တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထုန်ရှန်းမြို့ ဖူယွမ့်မြို့နယ် ဖက်ရှင်စင်တာ၌ ဝယ်ယူသူက သိုးမွေးဆွယ်တာအား လက်တွင် ကိုင်ဆောင်ပြီး မိမိက အဆိုပါဆွယ်တာဝတ်ဆင်သည့် ပုံစံကို AI မှန်ပေါ်၌ ကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထုန်ရှန်းမြို့ ဖူယွမ့်မြို့နယ် ဖက်ရှင်စင်တာ၌ ဝယ်ယူသူက သိုးမွေးဆွယ်တာအား လက်တွင် ကိုင်ဆောင်ပြီး မိမိက အဆိုပါဆွယ်တာဝတ်ဆင်သည့် ပုံစံကို AI မှန်ပေါ်၌ ကြည့်ရှုနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထုန်ရှန်း (ကျဲ့ကျန်း)၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ထုန်ရှန်းမြို့ ဖူယွမ့်မြို့နယ်သည် တရုတ်နိုင်ငံတွင် အကြီးဆုံး သိုးမွေးဆွယ်တာ စုစည်းဖြန့်ချိရာနေရာနှင့် နိုင်ငံတစ်ဝန်း သိုးမွေးချည်ထိုး အဝတ်အထည်များ ထုတ်လုပ်ရာ အခြေစိုက်စခန်းလည်း ဖြစ်သည်။

ယခုနှစ်တွင် ဒေသတွင်းက ဖူယွမ့် ဖက်ရှင်စင်တာ၌ “ဖူယွမ့်တွင် သွားလာခြင်း” ဟူသော ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ပလက်ဖောင်းကို စမ်းသပ်မိတ်ဆက်ခဲ့ပြီး AI အင်္ကျီစမ်းဝတ်သည့်မှန် ၁၁ ချပ် ထားရှိခဲ့ရာ ရောင်းချသူကုန်သည် ၂၀၀ နီးပါး၏ ရောင်းချဆဲကုန်ပစ္စည်းအားလုံးကို ပလက်ဖောင်း background နှင့် ချိတ်ဆက်ခဲ့သည်။

ဝယ်ယူသူက AI အင်္ကျီစမ်းဝတ်သည့်မှန်ရှေ့တွင် မှန်မျက်နှာပြင်အား အသာအယာ လက်ပြလိုက်ရုံဖြင့် သိုးမွေးဆွယ်တာပုံစံ၊ အရောင်နှင့် ချည်ထိုးပုံတို့ကို လျင်မြန်စွာ ရွေးချယ်နိုင်ပြီး ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ပုံရိပ်ယောင်ကို ၃၆၀ ဒီဂရီ အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်သည်။ ထို့ပြင် ကိုယ်တိုင် ဒီဇိုင်းနှင့် ရုပ်ပုံများ ရေးဆွဲပြီး သတ်မှတ်ထားသော တောင်းဆိုချက်ကို ပူးပေါင်းဆောင်ရွက်သည့် စက်ရုံသို့လည်း တိုက်ရိုက်ပေးပို့နိုင်သည်။

အဆိုပါ ဒစ်ဂျစ်တယ်ပလက်ဖောင်းသည် အွန်လိုင်းကုန်ပစ္စည်းရွေးချယ်မှုနှင့် အော့ဖ်လိုင်း လက်တွေ့ဈေးကွက်ကို ချိတ်ဆက်ပေးလျက်ရှိသည်။ တစ်ချိန်တည်းတွင် ပင်မကုန်ပစ္စည်း လာရောက်ဝယ်ယူသည့် ကုန်သည်နှင့် ရှုခင်းသာကြောင့် လာရောက်သော လက်လီဝယ်ယူသည့် ခရီးသွားများအတွက်လည်း ဝန်ဆောင်မှုပေးနိုင်သဖြင့် သမားရိုးကျ သိုးမွေးဆွယ်တာဈေးတွင် ကုန်ပစ္စည်းရှာရန် ခက်ခြင်း၊ ပစ္စည်းရွေးချယ်ရန်  ထိရောက်မှုနှုန်း နှေးကွေးခြင်း စသည့် လိုအပ်ချက်များကို ဖြေရှင်းပေးကာ ဖူယွမ့် သိုးမွေးဆွယ်တာလုပ်ငန်းအတွက် ဒစ်ဂျစ်တယ်ဖက်ရှင် တွန်းအားအသစ်များ ဖြည့်တင်းပေးလျက်ရှိပေသည်။ (Xinhua)

---------------------

(Chinese Version)

浙江桐乡:传统毛衫市场有了AI试衣镜

新华社照片,桐乡(浙江),2026年11月4日

浙江桐乡濮院镇是全国最大的羊毛衫集散中心和全国毛针织服装生产基地。今年,当地在濮院时尚中心试点推出“濮院行”数字化经营服务平台,设置了11台AI试衣镜,近200家商户的在售货品全部接入后台。顾客站在AI试衣镜前轻划镜面,即可快速挑选毛衫版型、颜色与织片,实时预览360度虚拟上身效果,还能自主设计款式、图案,定制需求可以直接发送给合作工厂。

这一数字化平台打通线上选品与线下实体市场,同时服务大宗采批客商与景区引流而来的零售游客,破解了传统毛衫市场找货难、选品效率低等痛点,为濮院毛衫产业注入数字时尚新动能。

图说1:11月4日,在浙江桐乡濮院时尚中心,顾客手持毛衫在AI试衣镜上查看本人穿上该款衣服的效果图。 新华社记者 徐昱 摄

图说2:11月4日,顾客在浙江桐乡濮院时尚中心的AI试衣镜“试穿“后,通过手机扫码查看服装的具体信息。新华社记者 徐昱 摄