
ဒါကာ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ယန်လန်ပင်း နှင့် ချန်ကျီယန်း တို့သည် နိုဝင်ဘာလ ၁၁ ရက်က ဒါကာမြို့၌ ကျင်းပသည့် လူငယ်အိုလံပစ် ကျွမ်းဘားအသင်းလိုက် ပေါင်းစပ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအတွက် ပထမဆုံးအကြိမ် ရွှေတံဆိပ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ချန် သည် ဟန်ချက်ထိန်းတန်းတွင် ၁၃.၈၆၆ မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဂျပန်ကစားသမား Ikki Nishihara က မြေပြင်ညီကောင်းကင် ဘားတန်းတွင် ၁၃.၉၀၀ မှတ်ရယူကာ ပြန်လည်တုံ့ပြန်ခဲ့သည်။
ဂျပန်အသင်းအနေဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်မည့် အခွင့်အရေးကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် Yume Minamino သည် အနိမ့်အမြင့် ဘားတန်းနှစ်ဆင့်ပြိုင်ပွဲတွင် အမှားအယွင်းမရှိ ယှဉ်ပြိုင်နိုင်ရန် လိုအပ်ခဲ့သော်လည်း Minamino သည် လေထဲ၌ ကျွမ်းထိုးပြီး ဘားတန်းကို ပြန်ဖမ်းရသည့်အချိန်တွင် လက်လွှတ်ရန်နောက်ကျကာ တန်းပေါ်သို့ ထိုင်လျက် ကျသွားခဲ့သည့်အတွက် ၁၂.၀၆၆ မှတ်သာ ရရှိခဲ့သည်။
အဆိုပါပွဲစဉ်၏ နောက်ဆုံးယှဉ်ပြိုင်သူဖြစ်ခဲ့သည့် ယန် က မြေပြင်ကျွမ်းဘားပြိုင်ပွဲတွင် ၁၃.၉၆၆ မှတ်အထိ ရယူပေးနိုင်ခဲ့သောကြောင့် တရုတ်အသင်းသည် ပြိုင်ပွဲတစ်လျှောက် အမြင့်ဆုံးရမှတ်ဖြစ်သည့် ၂၇.၈၃၂ မှတ် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
"ဒီနေ့မှာ ကျွန်တော်တို့က တည်ငြိမ်မှုကိုထိန်းထားဖို့ပဲ အဓိကထားခဲ့ပြီး ရွှေတံဆိပ်အတွက် ယှဉ်ပြိုင်ရမယ့် နောက်ဆုံးပွဲကျမှ ကျန်တော်တို့ရဲ့အားအကောင်းဆုံးကိရိယာတွေကို ထုတ်သုံးဖို့ ချန်ထားပါတယ်"ဟု တရုတ်အသင်းနည်းပြ ကျန်းရှာ က ပြောခဲ့သည်။
ဂျပန်အသင်းက ရမှတ်ပေါင်း ၂၅.၉၆၆ မှတ်ဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး အစ္စရေးအသင်းက ကြေးတံဆိပ်ရရှိကာ အီတလီအသင်းက စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။
ဤပြိုင်ပွဲတွင် အမျိုးသားနှင့် အမျိုးသမီးကစားသမား တစ်ဦးစီကို ပုံသေတွဲဖက်ထားသည့် အသင်းပေါင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ အဆင့် ၃ ဆင့်ရှိသည့် ပြိုင်ပွဲတွင် အဆင့်တစ်ခုပြီးတိုင်း ရမှတ်များ ပယ်ဖျက်ကာ သုညမှ ပြန်လည်စတင်ရခြင်းဖြစ်ပြီး အသင်းတိုင်းသည် အဆင့်တိုင်း၌ ကစားနည်းကိရိယာအသစ်ကို ပြောင်းလဲအသုံးပြုရသည်။ ဒုတိယအဆင့်သို့ အသင်း ၈ သင်း တက်ရောက်ပြီး နောက်ဆုံးကျန်ရှိသည့် အသင်း ၄ သင်းက တတိယအဆင့်တွင် ဆုတံဆိပ်အတွက် ယှဉ်ပြိုင်ခဲ့ရသည်။
အမျိုးသားကစားသမားများသည် ကြမ်းခင်းကျွမ်းဘား၊ ဘားတန်းပြိုင်နှင့် ဘားတန်းမြင့်တို့ထဲမှ ယှဉ်ပြိုင်ရပြီး အမျိုးသမီးကစားသမားများက အနိမ့်အမြင့် ဘားတန်းနှစ်ဆင့်၊ ဟန်ချက်ထိန်းကျွမ်းဘားနှင့် မြေပြင်ကျွမ်းဘား တို့ထဲမှ ရွေးချယ်ယှဥ်ပြိုင်ရခြင်းဖြစ်သည်။ သို့သော် အကျော့တူသည့်အဆင့်တွင် နှစ်ဦးစလုံးအနေဖြင့် မြေပြင်ကျွမ်းဘားကို တစ်ပြိုင်နက် ယှဉ်ပြိုင်ရန်ခွင့်ပြုထားခြင်းမရှိပေ။
