
နိုင်ရိုဘီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အီဘိုလာ ရောဂါတုံ့ပြန်ရေးနှင့် မိုးခေါင်ရေရှားမှု ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ထောက်ပံ့ရန်အတွက် တရုတ်နိုင်ငံမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းရှိသော ငွေကြေးအထောက်အပံ့ကို ကင်ညာနိုင်ငံက အောက်တိုဘာ ၈ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောဟိုင်ယန့်၊ ကင်ညာအမျိုးသားဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ခရစ် ကစ်ပ်တူးနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မေရီ မူသိုနီတို့သည် ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီရှိ အမျိုးသားဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျင်းပသည့် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး နှစ်ဖက်အနေဖြင့် လက်ခံလွှဲပြောင်းပေးအပ်ခြင်းဆိုင်ရာအတည်ပြုစာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ကင်ညာအစိုးရ၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အားကောင်းလာစေရန် အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးခဲ့သည်။ ယင်းထောက်ပံ့ငွေကို ရောဂါကူးစက်နိုင်ခြေ အလွန်မြင့်မားသည့် ဒေသများနှင့် မြင့်မားသည့် ဒေသများအဖြစ် သတ်မှတ်ထားသော ခရိုင်များတွင် အသုံးပြုသွားမည်ဖြစ်သည်။
ကျန်ရှိသည့် အမေရိကန်ဒေါ်လာ ၁ သန်းကို မိုးခေါင်ရေရှားမှု၏ သက်ရောက်မှုများအား တုံ့ပြန်ဖြေရှင်းရာတွင် ကင်ညာအစိုးရကို ကူညီပံ့ပိုးရန် အသုံးပြုသွားမည်ဖြစ်သည်။
ကောဟိုင်ယန့်က တရုတ်နိုင်ငံ၏ ယခုနောက်ဆုံးထောက်ပံ့မှုသည် ကင်ညာနိုင်ငံ အစိုးရနှင့် ပြည်သူများအပေါ် တရုတ်အစိုးရနှင့် ပြည်သူများက ထားရှိသည့် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ဖော်ပြနေကြောင်း အလေးပေးပြောကြားခဲ့သည်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (FOCAC) နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (GDI) တို့၏ မူဘောင်များအောက်တွင် ကင်ညာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။
ကစ်ပ်တူးကလည်း ကင်ညာနိုင်ငံ၏ တောင်းဆိုချက်များကို လျင်မြန်စွာ တုံ့ပြန်ပေးခဲ့သည့်အပြင် အီဘိုလာရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှုများနှင့် မိုးခေါင်ရေရှားမှု ကူညီဖြေရှင်းရေးလုပ်ငန်းများကို အထောက်အကူပြုမည့် ဘဏ္ဍာရေးအကူအညီများကို အချိန်မီပေးအပ်ခဲ့သည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ချီးကျူးခဲ့သည်။
ကင်ညာနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံထားရသူ ပြည်ပမှဝင်ရောက်မှု ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၆ ရက်က စတင်တွေ့ရှိခဲ့ရပြီး၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် ခုနစ်နှစ်တာနေထိုင်ခဲ့သော ကင်ညာနိုင်ငံသားတစ်ဦးသည် နိုင်ရိုဘီမြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူနေစဉ် အဆိုပါရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကင်ညာသမ္မတ ဝီလျံ ရူတိုက ရောဂါကူးစက်ပျံ့နှံ့နိုင်ခြေကို လျှော့ချရန်အတွက် နိုင်ငံ ဝင်ပေါက်၊ ထွက်ပေါက်များ၌ ရောဂါစောင့်ကြည့်စစ်ဆေးမှုများ ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ရန် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို ညွှန်ကြားထားသည်။
အရှေ့အာဖရိကဒေသ၏ စီးပွားရေးအင်အား အတောင့်တင်းဆုံးနိုင်ငံဖြစ်သည့် ကင်ညာသည် ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်နေရပြီး ယင်းတို့တွင် မိုးနည်းရေရှားဒေသများရှိ ခရိုင်များတွင် ကာလရှည်ကြာ မိုးခေါင်ရေရှားမှုများ ပါဝင်သည်။ ထို့အပြင် အောက်တိုဘာလမှ လာမည့်နှစ်အစောပိုင်းအထိ အယ်လ်နီညိုဖြစ်စဉ်နှင့် ဆက်စပ်သည့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။ (Xinhua)

------------------------
(English Version)
China extends 2 mln USD grant to Kenya for Ebola preparedness, drought relief
NAIROBI, Oct. 8 (Xinhua) -- Kenya on Thursday received a cash grant from China totaling 2 million U.S. dollars to support its Ebola response and drought relief.
Chinese Ambassador to Kenya Guo Haiyan, National Treasury Principal Secretary Chris Kiptoo and Public Health Principal Secretary Mary Muthoni attended the handover ceremony at the National Treasury in Nairobi, the Kenyan capital, where the two sides signed a handover certificate.
Responding to a request from the Kenyan government, the Chinese government provided a cash grant of 1 million U.S. dollars to boost Ebola virus disease preparedness infrastructure in counties identified as very high-risk and high-risk.
The remaining 1 million U.S. dollars will be used to support the Kenyan government's response to the impact of drought.
Guo emphasized that the latest grant from China embodies the friendly sentiments held by the Chinese government and people toward the government and people of the Republic of Kenya.
The envoy expressed China's continued willingness to strengthen development cooperation with Kenya under the frameworks of the Forum on China-Africa Cooperation (FOCAC) and the Global Development Initiative (GDI).
For his part, Kiptoo commended China for its prompt response to Kenya's requests and timely provision of financial support that will boost Ebola mitigation efforts and drought relief.
Kenya on Tuesday reported the first imported case of Ebola, a citizen who had lived in the Democratic Republic of the Congo (DRC) for the past seven years and died of the disease while undergoing treatment at a hospital in Nairobi.
President William Ruto has directed state agencies to intensify surveillance at the ports of entry to mitigate the risk of transmission of the disease.
East Africa's largest economy is also grappling with climate-related shocks including prolonged droughts in the semi-arid counties, and the meteorological department has warned of El Nino rains characterized by floods from October to early next year.
Photo Caption 1 :Vehicles run on the Nairobi Expressway in Nairobi, Kenya, Feb. 6, 2023. (Xinhua/Han Xu)
Photo Caption 2 :Chinese President Xi Jinping and foreign leaders gather for group photos prior to the opening ceremony of the 2024 Summit of the Forum on China-Africa Cooperation (FOCAC) at the Great Hall of the People in Beijing, capital of China, Sept. 5, 2024. (Xinhua/Rao Aimin)








