
စင်ကာပူ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် ကာဗွန်ခရက်ဒစ်စီမံကိန်းများအတွက် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ကာဗွန်ခရက်ဒစ်စီမံကိန်း လျှောက်လွှာများကို အောက်တိုဘာ ၃၀ ရက်မှ စတင်လက်ခံသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ စွမ်းအင်၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့်၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာအေဂျင်စီတို့က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်များ၌ ဖော်ပြထားသည်။
အဆိုပါစီမံကိန်းများမှ ပဲရစ်သဘောတူညီချက်၏ အပိုဒ် ၆ နှင့် ကိုက်ညီသော ကာဗွန်ခရက်ဒစ်များ ထုတ်ပေးနိုင်မည်ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ နိုင်ငံတကာကာဗွန်ခရက်ဒစ်မူဝါဒအရ ယင်းကာဗွန်ခရက်ဒစ်များသည် ကာဗွန်ခွန်ပေးဆောင်ရန် တာဝန်ရှိသော စင်ကာပူအခြေစိုက် ကုမ္ပဏီများအနေဖြင့် အခွန်စည်းကြပ်ခံရသည့် ကာဗွန်ထုတ်လွှတ်မှုပမာဏ၏ ၅ ရာခိုင်နှုန်းအထိကာဗွန်ခရက်ဒစ်ဖြင့် လျှော့ချရာတွင် အသုံးပြုခွင့်ရနိုင်သည်။
စိတ်ဝင်စားသူများအနေဖြင့် မွန်ဂိုလီးယားနိုင်ငံတွင် အကောင်အထည်ဖော်မည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကာဗွန်ခရက်ဒစ်စီမံကိန်းများအတွက် ခွင့်ပြုချက်လျှောက်ထားနိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံအစိုးရများအနေဖြင့် လျှောက်လွှာများကို အစဉ်လိုက် ပူးတွဲစိစစ်သုံးသပ်သွားမည်ဖြစ်သည်။
ယခုသဘောတူညီချက်သည် စင်ကာပူနိုင်ငံက ကာဗွန်ခရက်ဒစ်စီမံကိန်းများအတွက် လျှောက်လွှာများကို စတင်လက်ခံနိုင်ရန် ချုပ်ဆိုထားသည့် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ရေး သဘောတူညီချက်များအနက် ဆဋ္ဌမမြောက် သဘောတူညီချက် ဖြစ်သည်။ ယခင်က ဂါနာ၊ ဘူတန်၊ ပီရူး၊ ရဝမ်ဒါနှင့် ထိုင်း စသည့်နိုင်ငံတို့နှင့် အလားတူသဘောတူညီချက်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
#Singapore #Mongolia #CarbonCredit #စင်ကာပူ #မွန်ဂိုလီးယား #ကာဗွန်ခရက်ဒစ်
…………………………………………………………………….
(English version)
Singapore, Mongolia to open applications for carbon credit projects
SINGAPORE, Oct. 9 (Xinhua) -- Singapore and Mongolia will open applications for carbon credit projects on Oct. 30 under a bilateral implementation agreement, Singapore's Ministry of Energy, Trade and Industry and National Environment Agency said in a statement on Thursday.
The projects will generate carbon credits aligned with Article 6 of the Paris Agreement. Under Singapore's International Carbon Credit Framework, the credits may qualify for use by Singapore-based companies liable for carbon tax to offset up to 5 percent of their taxable emissions.
Interested parties may apply for authorization of eligible carbon credit projects in Mongolia. The two governments will review applications jointly on a rolling basis.
The agreement is Singapore's sixth bilateral implementation agreement under which Singapore has opened applications for carbon credit projects, following similar agreements with Ghana, Bhutan, Peru, Rwanda and Thailand.
Photo caption : This photo taken on Aug. 25, 2026 shows a city view of Singapore with noticeably reduced visibility. (Xinhua/Then Chih Wey)








