လုံချွမ်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသော အကျိုးဆောင်ရေးဗဟိုဌာန တည်ဆောက်ရေးဆိုင်ရာ ယူနန်ပြည်နယ် အားကစားဖလှယ်မှု ပြိုင်ပွဲနှင့်  'လှပသော လုံချွမ်း' ၂၀၂၆ ခုနှစ် 'ဆွေမျိုးပေါက်ဖော်ဖလား' ဘောလုံးအလွတ်တန်း ဖိတ်ခေါ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် အောက်တိုဘာလ ၇ ရက်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ဤပြိုင်ပွဲကို ခုနစ်ရက်ကြာကျင်းပခဲ့ပြီး အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာနိုင်ငံသား အသင်း ၈ သင်း ပါဝင်ကစားခဲ့သည်။ ကွင်းအတွင်း၌ တရုတ်-မြန်မာ အားကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသလို ကွင်းပြင်ပတွင်လည်း တရုတ်-မြန်မာ ဘောလုံးဝါသနာရှင်များက အားတက်သရော တစ်ခဲနက်အားပေးခဲ့ကြသည်။

ပြိုင်ပွဲကြားအနားယူချိန်တွင် မနောအကပန်းဖွားအဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြိုင်ပွဲအတွက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အငွေ့အသက်များ ဖြည့်တင်းပေးခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

中缅运动员竞技云南陇川“胞波杯”绿茵场

【解说】10月7日,云南省建设面向南亚东南亚辐射中心体育交流大赛暨“大美陇川”2026年“胞波杯”足球公开赛在云南省陇川县落幕。本次赛事为期7天,共有12支队伍参赛,其中缅籍球队8支。赛场之上,中缅运动员同场角逐;赛场外,中缅足球爱好者连连喝彩。中场休息时段,目瑙纵歌啦啦队登台献演,为赛事增添民族风情。

孙敏、李易晨、方雯青、赵秀娟、段宗智 云南昆明报道。(完)