ပေကျင်း၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တရုတ်-အမေရိကန် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုဝင်ဘာလ ၁၂ ရက်တွင် ကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံမှ နိုင်ငံရေးပါတီများ၊ မဟာဗျူဟာရေးရာ၊ စီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံမှ သက်ဆိုင်ဌာန၊ ဒေသန္တရအစိုးရ၊ Think Tank အဖွဲ့အစည်း၊ တက္ကသိုလ်ကျောင်း၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ နှစ်ဖက်အနေဖြင့် "ပြောင်းလဲနေသည့် အာရှ-ပစိဖိတ်နှင့် ကမ္ဘာတွင် ခေတ်သစ် တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းမှန်ကို ရှာဖွေခြင်း" ဟူသည့် ခေါင်းစဉ်ကို ဗဟိုပြု၍ ပွင့်လင်းမှု၊ နက်ရှိုင်းမှု၊ အပြုသဘောဆောင်မှုရှိစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန အကြီးအကဲ လျိုဟိုင်ရှင်း အဓိက အမှာစကားပြောကြားရာတွင် တည်ငြိမ်၊ ကောင်းမွန်၍ စဉ်ဆက်မပြတ် တိုးတက်မှုရှိသော တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားနှင့် ကိုက်ညီရုံသာမက အာရှ-ပစိဖိတ်နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက်လည်း အရေးကြီးသည့် အာမခံချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော အခြေခံမူများကို လက်ကိုင်ထားပြီး ခေတ်သစ်တွင် နိုင်ငံကြီး နှစ်နိုင်ငံ ဆက်ဆံရေး၏ လမ်းကြောင်းမှန်ကို အတူတကွ ရှာဖွေကာ  အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး အခြေခံအုတ်မြစ်ကို ခိုင်မြဲစေရန် အတူတကွ ကြိုးပမ်းသင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံမှ ကိုယ်စားလှယ်များက လက်ရှိတွင် အမေရိကန်-တရုတ် ဆက်ဆံရေးသည် အရေးကြီးသည့် အချိုးအကွေ့တစ်ခုတွင် ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို အားဖြည့်ရေး၊ အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရေးနှင့် အမေရိကန်-တရုတ် ဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ ကောင်းမွန်သည့်ဘက်သို့ ဖွံ့ဖြိုးတိုးတက်စေရေးကို တွန်းအားပေးကာ အာရှ-ပစိဖိတ်နှင့် ကမ္ဘာကြီးအတွက် တည်ငြိမ်သည့်မျှော်မှန်းချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားကို ဖြည့်တင်းပေးသင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

2026中美政党对话举行

新华社北京11月12日电(记者董雪、曹嘉玥)11月12日,2026中美政党对话在北京举行。美方政党、战略界、工商界以及中方有关部门、地方政府、智库、高校、民间机构代表参加。双方围绕“在变化的亚太和世界中探索新时代中美正确相处之道”主题进行坦诚、深入、建设性交流。   

中联部部长刘海星在主旨讲话中表示,一个稳定、健康、可持续发展的中美关系不仅符合两国人民利益,也是亚太和世界和平繁荣的重要保障。中美双方应秉持相互尊重、和平共处、合作共赢的原则,一道探索新时代两个大国正确相处之道,共同努力夯实中美建设性战略稳定关系的基础。   

美方代表表示,当前美中关系处于重要节点。双方应加强对话交流,拓展互利合作,推动美中关系长期稳定向好,为亚太和世界注入稳定预期和发展动力。(完)