လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)  

NASA က ၎င်း၏ SpaceX Crew-12 မစ်ရှင်သည် နိုင်ငံတကာ အာကာသစခန်း (ISS) မှ ကမ္ဘာမြေသို့ ပြန်လည်ထွက်ခွာသည့် ခရီးစဉ်ကို အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အာကာသယာဉ်မှူး လေးဦးကို တင်ဆောင်လာသော SpaceX Dragon အာကာသယာဉ်သည် အရှေ့ပိုင်းစံတော်ချိန် နံနက် ၈:၀၅  တွင် နိုင်ငံတကာ အာကာသစခန်းမှ ထွက်ခွာကာ အိမ်ပြန်ခရီးကို စတင်ခဲ့သည်။

NASA ၏ အဆိုအရ အာကာသယာဉ်သည် အောက်တိုဘာ ၈ ရက် နံနက် ၁၁:၃၄ ခန့်တွင် ကယ်လီဖိုးနီးယားကမ်းရိုးတန်းသို့ ဆင်းသက်ရန် စီစဉ်ထားပြီး ယင်းမှာ Crew-12 မစ်ရှင်၏ လပေါင်းများစွာ အာကာသအတွင်း နေထိုင်မှု အဆုံးသတ်ခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။  

အဆိုပါ အဖွဲ့တွင် NASA အာကာသယာဉ်မှူးများဖြစ်သည့် Jessica Meir နှင့် Jack Hathaway ၊ ဥရောပအာကာသအေဂျင်စီ အာကာသယာဉ်မှူး Sophie Adenot နှင့် Roscosmos အာကာသယာဉ်မှူး Andrey Fedyaev တို့ ပါဝင်သည်။ အဆိုပါမစ်ရှင်ကို ဖလော်ရီဒါရှိ Cape Canaveral အာကာသယာဥ် လွှတ်တင်ရေးစခန်းမှ ဖေဖော်ဝါရီ ၁၃ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………………………………………..

(English version)

NASA's SpaceX Crew-12 mission undocks from ISS for return to Earth

LOS ANGELES, Oct. 7 (Xinhua) -- NASA said its SpaceX Crew-12 mission undocked from the International Space Station (ISS) on Wednesday and began its journey back to Earth.

The SpaceX Dragon spacecraft carrying four astronauts undocked from the ISS at 8:05 a.m. Eastern Time (1205 GMT) to begin the journey home.

The spacecraft is scheduled to splash down off the California coast at approximately 11:34 a.m. Thursday, marking the end of the Crew-12 mission's months-long stay in space, according to NASA.

The four-member crew consists of NASA astronauts Jessica Meir and Jack Hathaway, European Space Agency astronaut Sophie Adenot, and Roscosmos cosmonaut Andrey Fedyaev. The mission launched from Cape Canaveral Space Force Station in Florida on Feb. 13.

Photo caption: A SpaceX Falcon 9 rocket carrying Crew Dragon Endurance spacecraft is launched on NASA's SpaceX Crew-5 mission to the International Space Station at NASA's Kennedy Space Center in Florida, the United States, on Oct. 5, 2022. (Joel Kowsky/NASA/Handout via Xinhua)