တရုတ်နိုင်ငံတောင်ပိုင်း မကာအိုရှိ Senado ရင်ပြင်တွင် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံတောင်ပိုင်း မကာအိုရှိ Senado ရင်ပြင်တွင် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသသည် ခုနစ်ရက်ကြာ အမျိုးသားနေ့ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားလုပ်ငန်းအချက်အချာဒေသတစ်ခုအဖြစ် ဆွဲဆောင်မှုရှိနေဆဲဖြစ်ကြောင်း တစ်ဖန်ပြသနိုင်ခဲ့သည်။ အဆိုပါကာလအတွင်း ပျမ်းမျှနေ့စဉ်ခရီးသွားဝင်ရောက်မှုရော တစ်ရက်အတွင်းခရီးသွားဧည့်သည်ဝင်ရောက်မှုပါ အမျိုးသားနေ့ရုံးပိတ်ရက်များအနက် အမြင့်ဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မကာအိုအစိုးရ ခရီးသွားလုပ်ငန်းရုံးက အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

ကနဦးအချက်အလက်များအရ အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ရုံးပိတ်ရက်ကာလအတွင်း နေ့စဉ်လာရောက်သည့် ခရီးသွားဧည့်သည် ပျမ်းမျှ ၁၆၃,၀၀၀ ဦး ရှိခဲ့ပြီး ယမန်နှစ်အလားတူရုံးပိတ်ရက်ကာလထက် ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် တစ်ရက်အတွင်း လာရောက်သူဦးရေ အမြင့်ဆုံးအဖြစ် ၂၁၀,၀၀၀ ဦးအထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း သိရသည်။

ရုံးပိတ်ရက်ကာလအတွင်း ပျမ်းမျှအနေဖြင့် ဟိုတယ်အခန်း ၁၀ ခန်းလျှင် ၉ ခန်းထက်မက ငှားရမ်းရပြီး ဟိုတယ်အခန်းပြည့်နှုန်းမှာ ယမန်နှစ်အလားတူပိတ်ရက်ကာလများထက် ၃.၁ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာကိန်းဂဏန်းများကို ကိုးကား၍ ခရီးသွားလုပ်ငန်းရုံးက ဖော်ပြခဲ့သည်။

ရုံးပိတ်ရက်အတွင်း ဆွဲဆောင်မှုရှိသောအစီအစဉ်များတွင် မီးရှူးမီးပန်းပစ်ဖောက်သည့်ပွဲများအပြင် အစားအသောက်၊ ဖျော်ဖြေပွဲများနှင့် ကစားနည်းများစသည့် ပျော်ပွဲရွင်ပွဲများပါဝင်သည်ဟု အဆိုပါရုံးက ပြောကြားခဲ့သည်။ (Xinhua)

…………….

(English Version)

Macao sets National Day holiday records for average, single-day arrivals

MACAO, Oct. 9 (Xinhua) -- China's Macao Special Administrative Region (SAR) reaffirmed its appeal as a tourism hub over the seven-day National Day holiday, with both average daily and single-day visitor arrivals the highest for any National Day holiday on record, the Macao Government Tourism Office said Thursday.

Daily arrivals averaged 163,000 during the Oct. 1-7 holiday, up 15.5 percent from last year's holiday, and peaked at 210,000 on Oct. 4, according to preliminary data.

More than nine in 10 hotel rooms were occupied on average during the holiday, with the occupancy rate rising 3.1 percentage points from last year's holiday, according to industry figures cited by the office.

Holiday attractions included fireworks displays and a carnival featuring food, performances and games, the office said.

Photo caption: Tourists are pictured at the Senado Square in south China's Macao, May 1, 2025. (Xinhua/Cheong Kam Ka)