အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် လူများစုဝေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ဝါရှင်တန်အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် လူများစုဝေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

နိုင်ငံတကာကျောင်းသားများက “အလုပ်သင်ရွေးချယ်ခွင့်အစီအစဉ်” (OPT) ဖြင့် အမေရိကန်တွင် အလုပ်လုပ်ကိုင်ခြင်းကို အခကြေးငွေ မြင့်မားစွာ ကောက်ခံမည်ဟူသော အဆိုပြုထားသည့် စည်းမျဉ်းတစ်ရပ်ကို အမေရိကန် အမိမြေလုံခြုံရေးဌာနက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဤသည်မှာ အမေရိကန်အစိုးရက နိုင်ငံတကာကျောင်းသားများဆိုင်ရာ မူဝါဒများကို တင်းကျပ်လာသည့် နောက်ဆုံးအစီအမံသစ်တစ်ရပ်ဖြစ်သည်။

ဤစည်းမျဉ်းအရ ကျောင်းတစ်ကျောင်းသည် ကျောင်းသားတစ်ဦးစီအတွက် ပထမဆုံးအကြိမ် OPT အစီအစဉ် လျှောက်ထားရာတွင် အမေရိကန်ဒေါ်လာ ၇၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး သက်တမ်းတိုးရန် လျှောက်ထားပါက အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ထပ်မံပေးရမည်ဖြစ်သည်။ ဤအစီအစဉ်သည် ကျောင်းသားဗီဇာကိုင်ဆောင်ထားသော နိုင်ငံတကာကျောင်းသားများအား ၎င်းတို့ သင်ယူခဲ့သော ဘာသာရပ်နှင့် တိုက်ရိုက်သက်ဆိုင်သော အလုပ်များတွင် ပါဝင်လုပ်ကိုင်ခွင့်ပြုကာ နိုင်ငံတကာကျောင်းသားများသည် အလုပ်ဗီဇာသို့ ကူးပြောင်းရန် အရေးကြီးသော အကူးအပြောင်းလမ်းကြောင်း တစ်ခုဖြစ်သည်။

ဤအစီအမံကို ပြဋ္ဌာန်းရခြင်းသည် “ဗီဇာ လိမ်လည်မှုနှင့် အလွဲသုံးစားပြုမှုပြဿနာများ” ကို တိုက်ဖျက်ရန် ဖြစ်ပြီး OPT အစီအစဉ်သည် အမေရိကန်လုပ်အားဈေးကွက်သို့ ဝင်ရောက်ရန် နောက်ပေါက်လမ်းကြောင်းမဖြစ်သင့်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဌာနက ပြောကြားခဲ့သည်။

နိုင်ငံတကာကျောင်းသားများကို ငြင်းဆန်ဖယ်ကြဉ်ခြင်းသည် “အမေရိကန်၏ ဆန်းသစ်တီထွင်မှု၊ စီးပွားရေးတိုးတက်မှု၊ လုပ်သားအင်အားဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့ဦးဆောင်မှုအနေအထားကို ထိခိုက်စေမည်” ဟု အမေရိကန်နိုင်ငံတကာပညာရေးလုပ်ငန်းအသင်း (NAFSA) က ကြေညာချက် ထုတ်ပြန်၍ ဖော်ပြထားသည်။

အမေရိကန်အမိမြေလုံခြုံရေးဌာနသည် ပြည်သူများ၏ အမြင်သဘောထားများကို စုဆောင်းပြီးနောက် နောက်ဆုံးစည်းမျဉ်းကို သတ်မှတ်ရန် စီစဉ်ထားသည်။ အမေရိကန်မီဒီယာများက ဤအခကြေးငွေကောက်ခံမှုအစီအမံသည် ဥပဒေရေးရာစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ယူဆနေကြကြောင်း သိရသည်။ (Xinhua)

..........................................

(Chinese Version)

美拟就国际学生留美工作征收高额费用

新华社华盛顿10月7日电(记者颜亮)美国国土安全部7日公布一项拟议规则,将就国际学生借助“选择性实习训练”项目在美国工作征收高额费用。这是美政府收紧留学生相关政策的最新举动。

根据这项规则,学校为每名学生首次申请“选择性实习训练”项目时需支付7万美元,申请延期还需再支付3万美元。该项目允许持学生签证的国际学生从事与所学专业直接相关的工作,是国际学生转入工作签证的重要过渡渠道。

美国国土安全部称,推出这项措施是为了打击“签证欺诈和滥用问题”,“选择性实习训练”项目不应该成为进入美国劳动力市场的后门。

美国国际教育工作者协会发表声明表示,将国际学生拒之门外将会“损害美国的创新、经济增长、劳动力发展以及全球领导地位”。

美国国土安全部计划征求公众意见后敲定最终规则。美媒认为,这一收费措施或将面临法律挑战。(完)

图说:2025年10月8日,在美国华盛顿,人们聚集在华盛顿纪念碑前。新华社记者李睿摄