
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
ကမ္ဘာဒီးယားနိုင်ငံက ၎င်း၏ အမျိုးသားအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဒီးယားနိုင်ငံ၏ အယုံကြည်ရဆုံး မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်သည်နှင့်အညီ ဆက်လက်၍ ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ ၄ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ၁၁ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသာ ကမ္ဘာဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဒီးယားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဆက်သွယ်ညှိနှိုင်းမှုများကို အားကောင်းစေရန်၊ ပြင်ပမှ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ကျော်လွှားရန်နှင့် နှစ်နိုင်ငံလုံး၏ ခေတ်မီတိုးတက်ရေး ကြိုးပမ်းမှုများကို ပိုမိုမြှင့်တင်ပေးရန် အသင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။
လာမည့်အဆင့်တွင် ပြုလုပ်မည့် အဆင့်မြင့် ကူးလူးဖလှယ်မှုများအတွက် ခိုင်မာသော ပြင်ဆင်မှုများ ပြုလုပ်ကြရန်၊ နှစ်နိုင်ငံစလုံး၏ ဘုံမဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးစင်္ကြံနှင့် ငါးနှင့် ဆန် စင်္ကြံတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ အခြေခံအဆောက်အအုံ၊ စိုက်ပျိုးရေးနှင့် အခြားနယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် နှစ်ဖက်စလုံးကို ဝမ်က တိုက်တွန်းပြောကြားခဲ့သည်။
နှစ်ဖက်စလုံးအနေဖြင့် ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများကို ပြင်းထန်စွာ နှိမ်နင်းမှုများအား ဆက်လက်လုပ်ဆောင်သွားရန်နှင့် ထိုကဲ့သို့သော ရာဇဝတ်မှုများ ပြန်လည်ပေါ်ပေါက်လာခြင်း မရှိစေရေး သေချာအောင်ဆောင်ရွက်ရန် ဝမ်က အလေးထားပြောကြားခဲ့ပြီး နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုပလက်ဖောင်းများတွင် ညှိနှိုင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်လည်း နှစ်ဖက်စလုံးအား တိုက်တွန်းခဲ့သည်။
Prak Sokhonn ကလည်း ကမ္ဘာဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအတွက် အလွတ်သဘော လက်ဖက်ရည်ဆွေးနွေးပွဲ ပြုလုပ်ရန် တရုတ်နိုင်ငံ၏ ဖိတ်ခေါ်မှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းဆွေးနွေးပွဲက ကမ္ဘာဒီးယား-ထိုင်း အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းရန် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ရပ်တည်ချက်ကို ဖော်ပြနေသည်။
LMC တွင် တရုတ်နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို ချီးကျူးပြောဆိုလျက် Prak Sokhonn က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အယုံကြည်ရဆုံး မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံ၏ ငြိမ်းချမ်းသော နိုင်ငံပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကြီးကို ထောက်ခံကြောင်းနှင့် မည်သည့်ပုံစံဖြင့်မဆို "ထိုင်ဝမ်သီးခြားခွဲထွက်ရေး" ကြိုးပမ်းမှုများကို ဆန့်ကျင်ကြောင်း Prak Sokhonn က ဖြည့်စွက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့် အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ နှစ်ဖက်အကြား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ချိတ်ဆက်ဆောင်ရွက်မှုအား ပိုမိုအားကောင်းစေရန်၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းသွားရန်၊ နှစ်နိုင်ငံအကြား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်တစိုက် မြှင့်တင်သွားရန် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်လိုသည်ဟုလည်း Prak Sokhonn က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
..........................................
(English Version)
China backs Cambodia on development path suited to its national conditions: top diplomat
BEIJING, Nov. 4 (Xinhua) -- China, as Cambodia's most reliable strategic anchor, will continue to firmly support Cambodia in pursuing a development path suited to its national conditions, Chinese Foreign Minister Wang Yi said on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks when meeting with Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn, who is in China for the 11th Lancang-Mekong Cooperation (LMC) Foreign Ministers' Meeting.
China stands ready to strengthen strategic communication with Cambodia, jointly meet external challenges and better promote each other's modernization drive, Wang said.
Wang called on both sides to make solid preparations for high-level exchanges in the next stage and safeguard the shared strategic interests of both countries, promote the development of the Industrial Development Corridor and the Fish and Rice Corridor and deepen pragmatic cooperation in infrastructure, agriculture and other fields.
Both sides should sustain a tough crackdown on telecom and online fraud and ensure such crimes never stage a comeback, Wang stressed, calling on both sides to step up coordination on multilateral platforms.
Prak Sokhonn said he appreciates China's invitation for the Cambodian and Thai foreign ministers to hold an informal tea talk, which embodies China's constructive position of settling the Cambodia-Thailand dispute through peace and dialogue.
Hailing China's important role in the LMC, Prak Sokhonn said China is Cambodia's most trusted partner, adding that Cambodia reaffirms its commitment to the one-China principle, supports China's great cause of peaceful national reunification, and opposes "Taiwan independence" in any form.
Cambodia is willing to work with China to deliver on the important consensus reached by the leaders of the two countries, strengthen alignment of development strategies between the two sides, keep up the crackdown on online gambling and telecom fraud crimes, and continuously elevate bilateral law enforcement and security cooperation, Prak Sokhonn said. ■
Photo caption: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn, who is here for the 11th Lancang-Mekong Cooperation (LMC) Foreign Ministers' Meeting, in Beijing, capital of China, Nov. 4, 2026. (Xinhua/Tian Yu)








