပ်တည်နေမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ ပွဲချိန် ၁၈ မိနစ်တွင် ဦးဆောင်ဂိုး ပေးလိုက်ရသော်လည်း အီတလီကလပ် ဂျုဗင်တပ်က ပွဲချိန် ၅၈ မိနစ်တွင် နစ်ခ်ဝေါ်တာမာဒါ၏ဂိုးဖြင့် ချေပဂိုးရခဲ့သလို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ရန်ဒယ်ကိုလိုမူအာနီက ခေါင်းတိုက်ဂိုးသွင်းယူကာ အနိုင်ပွဲရယူပေးခဲ့ခြင်းဖြစ်သည်။

အခြားပွဲစဉ်များတွင် ဘင်ဖီကာ အသင်းက ဆဲလ်တစ် အသင်းကို ၄-၁၊ အေစီမီလန်အသင်းက ဆဲလ်ဘတ်အသင်းကို အဝေးကွင်း၌ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘုန်းမောက်အသင်းကမူ စတွန်းဂရက်ဇ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဘက်ဆစ်တပ်အသင်းကလည်း ဟော့ဖန်ဟိမ်းအသင်းကို ၃-၂၊ လိုင်ယွန်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို ၃-၂ ဂိုးတို့ဖြင့် အနိုင်ရခဲ့သလို ဆန်းဒါးလန်းအသင်းကလည်း Uniao Torreense အသင်းကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အိုလံပီယာကို့စ်အသင်းကမူ မာဆေးလ်အသင်းကို အ​ဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ကာ အိုမိုနီယားနီကိုးရှားအသင်းက ဆဲလ်ဂျီးအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့ကြသည်။ (Xinhua)

...............................

(English version)

Schick nets twice in Leverkusen win as Juventus stays top in Europa League

BERLIN, Oct. 15 (Xinhua)

Bayer Leverkusen extended its perfect start in the UEFA Europa League with a 4-0 win at Lech Poznan on Thursday, as substitute Patrik Schick scored twice from the penalty spot before halftime.

Leverkusen made six changes from its league victory at Mainz, with Martin Terrier starting ahead of Schick. Terrier's injury brought the Czech striker on in the 18th minute.

Edmond Tapsoba threatened with an early header, while Lech striker Mikael Ishak responded with a powerful effort. Malik Tillman also headed narrowly over before two VAR interventions helped Leverkusen take control.

A handball by Terry Yegbe gave Leverkusen its first penalty, which Schick converted in the 29th minute. Tillman doubled the lead three minutes later, following up from close range after Nathan Tella's shot was saved.

Another VAR review resulted in a second penalty after Mateusz Skrzypczak fouled Schick. The striker converted again in the 41st minute to give the visitors a three-goal halftime lead.

Schick missed a chance to complete his hat-trick shortly after the restart, heading wide from close range following Tella's cross. With a three-goal advantage, Leverkusen rarely came under pressure.

Goalkeeper Mateusz Lis later denied Afonso Moreira before Ibrahim Maza completed the scoring in the 88th minute from Moreira's pass.

"I am happy. If we hadn't performed at our best today, it could have been difficult for us. Everybody played their part. Even at 3-0, we kept competing and pressing, and we scored another goal," said Leverkusen coach Carles Martinez.

The win leaves Leverkusen second with six points from two matches, behind Juventus on goals scored. Lech remains bottom without a point.

Elsewhere on Thursday, Juventus came from behind to beat Celta Vigo 2-1 and retain top spot. After falling behind in the 18th minute, the Italian side equalized through Nick Woltemade in the 58th before Randal Kolo Muani headed the winner in stoppage time.

In other matches, Benfica beat Celtic 4-1 and AC Milan won 4-0 at Salzburg, while Bournemouth defeated Sturm Graz 3-0. Besiktas edged Hoffenheim 3-2, Lyon overcame Crystal Palace 3-2 and Sunderland won 2-1 at Uniao Torreense. Olympiakos prevailed 1-0 at Marseille, while Omonia Nicosia beat Celje 3-0.

Photo caption: Players of Bayer 04 Leverkusen celebrate scoring during the UEFA Europa League football match between Bayer 04 Leverkusen and NK Celje in Leverkusen, Germany, Sept. 16, 2026. (Photo by Ulrich Hufnagel/Xinhua)