
နယူးယောက်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ကျင့်သုံးဆောင်ရွက်မှုများသည် စံနမူနာယူထိုက်ပြီး ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်များ (SDGs) အထမြောက်အောင်မြင်နိုင်သည်ကို သက်သေပြနေခြင်းဖြစ်ကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (BRI) က ထိုပန်းတိုင်များ အထမြောက်အောင်မြင်နိုင်ရန် အထောက်အကူပြုကြောင်း အမေရိကန် ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
လွန်ခဲ့သော မျိုးဆက်နှစ်ဆက်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုသည် အခြားနိုင်ငံများအတွက် အဖိုးတန် စံနမူနာများကို ပေးစွမ်းခဲ့သည်ဟု အာဖရိကဒေသဆိုင်ရာ အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူ လောရင့်စ် ဖရီးမန်းက ပြောသည်။ ၎င်းသည် အာဖရိက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများတွင် ဆယ်စုနှစ်သုံးခုကျော်တိုင်တိုင် ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။
ကမ္ဘာတစ်ဝန်း လူဦးရေ သန်း ၈၀၀ ခန့်မှာ အလွန်အမင်း ဆင်းရဲနွမ်းပါးသည့် အခြေအနေ၌ နေထိုင်ရလျက်ရှိရာ ကမ္ဘာ့နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် SDGs ပန်းတိုင်များ အထမြောက်အောင်မြင်ရန် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဖရီးမန်းက ဆင်ဟွာသတင်းဌာနနှင့် မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။
အာဖရိကတိုက် တစ်ခုတည်းတွင်ပင် လူဦးရေ သန်း ၄၄၀ ခန့်သည် အလွန်အမင်း ဆင်းရဲနွမ်းပါးစွာ နေထိုင်ရလျက်ရှိကာ ထိုပမာဏမှာ အာဖရိကတိုက် လူဦးရေ၏ သုံးပုံတစ်ပုံအောက် အနည်းငယ်သာ လျော့နည်းနေပြီး တစ်ချိန်တည်းတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်း မြင့်တက်နေဆဲဖြစ်သည်ဟု ဖရီးမန်းက ဆိုသည်။
"ဒါပေမဲ့လည်း တရုတ်နိုင်ငံဟာ မျိုးဆက်နှစ်ဆက်အတွင်း စီးပွားရေးကို လုံးဝအသွင်ပြောင်းလဲခဲ့တာ၊ ကျေးလက်ဒေသတွေမှာ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုကို ပပျောက်အောင် လုပ်ဆောင်နိုင်ခဲ့တာ၊ အခြေခံအဆောက်အအုံအခြေပြု ရုပ်ပိုင်းဆိုင်ရာ စီးပွားရေးတိုးတက်မှုအပိုင်းမှာ ကမ္ဘာကြီးကို ဦးဆောင်နေတာတွေက အားတက်စရာပါပဲ။ တရုတ်နိုင်ငံဟာ သူတို့ အဲဒီလိုစွမ်းဆောင်နိုင်တယ်ဆိုတာကို သက်သေပြပြီးပါပြီ" ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မယိမ်းမယိုင် ခိုင်မာသော ကတိကဝတ်နှင့် ထိရောက်သော စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုတို့ဖြင့် SDGs ပန်းတိုင်များ အထမြောက်အောင်မြင်နိုင်သည်ကို ကမ္ဘာ့နိုင်ငံများအား သက်သေပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ (GDI) သည် ကမ္ဘာ့နိုင်ငံအားလုံး သိရှိနားလည်ထားသင့်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးအကြီးဆုံး အခြေခံသဘောတရားကို ရှင်းလင်းစွာ ဖော်ပြထားပြီး BRI နှင့် BRICS ၏ တိုးတက်မှုတို့သည် SDGs ပန်းတိုင်များ ပြည့်မြောက်အောင်မြင်ရေးအတွက် အရေးပါသော ပံ့ပိုးမှုများပေးခဲ့ပြီး မြေပြင်တွင် လက်တွေ့အထောက်အကူပြုမှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဖရီးမန်းက ဆိုသည်။
ကမ္ဘာ့တောင်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အဓိကကျသော အခန်းကဏ္ဍမှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို မောင်းနှင်တွန်းအားပေးရာတွင် တန်ဖိုးမဖြတ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ "ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်နေတာကို လက်ခံအသိအမှတ်ပြုရပါမယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အနောက်နိုင်ငံများက ငြင်းဆန်ခဲ့သည့် ဖွံ့ဖြိုးဆဲ အခြေခံအဆောက်အအုံကဏ္ဍအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို BRI က ဆွဲဆောင်နိုင်ခဲ့သည်ဟုလည်း ဖရီးမန်းက ပြောသည်။
