တရုတ်နိုင်ငံ ချန်ချွမ်းမြို့တွင်းရှိ ဆောင်းရာသီအားကစားပြိုင်ပွဲ အကြောင်းအရာဖြင့် အလှဆင်ထားသည့်နေရာတစ်ခုကို ဖြတ်သန်းသွားလာသည့် မြို့ခံပြည်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချန်ချွမ်းမြို့တွင်းရှိ ဆောင်းရာသီအားကစားပြိုင်ပွဲ အကြောင်းအရာဖြင့် အလှဆင်ထားသည့်နေရာတစ်ခုကို ဖြတ်သန်းသွားလာသည့် မြို့ခံပြည်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချန်ချွမ်းမြို့တွင် ကျင်းပမည့် ၂၀၂၇ ခုနှစ်  ၃၃ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီအားကစားပွဲတော်ကြီး ကျင်းပရန်  အောက်တိုဘာ ၇ ရက်တွင်မူ ရက်ပေါင်း ၁၀၀ သာ လိုတော့သည်။ ချန်ချွမ်းမြို့လမ်းများတွင် ဆောင်းရာသီအားကစားပွဲတော်ကြီး၏ သရုပ်ပေါ်လွင်အောင် အမျိုးမျိုးအလှဆင်ထားရာ ပြိုင်ပွဲအငွေ့အသက်များ တစ်နေ့ထက်တစ်နေ့လွှမ်းမိုးလာသည်။

ယခုအကြိမ် ချန်ချွမ်း ဆောင်းရာသီအားကစားပွဲတော်ကြီးအား အစိမ်းရောင် ပြိုင်ပွဲအခမ်းအနား ဖြစ်စေရန်ခံယူချက်ဖြင့် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပမည့်နေရာများ အားလုံး၌ ရှိရင်းစွဲအဆောက်အအုံများကိုသာ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ပြီး သီးခြားအားကစားရုံများ တည်ဆောက်ခြင်း သို့မဟုတ် မလိုအပ်ဘဲ ထပ်မံတည်ဆောက်မည်မဟုတ်ကြောင်း သိရသည်။ လက်ရှိတွင် ယှဉ်ပြိုင်မည့် အားကစားရုံများ၊ အဆောက်အအုံများနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အထောက်အကူပြုနေရာများအား ပြုပြင်မွမ်းမံခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

၃၃ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီအားကစားပွဲတော်ကြီးကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ချန်ချွမ်းမြို့ ပင်မပြိုင်ပွဲဇုန်နှင့် ကျီလျင်မြို့ ပြိုင်ပွဲဇုန်ခွဲဟူ၍ နှစ်ပိုင်းခွဲထားသည်။ (Xinhua)

................................

(Chinese Version)

百天倒计时 长春进入“大冬时间”

新华社照片,长春,2026年10月7日

10月7日,长春2027第33届世界大学生冬季运动会迎来倒计时100天。长春街头,各类大冬会主题装饰次第亮相,赛事氛围日渐浓厚。据介绍,本届长春大冬会坚持绿色办赛理念,所有竞赛场馆全部依托现有场地升级改造,不建“孤岛”场馆,不搞重复建设。目前,各竞赛场馆、场地及工作配套区域改造建设正有序推进。

第33届世界大学生冬季运动会将于2027年1月15日至25日举办,分为长春市主赛区和吉林市分赛区。

图说1:10月7日,市民经过长春市内一处大冬会主题装饰。 新华社记者 许畅 摄

图说2:这是10月6日拍摄的大冬会部分冰上比赛项目场馆(无人机照片)。新华社记者 张楠 摄