
ဝါရှင်တန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၄ ရက်က ကစားခဲ့သည့် အမေရိကန်မေဂျာလိဂ် အိမ်ကွင်းပွဲစဉ်တွင် လက်ရှိချန်ပီယံ အင်တာမိုင်ယာမီအသင်းက လီယွန်နယ်မက်ဆီနှင့် လူးဝစ်ဆွာရက်ဇ်တို့၏ ဖန်တီးပေးမှုများဖြင့် နယူးယောက်အက်ဖ်စီအသင်းကို ၂-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။
အင်တာမိုင်ယာမီအသင်းမှာ လူးဝစ်ဆွာရက်ဇ်၏ တိကျကောင်းမွန်သည့် ဘောလုံးဖြတ်ပို့ပေးမှုမှတစ်ဆင့် ဂျာမန်ဘာတာရာမီက အသာအယာပိတ်သွင်းကာ အဖွင့်ဂိုးစတင်ရယူနိုင်ခဲ့သလို မက်ဆီက ဘေးတိုက်အသာအယာခင်းပေးလိုက်သည့် ဘောလုံးကို ရိုဒရီဂိုဒီပေါလ်က အားပါပြင်းထန်သည့်ကန်ချက်ဖြင့် နယူးယောက်အက်ဖ်စီဂိုးသမား မတ်ဖရက်ဆီကို ကျော်ဖြတ်ကာ အင်တာမိုင်ယာမီအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
နယူးယောက်အက်ဖ်စီအသင်းက တန်ပြန်တိုက်စစ်များဖြင့် အင်တာမိုင်ယာမီအသင်းကို မကြာခဏ အခက်တွေ့စေခဲ့သော်လည်း အင်တာမိုင်ယာမီဂိုးသမား ဒိန်းစိန့်ကလဲယား၏ ဆက်တိုက်အကောင်းဆုံး လက်စွမ်းပြကာကွယ်မှုများကြောင့် ဂိုးရခြင်းမရှိခဲ့ပေ။
ဧည့်သည်နယူးယောက်အက်ဖ်စီအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခွင့်ရှိခဲ့သော်လည်း ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ရခဲ့သည့် ပင်နယ်တီကို အာဂျင်တီးနားတိုက်စစ်မှူး နီကိုးလက်စ်ဖာနန်ဒက်ဇ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိ၍ အခွင့်အရေး ဆုံးရှုံးသွားခဲ့သည်။
အဆိုပါနိုင်ပွဲရလဒ်ကြောင့် အင်တာမိုင်ယာမီအသင်းမှာ အရှေ့ပိုင်းကွန်းဖရန့်လိဂ်တွင် ၅၂ မှတ်ရထားကာ ဒုတိယနေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှဦးဆောင်နေသည့် နက်ရှ်ဗီးလ်အသင်းနှင့်မူ ၁၄ မှတ် ပြတ်နေသည်။ နယူးယောက်အက်ဖ်စီအသင်းကမူ ၁၅ သင်း ပါဝင်ယှဥ်ပြိုင်နေသည့် အဆိုပါလိဂ်တွင် ၃၃ မှတ်ဖြင့် အဆင့် ၁၀ နေရာသို့ ရောက်ရှိနေသည်။ (Xinhua)
...............................................
(English version)
Messi assists as Inter Miami beats New York FC
WASHINGTON, Oct. 14 (Xinhua)
Lionel Messi and Luis Suarez each provided assists as reigning champion Inter Miami cruised to a 2-0 home MLS win over New York City FC on Wednesday.
Suarez's inch-perfect cross set up German Berterame's opener and Messi then squared the ball for Rodrigo De Paul, who rifled a shot past goalkeeper Matt Freese.
New York City often troubled Inter Miami on the counterattack and was denied by a series of sharp saves from goalkeeper Dayne St. Clair.
The visitors squandered a chance to pull a goal back when Argentine forward Nicolas Fernandez missed a penalty attempt in second-half stoppage time.
The result leaves Inter Miami second in the Eastern Conference with 52 points, 14 behind leader Nashville. New York City is 10th in the 15-team standings with 33 points. ■
Photo caption: Lionel Messi of Inter Miami CF celebrates scoring during the Group A match between Inter Miami CF of the United States and FC Porto of Portugal at the FIFA Club World Cup 2025 in Atlanta, the United States, June 19, 2025. (Xinhua/Chen Yichen)








