ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံ think tank အဖွဲ့ Valdai Discussion Club ၂၃ ​​ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၏ စုံညီအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံ think tank အဖွဲ့ Valdai Discussion Club ၂၃ ​​ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၏ စုံညီအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာရှ်ဂါဘတ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်တို့သည် အောက်တိုဘာ ၈ ရက် ညပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ တာ့ခ်မင်ဘာရှီမြို့၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားမီဒီယာ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။

ပဋိပက္ခဖြေရှင်းရေးကို တွန်းအားပေးဆောင်ရွက်ရာတွင် အီရန်နိုင်ငံအား စွမ်းနိုင်သမျှ ကူညီပေးသွားရန် ဆန္ဒရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်ဆန်းပိုင်းတွင် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော နှစ် ၂၀ ကြာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးသည် အပြုသဘောဖြင့်တိုးတက်လျက်ရှိပြီး ကုန်သွယ်ရေးပမာဏ တိုးတက်မှုကို ထိန်းထားကာ ယဉ်ကျေးမှုဖလှယ်ခြင်းများကိုလည်း တက်ကြွစွာလုပ်ဆောင်လျက်ရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ အခြေအနေသည် လက်ရှိတွင် အရေးတကြီးဖြေရှင်းရန်ကိစ္စရပ်ဖြစ်ပြီး အီရန်သည် ဒေသတွင်းပဋိပက္ခကို အဆုံးသတ်ရန် လက်တွေ့ကျ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို ရုရှားဘက်က နားလည်ကြောင်း၊ ရုရှားနိုင်ငံသည် အီရန်နိုင်ငံက ပဋိပက္ခဖြေရှင်းရေးကို တွန်းအားပေးဆောင်ရွက်ရာတွင် စွမ်းနိုင်သမျှ ကြိုးပမ်းကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါဇက်ရှ်ကီရမ်က ပူတင်နှင့် ရုရှားနိုင်ငံ၏ အီရန်နိုင်ငံအပေါ် ထောက်ခံအားပေးမှုကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး အီရန်၏ သဘောထားမှာ စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်ဖြစ်သော်လည်း အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းခြင်းမှာ အလွန်အရေးကြီးကြောင်း ထောက်ပြခဲ့သည်။ အကယ်၍ အမေရိကန်သည် တစ်ဖက်သတ်ဝါဒကို အခိုင်အမာ လက်ကိုင်ထားမည်ဆိုပါက စစ်ပွဲသည် အချိန်တိုတိုနှင့် အဆုံးသတ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ကြားဝင်စေ့စပ်သူများမှတစ်ဆင့် ကြားခံဆွေးနွေးညှိနှိုင်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့ပြီး “အီရန်နိုင်ငံဘက်က 'ခုနစ်ရက်-အစီအစဉ်' လို့ခေါ်တဲ့ ကိုယ်ပိုင် အဆိုပြုချက်ကို တင်ပြခဲ့ပြီး အမေရိကန်ဘက်က တုံ့ပြန်မှုကိုလည်း နားထောင်ခဲ့ပါတယ်”  ဟု ပြောကြားခဲ့ကြောင်း အီရန် Tasnim သတင်းဌာန၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

..............................

(Chinese Version)

普京会晤伊朗总统:愿助伊朗推动冲突解决

新华社阿什哈巴德10月9日电(记者郑钰)据俄罗斯媒体8日报道,俄罗斯总统普京与伊朗总统佩泽希齐扬8日晚在土库曼斯坦土库曼巴希举行会晤,讨论了两国关系和中东地区局势。普京表示,愿尽力协助伊朗推动冲突解决。  

普京表示,基于两国去年年初签署的为期20年的全面战略伙伴关系条约,两国关系正以积极态势发展,贸易额保持增长、人文领域交流活跃。普京说,中东地区局势是当前最紧迫的问题,俄方了解伊朗正切实努力结束地区冲突。俄罗斯将尽一切努力协助伊朗推动冲突解决。  

佩泽希齐扬感谢普京及俄罗斯对伊朗的支持,指出伊方意在尽快结束战争,但维护权利至关重要。若美国坚持奉行单边主义,将导致战争无法在短期内结束。  

据伊朗塔斯尼姆通讯社8日报道,伊朗外交部长阿拉格齐当天说,伊朗与美国仍在通过调解方继续进行间接谈判,“伊朗提出了自己的方案,即所谓的‘七日计划’,同时也听取了美方回应的意见”。(完)

图说:10月1日,在俄罗斯首都莫斯科,俄罗斯总统普京出席俄智库瓦尔代国际辩论俱乐部第23届年会全体会议并发表讲话。新华社记者 冯开华 摄