အန်းဟွေး၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ဆောင်းနှင်းအေးချိန်တွင် အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရီးခရိုင် ဟုန်ချွမ်းမြို့နယ် ချီစုရေကန်၌ နံနက်ခင်းမြူခိုးများ ခြုံလွှမ်းရစ်သိုင်းလျက်ရှိသည်။ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင်လည်း နတ်ဗိမာန်သို့ရောက်သွားသည့်အလား မှင်တက်ငေးမောခံစားနေကြသည်။ လတ်တလောနှစ်ပိုင်းတွင် ရီးခရိုင်က ဂေဟဦးစားပေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုများ အခိုင်အမာဖော်ဆောင်ခဲ့ရာ “မြူနှင်းလွှမ်းသော ချီစုရေကန်” သည် ဒေသတွင်း ဆောင်းဦးရာသီ ယဉ်ကျေးမှုခရီးသွားလာရေးအတွက် ဆွဲဆောင်မှုအသစ်တစ်ခု ဖြစ်လာခဲ့ပါသည်။ (Xinhua)
---------------------
(Chinese Version)
安徽黟县:寒露至 奇墅湖晨雾如画
当日是寒露节气,安徽省黄山市黟县宏村镇奇墅湖晨雾缭绕。游客徜徉其间,宛如置身仙境,流连忘返。
近年来,黟县坚持生态优先、绿色发展,“晨雾奇墅湖”已成为当地秋季文旅的一张新名片。
杜宇、施亚磊、李飞 安徽黟县报道。








