အီတလီနိုင်ငံ တူရင်မြို့တွင် ကျင်းပသည့် ၂၀၂၇ ခုနှစ် ချန်ချွမ်း ဆောင်းရာသီ ကမ္ဘာ့တက္ကသိုလ်ကျောင်းသား အားကစားပြိုင်ပွဲ(FISU) အတွက် မီးရှူးတိုင် မီးတောက်ရယူထွန်းညှိသည့် အခမ်းအနားအတွင်း ချန်ချွမ်းမြို့တော်ဝန် ကုကန်း (ဝဲဘက် ဒုတိယ) နှင့် FISU ဥက္ကဋ္ဌ Leonz Eder (ဝဲဘက် ပထမ) တို့က ၁၉၅၉ ခုနှစ် တူရင်မြို့၌ ပထမဆုံး FISU ပြိုင်ပွဲမှ မီးရှူးတိုင်ဖြင့် ဒယ်စောက်ကို ပူးတွဲမီးညှိနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူရင်၊ အီတလီနိုင်ငံ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

၂၀၂၇ ခုနှစ် ချန်ချွမ်း ဆောင်းရာသီ ကမ္ဘာ့တက္ကသိုလ်ကျောင်းသားအားကစားပြိုင်ပွဲအတွက် မီးရှူးတိုင် မီးတောက်ကို ၁၉၅၉ ခုနှစ်က ပထမဆုံး ကမ္ဘာ့တက္ကသိုလ်ကျောင်းသားအားကစားပြိုင်ပွဲကို ကျင်းပခဲ့သည့် အီတလီနိုင်ငံ၊ တူရင်မြို့၌ အောက်တိုဘာ ၈ ရက်တွင် စတင်ထွန်းညှိခဲ့ပြီး အဆိုပါမီးရှူးတိုင်သည် တူရင်မြို့မှတစ်ဆင့် ဇန်နဝါရီလတွင် ကျင်းပမည့် အားကစားပြိုင်ပွဲအမီ တရုတ်နိုင်ငံသို့ ခရီးစတင်နှင်လိုက်ပြီဖြစ်သည်။

ချန်ချွမ်းမြို့တော်ဝန် ကုကန်း နှင့် နိုင်ငံတကာတက္ကသိုလ်အားကစားအဖွဲ့ချုပ် (FISU) ဥက္ကဋ္ဌ Leonz Eder တို့က ကမ္ဘာ့တက္ကသိုလ်ကျောင်းသားအားကစားပြိုင်ပွဲမှ စတင်ထွန်းညှိခဲ့သော မီးရှူးတိုင်ကို အသုံးပြု၍ ဒယ်စောက်ကို ပူးတွဲထွန်းညှိခဲ့ကြကာ ယင်းမီးအိမ်ကို ချန်ချွမ်းအားကစားပြိုင်ပွဲအတွက် အထူးပြုလုပ်ထားသော မီးအိမ်အတွင်းသို့ ပြောင်းရွှေ့ထည့်သွင်းခဲ့ကြသည်။

ထိုမီးအိမ်ကို တူရင်တက္ကသိုလ်မှ တူရင်နည်းပညာတက္ကသိုလ်အထိ မြို့လယ်ကောင်တစ်လျှောက် သယ်ဆောင်ခဲ့ကြပြီး လမ်းတစ်လျှောက်ရှိ အီဂျစ်ပြတိုက်ရှေ့မှလည်း ဖြတ်သန်းသွားခဲ့သည်။

ချန်ချွမ်းမြို့တော်ဝန် ကုကန်းက မီးရှူးတိုင်မီးတောက်မှာ ချစ်ကြည်ရင်းနှီးမှု၏ အမှတ်သင်္ကေတ ဖြစ်လာမည်ဖြစ်သလို ဆောင်းရာသီအားကစားပြိုင်ပွဲများမှတစ်ဆင့် ကမ္ဘာ့ အရှေ့နှင့် အနောက်အကြား ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်မှုများ ပိုမိုမြှင့်တင်ပေးမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လူငယ်များအကြား အပြန်အလှန်နားလည်မှုများ တွန်းအားပေးဖော်ဆောင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ တူရင်မြို့တွင် ကျင်းပသည့် ၂၀၂၇ ခုနှစ် ၂၀၂၇ ခုနှစ် ချန်ချွမ်း ဆောင်းရာသီ ကမ္ဘာ့တက္ကသိုလ်ကျောင်းသားအားကစားပြိုင်ပွဲ (FISU) အတွက် မီးရှူးတိုင် မီးတောက်ရယူထွန်းညှိသည့် အခမ်းအနားအတွင်း ဒယ်စောက်ကို မီးထွန်းညှိနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………

(English Version)

Flame for Changchun 2027 Winter Universiade lit in Turin

TURIN, Italy, Oct. 9 (Xinhua) -- The flame for the Changchun 2027 Winter Universiade was lit Thursday in Turin, Italy, where the first World University Games were held in 1959, beginning its journey to China ahead of the January event.

Changchun Mayor Gu Gang and International University Sports Federation President Leonz Eder jointly lit a cauldron using a torch from the inaugural Games before transferring the flame to a lantern for the Changchun Games.

The lantern was carried through central Turin from the University of Turin to the Polytechnic University of Turin, passing the Egyptian Museum along the way.

Gu expressed hope that the flame would symbolize friendship and that winter sports would promote cultural exchanges between East and West, fostering mutual understanding among young people worldwide.

Photo caption 1: Mayor of Changchun Gu Gang (2nd L) and president of FISU Leonz Eder (1st L) jointly light the cauldron with the torch from the first World University Games in Turin in 1959 during the flame collection ceremony for the Changchun 2027 Winter Universiade in Turin, Italy, Oct. 8, 2026. (Xinhua/Wang Kaiyan)

Photo caption 2: The cauldron is lit during the flame collection ceremony for the Changchun 2027 Winter Universiade in Turin, Italy, Oct. 8, 2026. (Xinhua/Wang Kaiyan)