
ဂျကာတာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကားဘက်ထရီများအား ပထမဆုံးအကြိမ် တင်ပို့ရောင်းချမှုကို မြောက်မာလူကူပြည်နယ် Central Halmahera ဒေသရှိ Indonesia Weda Bay စက်မှုဥယျာဉ်တွင် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အောက်တိုဘာ ၈ ရက်၌ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတင်ပို့မှုမှာ သဘာဝသယံဇာတများ၏ ထပ်တိုးတန်ဖိုးမြှင့်တင်ရန်နှင့် လျှပ်စစ်ကားလုပ်ငန်းကဏ္ဍကို ခိုင်မာအားကောင်းစေရန် ပြည်တွင်း၌ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ အစိုးရ၏ မူဝါဒတွင် "ထင်ရှားသော မှတ်တိုင်" ဖြစ်သည်ဟု ပရာဘိုဝိုက ပြောကြားခဲ့သည်။
"ဒါဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာ ကုန်ကြမ်းတွေကို ကုန်ချောတွေအဖြစ် ပြုပြင်ထုတ်လုပ်ရေးဆိုင်ရာ မူဝါဒက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေကြောင်း လက်တွေ့ကျတဲ့ သက်သေဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီလုပ်ငန်းစဉ်ကို အတတ်နိုင်ဆုံး အပြည့်အဝ ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။
ယခုတင်ပို့မှုမှာ ယခင်အစိုးရများလက်ထက်က ချမှတ်ခဲ့သော မူဝါဒများနှင့် ဆုံးဖြတ်ချက်များ၏ ရလဒ်များကို ထင်ဟပ်ဖော်ပြနေသည်ဟု ပရာဘိုဝိုက မှတ်ချက်ပြုပြောကြားခဲ့သည်။
ထို့ပြင် သမ္မတက အဆိုပါစက်မှုဥယျာဉ်အတွင်း ပြည်တွင်း၌ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ပြုပြင်ထုတ်လုပ်ရေးစီမံကိန်း လေးခု၏ စီးပွားဖြစ်လုပ်ငန်းလည်ပတ်မှုကိုလည်း စတင်ဖွင့်လှစ်ပေးခဲ့သလို စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံသစ် ခုနစ်ခုအတွက်လည်း အုတ်မြစ်ချအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Indonesia launches 1st EV battery exports
JAKARTA, Oct. 8 (Xinhua) -- Indonesian President Prabowo Subianto launched the country's first export of electric vehicle batteries at the Indonesia Weda Bay Industrial Park in Central Halmahera, North Maluku, on Thursday.
Prabowo said the export marked "a notable milestone" in the government's downstreaming policy to increase the added value of natural resources and strengthen the electric vehicle industry.
"This is concrete proof that our downstreaming policy is on the right track, and we will continue to advance it to the fullest extent possible," he said.
Prabowo noted that the export shipment reflected the outcomes of policies and decisions made under previous administrations.
The president also marked the launch of commercial operations for four downstream projects, while breaking ground on seven new industrial facilities in the park. ■
Photo caption 1: Indonesian President Prabowo Subianto (C) attends a groundbreaking ceremony for a major electric vehicle (EV) battery megaproject in Karawang, West Java, Indonesia, June 29, 2025. (Xinhua/Zulkarnain)
Photo caption 2: A guest takes photos of products and equipment displayed during the inauguration ceremony of an electric vehicle battery manufacturing plant in Karawang, West Java Province, Indonesia, July 3, 2024. (Xinhua/Zulkarnain)








