ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် Sabah အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆-၂၀၂၇ ဥရောပချန်ပီယံလိဂ်အဆင့် ဘောလုံးပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်အသင်းမှ လီဆန်ဒရိုမာတီနက်ဇ် (ဘယ်)  ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့တွင် မန်ချက်စတာယူနိုက်တက်အသင်းနှင့် Sabah အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆-၂၀၂၇ ဥရောပချန်ပီယံလိဂ်အဆင့် ဘောလုံးပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်အသင်းမှ လီဆန်ဒရိုမာတီနက်ဇ် (ဘယ်) ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်သည် အက်သလက်တီကိုမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၏ ထိပ်ပိုင်းတာဝန်ရှိသူများအား ဝေဖန်ခဲ့သည့် အငြင်းပွားဖွယ်မှတ်ချက်များအတွက် တောင်းပန်ပါကြောင်း အာဂျင်တီးနားလက်ရွေးစင်ကစားသမားက အောက်တိုဘာ ၁၅ ရက် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

မာတီနက်ဇ်သည် အောက်တိုဘာ ၁၃ ရက် ရှုံးနိမ့်မှုအပြီးတွင် အသင်းလူစာရင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပုံကို မေးခွန်းထုတ်ခဲ့သည်။ မန်ချက်စတာယူနိုက်တက်အသင်းသည် နည်းပြချုပ်မိုက်ကယ်ကားရစ်ခ်အတွက် ကစားသမားအင်အား မလုံလောက်သောအသင်းကိုသာ ပေးထားကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝေကောက်စ်အနေဖြင့်လည်း ပိုမိုထိရောက်သောလုပ်ဆောင်မှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အသက် ၂၈ နှစ်အရွယ် မာတီနက်ဇ်က ထိုသို့ပြောဆိုခဲ့ခြင်းမှာ ဒေါသနှင့်စိတ်ပျက်မှုတို့ကြောင့်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ ၎င်း၏ပြောဆိုချက်များကြောင့် အသင်း၏ဒဏ်ငွေရိုက်ခြင်းကို ခံခဲ့ရကြောင်းလည်း  သတင်းများတွင် ဖော်ပြခဲ့သည်။

"ဒီနေ့မှာတော့ အသင်းရဲ့တာဝန်ရှိသူတွေနဲ့ နည်းပြတို့ကို တွေ့ဆုံခဲ့ပါတယ်" ဟု မာတီနက်ဇ်က အောက်တိုဘာ ၁၅ ရက်က လူမှုကွန်ရက်၌ထုတ်ပြန်သည့်ကြေညာချက်တွင် ပြောကြားခဲ့ပြီး၊ တွေ့ဆုံမှုသည် နှစ်ဖက်စလုံး၏အမြင်များ ပွင့်ပွင့်လင်းလင်းဖလှယ်နိုင်ခဲ့သည့် အပြုသဘောဆောင်သောဆွေးနွေးမှုတစ်ခုဖြစ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

“ရှုံးနိမ့်မှုကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ပျက်မှုက မသင့်တော်တဲ့အချိန်နဲ့နေရာမှာ ကျွန်တော့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုမိစေခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်တောင်းပန်ချင်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မာတီနက်ဇ်က အသင်းအတွင်း စည်းလုံးညီညွတ်မှုရှိရန် အရေးကြီးကြောင်းကိုလည်း အလေးပေးပြောဆိုခဲ့ပြီး ၎င်း၏မှတ်ချက်များသည် အသင်းအတွက် အထောက်အကူမဖြစ်ကြောင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းရှိ လူတိုင်းသည် အသင်း၏အောင်မြင်မှုများ ပြန်လည်ရရှိရေးဆိုသည့် ဘုံရည်မှန်းချက်အတွက်  ပူးပေါင်းဆောင်ရွက်နေကြကြောင်း ပြောဆိုခဲ့သည်။

မန်ချက်စတာယူနိုက်တက်သည် ယခုရာသီပြိုင်ပွဲစုံ၌ နောက်ဆုံးကစားခဲ့သည့် ၉ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ် အဆင့်ရပ်တည်မှုတွင်လည်း ၆ ပွဲကစား ၆ မှတ်ဖြင့် အဆင့် ၁၃ နေရာ၌ ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Martinez apologizes to Manchester United over controversial remarks

LONDON, Oct. 15 (Xinhua) -- Manchester United defender Lisandro Martinez has apologized for controversial remarks criticizing the club's hierarchy following the team's Champions League defeat to Atletico Madrid, the Argentina international said in a statement on Thursday.

Martinez questioned the club's investment in the squad after Tuesday's defeat, saying Manchester United had left head coach Michael Carrick with an under-equipped squad. He also called for more action from technical director Jason Wilcox.

The 28-year-old later acknowledged that he had spoken out of anger and frustration. He has reportedly been fined by the club over the comments.

"Today I met with the club's leadership and the manager," Martinez said in a social media statement on Thursday, describing the meeting as a positive conversation in which both sides were able to exchange views openly.

"The frustration of the defeat led me to express how I felt at a time and place that perhaps were not the right ones, and for that I want to apologize," he added.

Martinez also stressed the importance of unity at the club, saying his remarks had not helped the team and that everyone at Manchester United was working toward their shared ambition of restoring success.

Manchester United has won just two of its last nine matches in all competitions this season and sits 13th in the Premier League standings with six points from six games.

Photo caption: Manchester United's Lisandro Martinez (L) celebrates after scoring during the UEFA Champions League 2026/27 League Phase football match between Manchester United FC and Sabah FC in Manchester, Britain, on Sept. 10, 2026. (Xinhua)