ခရိုအေးရှားနိုင်ငံ ဇာဂရက်ဘ်မြို့ရှိ ရွေးကောက်ပွဲဌာနချုပ်တွင် ထောက်ခံအားပေးသူများအား လက်ပြနှုတ်ဆက်နေသည့်  ဝန်ကြီးချုပ် Andrej Plenkovic ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Igor Soban/PIXSELL via Xinhua)
ခရိုအေးရှားနိုင်ငံ ဇာဂရက်ဘ်မြို့ရှိ ရွေးကောက်ပွဲဌာနချုပ်တွင် ထောက်ခံအားပေးသူများအား လက်ပြနှုတ်ဆက်နေသည့် ဝန်ကြီးချုပ် Andrej Plenkovic ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Igor Soban/PIXSELL via Xinhua)

ဇာဂရက်ဘ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ခရိုအေးရှားနိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ်တွင် ယူရို ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၁၁.၉ ဘီလီယံ) ကျော်လွန်မည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးချုပ် Andrej Plenkovic က အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်းအနေဖြင့် ၂.၃ ရာခိုင်နှုန်းမှ ၂.၄ ရာခိုင်နှုန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားကြောင်း Plenkovic က သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုတိုးတက်မှုနှုန်းသည် ဥရောပသမဂ္ဂ (EU) နှင့် ယူရိုဇုန်တို့၏ ပျမ်းမျှတိုးတက်မှုနှုန်းများထက် သိသိသာသာ မြင့်မားနေဆဲဖြစ်ပြီး ယင်းက ခရိုအေးရှားနိုင်ငံအနေဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်သော ဥရောပစီးပွားရေးအစုအဖွဲ့များကြား ကွာခြားချက်ကို ကျဉ်းမြောင်းအောင် အမီလိုက်လာလျက်ရှိကြောင်း ဖော်ပြနေသည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

၎င်း၏အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံ၏စီးပွားရေးပမာဏမှာ နှစ်ဆတိုးတက်လာခဲ့ပြီး ယူရို ၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၉.၃ ဘီလီယံ) ကျော် ပိုမိုတိုးတက်လာခဲ့သည်ဟု Plenkovic ၏ ပြောကြားချက်အရ သိရသည်။

သို့သော်လည်း ငွေကြေးဖောင်းပွမှုက ခရိုအေးရှားစီးပွားရေးအတွက် စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ စက်တင်ဘာလတွင် နှစ်ပတ်လည်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄.၇ ရာခိုင်နှုန်း ရှိကြောင်း ခရိုအေးရှားစာရင်းအင်းဗျူရို၏ အချက်အလက်များက ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသရှိ ပဋိပက္ခနှင့်ဆက်နွှယ်သည့် ထောက်ပံ့ရေးအလျဉ်ပြတ်မှုများကြောင့် စက်တင်ဘာလအတွင်း စွမ်းအင်ဈေးနှုန်းများအနေဖြင့် ယခင်နှစ်အလားတူကာလကထက် ၂၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Croatia's GDP to exceed 100 bln euros for first time: PM

ZAGREB, Oct. 8 (Xinhua) -- Croatia's gross domestic product (GDP) is expected to surpass 100 billion euros (111.9 billion U.S. dollars) in 2026 for the first time ever, Prime Minister Andrej Plenkovic said on Thursday.

Speaking to reporters, Plenkovic said he expected economic growth of around 2.3 to 2.4 percent in 2026. Growth remains well above the average both for the European Union (EU) and the eurozone, showing that Croatia continues to catch up with more developed European economies, he noted.

According to Plenkovic, the country's economy has doubled since his government took office in 2016, adding more than 53 billion euros (59.3 billion U.S. dollars).

However, inflation remains a challenge for the Croatian economy. The annual inflation rate stood at 4.7 percent in September, according to the Croatian Bureau of Statistics. Energy prices in September rose 20.5 percent year-on-year amid supply disruptions linked to the conflict in the Middle East. ■

Photo caption: Prime Minister Andrej Plenkovic gestures to supporters in the election headquarters in Zagreb, Croatia, April 17, 2024. (Igor Soban/PIXSELL via Xinhua)