
ကုလသမဂ္ဂ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
လက်ရှိ ဂျပန်အစိုးရက "ထပ်မံ စစ်ရေးအသွင်ပြောင်းမှု" ကို အရှိန်မြှင့်တင်နေခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်သည့် ထင်ရှားသော အကြောင်းရင်းတစ်ခု ဖြစ်လာကြောင်း ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီ (ကုလသမဂ္ဂ အထွေထွေညီလာခံ ပထမကော်မတီ) သို့ တက်ရောက်ခဲ့သော တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာန အကြီးအကဲ စွန်းရှောင်ပေါက အောက်တိုဘာ ၈ ရက်တွင် အဆိုပါ ကော်မတီ၏ ပုံမှန်အချေအတင် ဆွေးနွေးပွဲ၌ ထောက်ပြပြောကြားခဲ့သည်။
ယခုနှစ်သည် တိုကျိုခုံရုံးတင်စီရင်ခြင်း နှစ် ၈၀ ပြည့်သည့်နှစ်ဖြစ်ကြောင်း စွန်းရှောင်ပေါက ပြောကြားခဲ့သည်။ ထိုခေတ်က ဂျပန်နိုင်ငံသည် စစ်ဝါဒရာဇဝတ်မှုများကို ဝန်ခံခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အကြောင်းအရာအားလုံးကို လက်ခံခြင်းဟူသော အခြေအနေတွင် ကုလသမဂ္ဂသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း၊ သို့သော် ဂျပန်နိုင်ငံ၏ လက်ရှိအစိုးရသည် ကျူးကျော်မှုသမိုင်းကို ငြင်းပယ်ခြင်း၊ စစ်ရာဇဝတ်မှုများကို တန်ဆာဆင်ခြင်း၊ ဒုတိယကမ္ဘာစစ် စစ်ရာဇဝတ်သားများကို ကျိုးနွံစွာဂါရဝပြုခြင်း ပြုလုပ်နေသည့်အပြင် တစ်ချိန်တည်းတွင် စစ်အင်အားနှင့် လက်နက်အင်အားတိုးချဲ့ခြင်းကို ဆက်လက်လုပ်ဆောင်ကာ "ထပ်မံစစ်ရေးအသွင်ပြောင်းမှု" ကို အရှိန်မြှင့်နေခြင်းမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေသည့် ထင်ရှားသော အကြောင်းရင်းတစ်ခု ဖြစ်လာနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိများက နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးကို ဆွေးနွေးခြင်းတွင် တားမြစ်ကန့်သတ်ချက်မရှိဟု ပြောင်ပြောင်တင်းတင်း ထင်ရာစိုင်းပြောကြားကာ "နျူကလီးယားလက်နက်ကင်းစင်ရေး အခြေခံမူ သုံးရပ်" ကို စွန့်ပစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းမှာ နိုင်ငံတကာ နျူကလီးယားမပြန့်ပွားရေးစနစ်အတွက် ဆိုးရွားသောစိန်ခေါ်မှုနှင့် နင်းချေမှုပင် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ "ရန်သူနိုင်ငံအကြောင်းအရာ" ကို ဖျက်ပစ်ရန် အဆိုပြုခြင်းသည် ၎င်းက "နိုင်ငံပုံမှန်အသွင်ပြန်ပြောင်းရေး " ဟူသည့် အရေခြုံမှုနောက်ကွယ်တွင် စစ်ပြီးခေတ် နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်နေသည့် နောက်ဆုံးသာဓကတစ်ခုဖြစ်ကြောင်း စွန်းရှောင်ပေါက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် ကျူးကျော်မှုသမိုင်းကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်သင့်ပြီး စစ်ဝါဒနှင့် လုံးဝအဆက်ဖြတ်ကာ "ထပ်မံ စစ်ရေးအသွင်ပြောင်းမှု " ရည်ရွယ်ချက်ကို လုံးဝစွန့်လွှတ်ပြီး နျူကလီးယားလက်နက်မပြန့်ပွားရေး နိုင်ငံတကာဥပဒေဆိုင်ရာတာဝန်များကို လက်တွေ့ကျကျ ထမ်းဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စွန်းရှောင်ပေါက အမေရိကန်နိုင်ငံသည် လုံးဝလွှမ်းမိုးနိုင်သော ဗျူဟာမြောက် အသာစီးရရှိရေးတွင် ခေါင်းမာစွာ နှစ်မြှုပ်ပြီး "နျူကလီးယား မျှဝေသုံးစွဲမှု" ၊ "တိုးချဲ့ ဟန့်တားမှု" တို့မှတစ်ဆင့် နျူကလီးယား မဟာမိတ်အဖွဲ့များကို ဆက်လက် တည်ဆောက်နေကာ ကမ္ဘာနှင့် ဒေသတွင်း ဗျူဟာမြောက် တည်ငြိမ်မှုကို ပြင်းထန်စွာ ဖျက်ဆီးနေကြောင်း၊ လက်နက်ထိန်းချုပ်ရေးနှင့် လက်နက်ပြန့်ပွားမှု တားဆီးရေးကိစ္စရပ်များတွင် စံနှုန်းနှစ်မျိုး ကျင့်သုံးနေကြောင်း၊ ယင်းမှာ ဘက်စုံ လက်နက်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အရှိန်လျော့သွားခြင်းနှင့် နိုင်ငံတကာ လက်နက်ပြန့်ပွားမှု တားဆီးရေးစနစ် ထိခိုက်ပျက်စီးရခြင်းတို့၏ အဓိက အကြောင်းရင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် "နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ်" ကို နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးနှင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးစနစ်၏ အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်ကြောင်း၊ " နျူကလီးယား စမ်းသပ်မှု ဘက်စုံတားမြစ်ရေး စာချုပ်" ကို အခြေခံသည့် နျူကလီးယားစမ်းသပ်မှု တားမြစ်ရေး ဘုံသဘောတူညီချက်ကို မည်သူမျှ စိန်ခေါ်ခွင့် မရှိကြောင်း၊ လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲ ညီလာခံ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ပထမကော်မတီ စသည့် ဘက်ပေါင်းစုံ လက်နက်ထိန်းချုပ်ရေးယန္တရားများ၏ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုတို့ကို ပိုမိုအားကောင်းလာစေရန်သာ လုပ်ဆောင်ရမည်ဖြစ်ပြီး အားနည်းသွားအောင် လုပ်ဆောင်၍မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရှိသော၊ ယုံကြည်စိတ်ချရ၍ ထိန်းချုပ်နိုင်သော စစ်ဘက်ဆိုင်ရာ ဉာဏ်ရည်တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးကြောင်း စွန်းရှောင်ပေါက ပြောကြားခဲ့သည်။
လူသားက ဦးဆောင်ရန်၊ လူသားသည်သာ နောက်ဆုံး တာဝန်ရှိသူ ဖြစ်ကြောင်း သေချာစေရန်နှင့် သက်ဆိုင်ရာ လက်နက်စနစ်များသည် လူသား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစေရန် အခိုင်အမာ လက်ကိုင်ထားကြောင်း၊ ဉာဏ်ရည်တုကို အသုံးပြု၍ စစ်ရေးတွင် လုံးဝအသာစီးရရှိရေးကို မရှာဖွေဘဲ ဉာဏ်ရည်တု လက်နက်ပြင်ဆင်ထားခြင်း ပြိုင်ဆိုင်မှုကို ဆန့်ကျင်ကြောင်း၊ ကုလသမဂ္ဂ၏ ထိုက်သင့်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးပြီး "အသိုင်းအဝိုင်းငယ်" ဖွဲ့စည်းကာ စီမံခန့်ခွဲသည့် မဟာမိတ်ပုံစံများကို ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ် အချုပ်အခြာအာဏာကို လေးစားရန် အဆိုပြုရာ နိုင်ငံအသီးသီးအနေဖြင့် မိမိနိုင်ငံ၏ အခြေအနေအပေါ် မူတည်ကာ ဉာဏ်ရည်တု အပါအဝင် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြောင်း အလေးပေးဖော်ပြခဲ့သလို အခြားနိုင်ငံများကို ဘက်ရွေးရပ်တည်စေရန် ဖိအားပေး ခြိမ်းခြောက်ခြင်းကိုလည်း ဆန့်ကျင်ကြောင်း၊ သိပ္ပံနှင့် နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချခြင်းသည် နိုင်ငံတကာ ဥပဒေအရ နိုင်ငံအသီးသီးအား အပ်နှင်းထားကာ ရုပ်သိမ်း၍မရသော အခွင့်အရေးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို ဟန်ချက်ညီစေရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စွာဖော်ဆောင်ရန်အတွက် အလွန်ပင် အရေးကြီးကြောင်း စွန်းရှောင်ပေါက ပြောကြားခဲ့သည်။
ယခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် "နိုင်ငံတကာ လုံခြုံရေးနယ်ပယ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ငြိမ်းချမ်းစွာ အသုံးချမှုအား မြှင့်တင်ခြင်း" ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ထပ်မံတင်သွင်းသွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးအနေဖြင့် တက်ကြွစွာ အားပေးကြရန်နှင့် ဆုံးဖြတ်ချက်၏ နောက်ဆက်တွဲ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တရားမျှတသော၊ ပူးပေါင်းဆောင်ရွက်သော၊ ဟန်ချက်ညီသော၊ ထိရောက်သော လက်နက်ထိန်းချုပ်ရေး အယူအဆကို လက်ကိုင်ထားပြီး မတည်မငြိမ်ဖြစ်နေသော ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးအင်အား၊ တည်ငြိမ်ရေးအင်အားနှင့် တိုးတက်ရေးအင်အားအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည် ဖြစ်ကြောင်း စွန်းရှောင်ပေါက ထောက်ပြပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်တွေ့ကျင့်သုံးရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ပြီး ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာ လက်နက်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ခိုင်မာစွာ ထောက်ခံအားပေးကာ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြသည့် နိုင်ငံအားလုံးနှင့်အတူ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်အတွက် အကျိုးသစ်များကို ဆောင်ကြဉ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
中国代表:日本已成为威胁地区和平稳定的突出因素
新华社联合国10月8日电 出席第81届联大裁军与国际安全委员会(联大一委)的中国代表团团长、外交部军控司司长孙晓波8日在该委员会一般性辩论发言,指出日本现政权加速“再军事化”,已成为威胁地区和平稳定的突出因素。
孙晓波说,今年是东京审判开庭80周年。当年,日本以承认军国主义罪行、接受《联合国宪章》全部内容为前提加入联合国。但日本现政权否认侵略历史、美化战争罪行、对二战战犯顶礼膜拜,同时持续强军扩武,加速“再军事化”,已成为威胁地区和平稳定的突出因素。日本现职高官公然发表不设禁忌讨论拥有核武器的狂妄言论,企图抛弃“无核三原则”,这是对国际核不扩散体系的严重挑衅和践踏。日本提出删除《联合国宪章》中的“敌国条款”是其披着“国家正常化”外衣挑战战后国际秩序的最新例证。日本应该深刻反省侵略历史,彻底同军国主义切割,彻底放弃“再军事化”图谋,切实履行不扩散核武器的国际法义务。
孙晓波说,美国执迷于绝对战略优势,持续通过“核共享”“延伸威慑”打造核联盟,严重破坏全球和地区战略稳定,在军控和防扩散问题上奉行双重标准,这是多边军控进程失速、国际防扩散体系受损的根本原因。中方坚定维护《不扩散核武器条约》作为国际核不扩散和核裁军体系基石的重要作用。基于《全面禁止核试验条约》的禁核试共识不容挑战。裁军谈判会议、联大一委等多边军控机制的权威性、有效性只能加强,不能削弱。
孙晓波说,中国主张发展和平正义、可靠可控的军事人工智能。坚持由人主导,确保人类是最终责任主体,相关武器系统处于人类控制之下;不借助人工智能谋求绝对军事优势,反对人工智能军备竞赛;支持联合国发挥应有作用,反对搞“小圈子”治理同盟。中国倡导尊重数字主权,强调各国有权基于国情自主选择包括人工智能在内的数智技术发展路径,反对胁迫别国选边站队。和平利用科技是国际法赋予各国不可剥夺的权利,对平衡发展与安全,实现可持续发展目标至关重要。今年中方将再次向联大提交“在国际安全领域促进和平利用国际合作”决议草案,期待各国积极支持并参与决议后续进程。
孙晓波指出,中国秉持公正、合作、平衡、有效的军控理念,矢志不渝做动荡世界中的和平力量、稳定力量、进步力量。中国将继续致力于践行真正的多边主义,坚定支持以联合国为核心的国际军控进程,同所有爱好和平的国家一道,为推动构建人类命运共同体作出新的贡献。(完)
图说:这是9月7日在瑞士日内瓦拍摄的万国宫。新华社记者 连漪 摄








