တရုတ်နိုင်ငံ၊ ဟောင်ကောင်ရှိ ဟောင်ကောင်ရဲတပ်ဖွဲ့ သင်တန်းကျောင်း၌ ကျင်းပသည့် Open Day အခမ်းအနားတွင် ရဲအရာရှိများနှင့် ရဲခွေးလေးများ၏ စွမ်းရည်ပြသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက်က တွေ့ရစဥ် (ဓာတ်ပုံ-Information Services of the Government of the HKSAR/Handout via Xinhua)
တရုတ်နိုင်ငံ၊ ဟောင်ကောင်ရှိ ဟောင်ကောင်ရဲတပ်ဖွဲ့ သင်တန်းကျောင်း၌ ကျင်းပသည့် Open Day အခမ်းအနားတွင် ရဲအရာရှိများနှင့် ရဲခွေးလေးများ၏ စွမ်းရည်ပြသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၅ ရက်က တွေ့ရစဥ် (ဓာတ်ပုံ-Information Services of the Government of the HKSAR/Handout via Xinhua)

ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဟောင်ကောင်ရဲတပ်ဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်က "ဟောင်ကောင် နိုင်ငံတကာ ရဲတပ်ဖွဲ့ဆိုင်ရာ အကယ်ဒမီ" ကို စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်တွင်းနှင့် ပြည်ပ ဥပဒေစိုးမိုးရေးအေဂျင်စီများမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

"လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေက ပိုမိုရှုပ်ထွေးလာပြီး နယ်နိမိတ်ကန့်သတ်ချက်တွေလည်း မရှိတော့ပါဘူး။ ဒါကြောင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာတဲ့ နိုင်ငံတကာချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေဖို့ သိပ်ကိုအရေးကြီးပါတယ်" ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ဟောင်ကောင်၏ နိုင်ငံတကာ မိတ်ဖက်ဆက်ဆံရေးများကို ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဤအကယ်ဒမီသည် နှစ်စဉ် ရဲတပ်ဖွဲ့ဝင် ၁,၀၀၀ ခန့်ကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထားပြီး ၎င်းတို့အနက် ၂၀၀ ဦးမှာ ပြည်ပမှ တရားဥပဒေစိုးမိုးရေး အရာရှိများ ဖြစ်ကြသည်ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ရဲတပ်ဖွဲ့ကော်မရှင်နာ ကျိုးရီးမင် က ပြောကြားခဲ့သည်။

လာမည့်နှစ်ကုန်ပိုင်းအထိ ဤအကယ်ဒမီသည် အဓိက သင်တန်းအစီအစဉ် ၂၀ ကျော်နှင့် ရဲတပ်ဖွဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ သင်တန်းများတွင် ရဲလုပ်ငန်းဆိုင်ရာ မဟာဗျူဟာမြောက် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှု၊ ထိန်းချုပ်မှုဆိုင်ရာ နည်းဗျူဟာများ အသုံးချခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အကျပ်အတည်းကာလ စီမံခန့်ခွဲမှု၊ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး၊ အကာအကွယ်ပေးရေးနှင့် လုံခြုံရေး စသည့် အဓိက ကဏ္ဍများကို အလေးပေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………

(English version)

Hong Kong Police Force launches international policing academy

HONG KONG, Nov. 11 (Xinhua) -- The Hong Kong Police Force on Wednesday launched the Hong Kong International Academy of Policing (HKIAP), with more than 400 representatives from overseas and local law enforcement agencies attending the opening ceremony.

"Security challenges are increasingly complex and borderless, and strong international connectivity is therefore vital to global security and prosperity," said Hong Kong Special Administrative Region (HKSAR) Chief Executive John Lee at the ceremony.

The HKIAP will strengthen Hong Kong's international partnerships, he added.

Chow Yat-ming, commissioner of police of the HKSAR government, said the academy aims to train around 1,000 members of police forces every year, including 200 overseas law enforcement officers.

The academy will coordinate over 20 hallmark training programs and police leadership forums by the end of next year. Training focuses on key areas such as strategic command and leadership for policing, the application of control tactics, counter-terrorism and crisis management, criminal investigation, as well as protection and security. ■

Photo caption: This photo taken on April 15, 2023 shows a performance by police officers and service dogs during an open-day event at the Hong Kong Police College, south China's Hong Kong. (Information Services Department of the Government of the HKSAR/Handout via Xinhua)