ကျဲ့ကျန်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ တုန့်ထိုငါးဖမ်းဆိပ်ကမ်းတွင် ငါးဖမ်းရာသီချိန် ကျရောက်လာရာ လတ်လတ်ဆတ်ဆတ် ဖမ်းဆီးရမိလာသည့် ပင်လယ်ကဏန်းနှင့် ကင်းပုစွန်များကို မြို့ခံများနှင့် ခရီးသွားဧည့်သည်များက အပြိုင်အဆိုင်ဝယ်ယူလျက်ရှိသည်။ တံငါသည်များက ဖမ်းဆီးရမိသည့် ပင်လယ်စာများကို အမျိုးအစားခွဲ ကုန်ချ၍ ဆိပ်ကမ်းတွင်ပင် အရောင်းအဝယ်ပြုလုပ်ပြီး ပင်လယ်စာ၏ မူလအရသာ ထိန်းသိမ်းပေးထားသည်။ ငါးဖမ်းသင်္ဘောများ ဆိပ်ကမ်းသို့ပြန်ကပ်လာချိန်တွင် လတ်ဆတ်သောကုန်ပစ္စည်းများ အရောင်းသွက်နေပြီး ငါးဖမ်းဆိပ်ကမ်း၌ ပင်လယ်ကျွန်းဒေသ လူနေမှုဘဝ အငွေ့အသက်များဖြင့် ပြည့်နှက်လျက်ရှိပေသည်။ (Xinhua)