BRI သည် အာဖရိကတွင် အထူးသဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ မီးရထားလမ်းများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များ အပါအဝင် ခိုင်မာသော အခြေခံအဆောက်အအုံ စီမံကိန်းများ ဖော်ဆောင်ရာတွင် အဓိက ပံ့ပိုးကူညီသူဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံအသီးသီးအနေဖြင့် စီးပွားရေးတိုးတက်မှု ရရှိရေးအတွက် ဦးတည်သော စံနမူနာပုံစံသစ်တစ်ခု ဖန်တီးကြရန်လည်း ဖရီးမန်းက တိုက်တွန်းခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှနိုင်ပါသည်။
https://english.news.cn/20261009/1af2e411b7b648d5b5adb333da49cfc6/c.html
..................................
(English Version)
Interview: China's exemplary development practices prove SDGs are attainable, says U.S. expert
NEW YORK, Oct. 8 (Xinhua) -- China's practices in economic growth and poverty elimination are exemplary and have proven that the UN Sustainable Development Goals (SDGs) are attainable, as the Belt and Road Initiative (BRI) helps achieve the goals, said an American expert.
China's economic success over the past two generations has offered valuable examples for other countries, said Lawrence Freeman, a U.S. political-economic analyst for Africa, who has been involved in economic development policies for Africa for over three decades.
The world faces enormous challenges in reaching the SDGs by 2030 with approximately 800 million people living in extreme poverty worldwide, Freeman said in a recent interview with Xinhua.
In Africa alone, approximately 440 million people live in extreme poverty, slightly less than one third of its population, while poverty continues to increase, said Freeman.
"However, the good news is that China, over the course of two generations, has completely transformed its economy, eliminated extreme rural poverty and leads the world in infrastructure-led physical economic growth. China has proven that it can be done," he said.
China, with its unwavering commitment to the development of the nation, and its mastery of effective economic governance, has proven to the world that the SDGs can be achieved, he noted.
The Global Development Initiative proposed by China in September 2021 articulates the most important essential concept of development to be understood by all nations, and the BRI and the growth of the BRICS have provided vital input and made on-the-ground contributions to achieving the SDGs, Freeman said.
China's key role in the Global South has been invaluable in driving the world forward in economic progress, he said. "We must recognize that the future of the planet lies in the development of the Global South."
The BRI has attracted needed investments in infrastructure throughout the developing sector, which the West has refused to offer, said Freeman.
In Africa, the BRI has been a primary contributor to the construction of hard infrastructure projects, particularly in the generation of electricity, railroads, ports and airports, he said.
Moreover, Freeman called for the creation of a new paradigm devoted to achieving economic progress in every country.
https://english.news.cn/20261009/1af2e411b7b648d5b5adb333da49cfc6/c.html
Photo caption: Communication engineer Zhou Junbing inspects an information display screen on a platform at the Nairobi Terminus of the Mombasa-Nairobi Standard Gauge Railway (SGR) in Nairobi, Kenya, July 22, 2026. (Xinhua/Yang Guang)