နောက်ဆုံးဗိုလ်လုပွဲအစတွင်ပင် ကြီးမားသည့် အံ့အားသင့်ဖွယ်ဖြစ်ရပ်ဖြင့် စတင်ခဲ့ရသည်။ နိုဝင်ဘာ ၁၀ ရက်က အမျိုးသားအားကစားနည်းစုံပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် Daniil Smirnov သည် မြေပြင်ညီကောင်းကင် ဘားတန်း ပြိုင်ပွဲမှ ပြုတ်ကျခဲ့သောကြောင့် ၁၁.၅၃၃ မှတ်သာရရှိပြီး ရုရှားအသင်းသည် အသင်း ၁၂ သင်းအနက် အောက်ဆုံးအဆင့်၌ ရပ်တည်ကာ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်အသင်းတို့နှင့်အတူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ဒုတိယအဆင့်တွင်လည်း အီဂျစ်ကစားသမား Tia Elmidany သည် ဟန်ချက်ထိန်းတန်းပေါ်မှ ပြုတ်ကျခဲ့သကဲ့သို့ ဩစတြေးလျကစားသမား Elijah Wu က ဘားတန်းပေါ်မှ နှစ်ကြိမ်တိုင်တိုင် ပြုတ်ကျခဲ့ပြီး စပိန်ကစားသမား Otger Carreres ကလည်း ဘားတန်းပြိုင်ပေါ်မှ ပြုတ်ကျခဲ့သည်။ ဘယ်လ်ဂျီယံအတွဲအဖက်ဖြစ်သည့် Maxime Rolin နှင့် Emma Sneessens တို့က ဘားတန်းမြင့်တွင် ၁၂.၄၃၃ မှတ်နှင့် မြေပြင်ကျွမ်းဘားတွင် ၁၁.၂၆၆ မှတ်သာ ရရှိခဲ့သည်။
အသင်းလိုက်ပေါင်းစပ်ပြိုင်ပွဲကို ၂၀၂၈ ခုနှစ် လော့စ်အိန်ဂျလိစ်အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။ (Xinhua)
……………………
(English version)
China claims first Youth Olympic gymnastics mixed team gold
DAKAR, Nov. 11 (Xinhua) -- Yang Lanbin and Chen Ziyan helped China win the first-ever Youth Olympic mixed team gymnastics gold at Dakar 2026 on Wednesday.
Chen scored 13.866 points in balance beam before Japan's Ikki Nishihara answered on the horizontal bar with 13.900.
Yume Minamino then needed a clean uneven bars routine to keep Japan in the gold race, but she had to settle for 12.066 after releasing late on a somersault and sitting on the bar.
Yang, the last gymnast of the night, scored 13.966 for the floor exercise routine, fueling China to a competition-high 27.832 points.
"We went for stability today and saved our strongest apparatus for the last round to fight for the gold," China coach Zhang Xia said.
Japan took silver on 25.966. Israel claimed bronze and Italy finished fourth.
Twelve teams contested the event, each featuring a fixed pair of one man and one woman. Scores were wiped after each of the three rounds, and every pair switched apparatus every round, with eight teams qualifying for the second round, and the last four vying for the medals in the third round.
The men chose among floor exercise, parallel bars and horizontal bar, while the women's options were uneven bars, balance beam and floor exercise, with the two not allowed to take floor in the same round.
The final opened with the first major shock. Daniil Smirnov, who won the men's all-around on Tuesday, fell on the horizontal bar and just scored 11.533, as Russia finished bottom among the 12 teams and exited along with Britain, Canada and France.
In the second round, Egypt's Tia Elmidany fell on the beam, Australia's Elijah Wu came off the horizontal bar twice, and Spain's Otger Carreres fell on the parallel bars. Belgium's Maxime Rolin and Emma Sneessens managed only 12.433 on horizontal bar and 11.266 on floor.
The mixed team event will make its Olympic debut at Los Angeles 2028. ■

fd6a02a45866cc26e5bc66aac8af7752cbed4a97.article_card.avif)






