
ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်သည် ဖွဲ့စည်းတည်ထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး အင်အားအနည်းငယ်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာမှ အနာဂတ်စစ်ဆင်ရေးလိုအပ်ချက်များနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံရှိသော ခေတ်မီလေတပ်တစ်ရပ်အဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည့် ခရီးစဉ်အဆင့်ဆင့်ကို ထုတ်ဖော်ပြသခဲ့သည်။
၁၉၄၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၏ ၇၇ နှစ်မြောက် အထိမ်းအမှတ် ဗီဒီယိုတွင် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ကြိုတင်သတိပေးရေး လေယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ ပါဝင်သည့် လေ့ကျင့်ရေးလှုပ်ရှားမှုများကို ပြသခဲ့သကဲ့သို့ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တပ်ဖွဲ့များ၊ ရေဒါတပ်ဖွဲ့များနှင့် လေကြောင်းချီတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကိုလည်း ထည့်သွင်း ပြသခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်က လေတပ်၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများတွင် ထုတ်ပြန်သည့်ရုပ်သံဖိုင်များတွင် ၎င်း၏သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် နိုင်ငံတကာဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးရေး လုပ်ငန်းများတွင် ပါဝင်ခဲ့မှုများကိုလည်း အသားပေးဖော်ပြထားရာ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများစွာ ရရှိခဲ့သည်။
၇၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများကို ယခုလအစောပိုင်းကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးတွင် အခမ်းအနားများနှင့် အစီအစဉ်များလည်း ပြုလုပ်ခဲ့ကြသည်။
နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ကျီလျင်ပြည်နယ်၏ မြို့တော် ချန်ချွမ်းမြို့ရှိ လေတပ်လေကြောင်းတက္ကသိုလ်မှ လေယာဉ်မောင်းသင်တန်းနည်းပြ ရှစ်ဦးသည် တိုက်လေယာဉ်ငယ်များဖြင့် ကောင်းကင်ယံသို့ ပျံသန်းကာ လေကြောင်းပျံသန်းမှုစွမ်းရည်များ ပြသခဲ့ကြသည်။
ထိုနေ့ညနေပိုင်းတွင် ဒရုန်းအစင်း ၃,၀၀၀ ဖြင့် မီးအလင်းဖြင့်အလှပုံဖော်ပြသမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါပြကွက်တွင် မြင်းဖြင့်ဆွဲယူရသည့် ပန်ကာတပ် လေ့ကျင့်ရေးလေယာဉ်များမှသည် J-20 ကိုယ်ပျောက်တိုက်လေယာဉ်နှင့် Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်ကဲ့သို့သော ခေတ်မီလေယာဉ်များအထိ လေတပ်၏ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာမှုသမိုင်းကြောင်းများကို ပုံဖော်ပြသခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင်လည်း အခမ်းအနားအစီအစဉ်တစ်ရပ်အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်၏ ပါးရီး (ဩဂုတ် ၁ ရက်) လေယာဉ်သရုပ်ပြပျံသန်းရေးအဖွဲ့မှ J-10 တိုက်လေယာဉ် ခြောက်စင်းသည် တရုတ်နိုင်ငံမြောက်ပိုင်း၊ ထျန်းကျင်းမြို့ရှိ မဟာတံတိုင်းကြီးပေါ်မှ ဖြတ်သန်း၍ပျံသန်းခဲ့ကြသည်။ အဆိုပါအဖွဲ့၏ အမည်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ဩဂုတ် ၁ ရက်ကို အစွဲပြု မှည့်ခေါ်ထားခြင်းဖြစ်သည်။
“တစ်ချိန်က မဟာတံတိုင်းကြီးဟာ ကျူးကျော်သူတွေကို တားဆီးကာကွယ်ပေးခဲ့တဲ့ အတားအဆီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့အချိန်ကာလမှာတော့ ကျွန်တော်တို့ လေယာဉ်မှူးတွေဟာ မိသားစုများစွာရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ 'ဝေဟင်မဟာတံတိုင်းကြီး' အဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်" ဟု လေယာဉ်မှူးတစ်ဦးဖြစ်သူ ကျာရှို့ဖုန်း က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်သည် စတင်ဖွဲ့စည်းစဉ်က ခေတ်မမီတော့သည့် လေယာဥ်အစင်းရေအနည်းငယ်ဖြင့်သာ စတင်ခဲ့ရခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာသည့် အခမ်းအနား၌ စစ်ရေးပြချီတက်ပျံသန်းရန် လေယာဉ် ၁၇ စင်းသာ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261111/3480dbe9c65c4165bcd1e23f64b6a856/c.html
……………………………………………..
(English version)
PLA Air Force marks 77th anniversary amid modernization drive
BEIJING, Nov. 11 (Xinhua) -- The Chinese People's Liberation Army (PLA) Air Force marked its 77th founding anniversary on Wednesday, highlighting its journey from a modest beginning to a modernizing force with a structure geared toward future operational needs.
In an anniversary video, the Air Force, founded on Nov. 11, 1949, showcased training exercises involving fighter jets, bombers, early warning aircraft, transport planes, helicopters and drones, as well as ground-based air defense missile units, radar units and airborne troops.
The video, released Wednesday on the service's official social media accounts, also highlighted the Air Force's participation in disaster relief and international exchanges, drawing a wave of congratulatory messages.
Anniversary celebrations had begun earlier this month, with events held in different parts of the country.
On Monday morning, eight flight instructors from the Aviation University of the Air Force in Changchun, capital of northeast China's Jilin Province, took to the skies in jet trainers for an aerial display.
That evening, 3,000 drones lit up the sky in a light show depicting the Air Force's evolution, from horse-towed propeller-driven trainer aircraft, to advanced aircraft such as J-20 stealth fighter and Y-20 transport plane.
On Nov. 6, six J-10 jets from the PLA Air Force's Bayi (August 1) Aerobatic Team flew over the Great Wall in north China's Tianjin Municipality as part of the celebrations. The team derives its name from the founding anniversary of the PLA.
"The Great Wall was once a barrier against invaders," said Zha Xiufeng, one of the pilots. "Today, we pilots serve as an 'airborne Great Wall,' safeguarding the peace and security of countless families."
The PLA Air Force started with a small fleet of outdated aircraft. During the founding ceremony of the People's Republic of China on Oct. 1, 1949, only 17 aircraft were available for parade.
https://english.news.cn/20261111/3480dbe9c65c4165bcd1e23f64b6a856/c.html
Photo caption: The Red Falcon aerobatics team from the Aviation University of Air Force performs during celebrations to mark the 77th anniversary of the founding of the People's Liberation Army (PLA) Air Force in Changchun, northeast China's Jilin Province, Nov. 9, 2026. (Xinhua/Yan Linyun)

fd6a02a45866cc26e5bc66aac8af7752cbed4a97.article_card.avif)






1509146bd4f107153d773bb69064897b4864f01b.article_card.avif)