ရှီးဇန့်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မကြာသေးမီရက်တွင် တရုတ်နိုင်ငံ ယာလူဇန့်ပု မြစ်ဝှမ်းဒေသသို့ လည်ပင်းနက်ကြိုးကြာများ ပျံသန်းလာရောက် နားခိုခဲ့ကြရာ ဆောင်းဦးရာသီ နှောင်းပိုင်းကာလ ကုန်းမြင့်လွင်ပြင်တွင် သက်ဝင်လှုပ်ရှားသော ကဗျာဆန်သည့် အလှတရားကို ဖြည့်ဆည်းပေးခဲ့သည်။ လည်ပင်းနက်ကြိုးကြာသည် ကမ္ဘာပေါ်တွင် ကုန်းမြင့်လွင်ပြင်များ၌သာ ရှင်သန်ပေါက်ဖွားသည့် တစ်ခုတည်းသော ကြိုးကြာငှက်မျိုးစိတ်ဖြစ်ပြီး နိုင်ငံတော် ပထမအဆင့် အဓိကထိန်းသိမ်းကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်လည်း ဖြစ်သည်။

ဆည်းဆာရောင်ခြည်သည် သဲသောင်ပြင်ပေါ်သို့ ဖြည်းညင်းစွာ ဖြာကျလာရာ ကြိုးကြာငှက်တို့၏ အမွေးအတောင်လေးများအပေါ်သို့ နူးညံ့သော ရွှေရည်သုတ်လိမ်းပေးသကဲ့သို့ ရှိသည်။ ကြိုးကြာအုပ်စု၏ နှစ်စဉ်နှစ်တိုင်း ဆောင်းဦးရာသီတွင် လာရောက်ရွှေ့ပြောင်းကျက်စားခြင်းသည် ဤကုန်းမြင့်လွင်ပြင်၏ ဂေဟစနစ် စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်လာမှု၏ အကောင်းဆုံး မျက်မြင်သက်သေပင်ဖြစ်သည်။ (Xinhua)

...............................

(Chinese Version)

秋染高原 鹤栖江畔

【解说】近日,黑颈鹤陆续翩然栖落雅鲁藏布江河谷,为深秋的高原添上灵动诗意。黑颈鹤是全球唯一在高原生长、繁殖的鹤类,也是国家一级重点保护野生动物。落日铺洒,夕阳漫过河滩,为鹤羽镀上一层柔和的金边。鹤群年年踏秋迁徙,是高原生态持续向好的最佳见证。

新华社记者索朗德吉 西藏拉萨报道。(完)